Eleven Media Group
ဇွန်လ
၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည်
မြစ်ကြီးနားမြို့တွင် ၁၁၁၂ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၂၄
နာရီအတွင်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာသို့
ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ
သိရှိရသည်။
ထို့အတူ ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ၁၂၀၃ စင်တီမီတာသို့ ရောက်ရှိနေပြီး လာမည့် ၄၈ နာရီအတွင်း ခန္တီးမြို့၏ စိုရိမ်ရေအမှတ် ၁၃၆၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား