|
မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့်
မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ
ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း
ဒေသခံများထံမှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ
ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ
စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး
နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက်
မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏
နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို
ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။
လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ
ပြောကြားပါသည်။
ညနေ ၃ နာရီ ၅၀ မိနစ်
ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသောသတင်းများအရ
မောင်တောမြို့နယ် ဗိုလ်မှုးရွာကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊
လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊
ဒေသခံများထံမှ သိရှိရသည်။
မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး
ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven
Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ
ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု
ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု
ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ
ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။
လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။
ညနေ ၄ နာရီ ၁၅ မိနစ်
ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ
ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း
သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော
ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။
"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း
လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး
၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ်
မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ
တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့
သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား
မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး
မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက
အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။
အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။
အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော
ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ ဖုန်းဖြင့်
ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။
ညနေ ၄ နာရီ ၃၀ မိနစ်
မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့များဖြင့်
အမြန်ဆုံးကာကွယ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏
Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားပါသည်။
ညနေ ၄ နာရီ ၄၀ မိနစ်
"ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။
ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို
ပြန်ပြီးတော့ အသစ်တဖန် ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး
အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရ
ပြင်းပြင်းထန်ထန်အရေးယူပေးပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန်
မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံနိုင်စရာ
မရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို
ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ
ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေး
လူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ ကိစ္စမို့လို့ ဘယ်လိုမှ
လက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့
အစိုးရအနေနဲ့ တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို
ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက
ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ
အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသား
အချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီး ရှိလာတယ်။ အဲလို
ရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့
ကျွန်တော်တို့အနေနဲ့ အရေးတကြီး လိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ
နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို
အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့ လိုပြီလို့ ကျွန်တော်
ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို
ညွှန်းနေတာ မဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာပေါင်းစုံရှိပါတယ်။
ဆိုလိုတာက အပြင်ကနေ ၀င်လာတဲ့သူတွေကို ကာကွယ်တားဆီးဖို့အတွက်
ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး
လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။
ညနေ ၄ နာရီ ၅၀ မိနစ်
မောင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ
မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး
ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို
ဝင်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော
ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း
သိရှိရသည်။
ညနေ ၅ နာရီ ၂၀ မိနစ်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော
မီးရှို့ဖျက်ဆီးမှုများနှင့်ပတ်သက်၍ ဇွန်လ ၈ ရက်နေ့(ယနေ့) ညနေပိုင်းက
သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား
မဟုတ်ကြောင်း၊ ပြည်ပမှ သွေးထိုးလှုပ်ဆော်မှုများရှိနေနိုင်ကြောင်း၊
ယခုကိစ္စသည် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနေကြောင်း၊
မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသော
ကိစ္စမဟုတ်ကြောင်း စသည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
ဦးကိုကိုကြီးက ရှင်းလင်းပြောကြားခဲ့သည်။
ညနေ ၅ နာရီ ၃၀ မိနစ်
မောင်တောမြို့တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး
ထိန်းသိမ်းနိုင်ရန် လုံထိန်းတပ်ဖွဲ့ကို ပစ်မိန့်ပေးလိုက်ပြီ ဖြစ်ကြောင်း
သိရသည်။
ညနေ ၅ နာရီ ၄၅ မိနစ်
လက်ရှိအချိန်တွင် မောင်တောမြို့နယ် ရပ်ကွက်များအတွင်း မငြိမ်သက်မှုများ
ဆက်လက်ဖြစ်ပေါ်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိပါသည်။
အင်အား ၂၀၀ ခန့်ဖြင့် အခြေအနေများကို ထိန်းနိုင်ရန် ကြိုးစား နေကြောင်း
စစ်တပ်ကို အကြောင်းကြားထားဆဲ ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက Eleven
Media Group သို့ ဖုန်းလိုင်းမှ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါသည်။
ညနေ ၆ နာရီ ၃၀ မိနစ်
ယခုလက်ရှိအခြေအနေတွင်
ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင်
ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀
ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက
ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ
ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ
အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊
အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ
သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက
ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ်
ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု
မရှိသေးကြောင်း သိရသည်။
ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ
ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ
မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ
ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း
မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင်
မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက
မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ
မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း
လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့
စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု
မရှိသေးကြောင်း သိရသည်။
ညနေ ၆ နာရီ ၃၅ မိနစ်
ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မောင်တော၊ ဘူးသီးတောင် အစရှိသော
မြို့များတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏
အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များသာမက
တပ်မတော်သားများပါ ပူးတွဲပါဝင်ကာ လုံလောက်သော အင်အားဖြင့်
ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook
စာမျက်နှာတွင် ယနေ့ ညနေ ၆:၃၅ နာရီတွင် ဖော်ပြရေးသားထားပါသည်။
ည ၇ နာရီ
မောင်တောမှ ရခိုင်တိုင်းရင်းသားတွေနေတဲ့ အိမ်တွေကို
မီးရှို့ဖျက်ဆီးနေတယ်လို့ ကျွန်တော်ကြားရတယ်။ ဒါနောက်ဆုံးအခြေအနေပေါ့နော်။
တစ်ဆက်တည်းပဲ အဲဒီဟာတွေနဲ့ ပတ်သတ်တဲ့ ကျွန်တော်သဘောထားတွေကို ပြောမယ်။
ကျွန်တော်တို့ အနေနဲ့က မနေ့တစ်နေ့က ဒီမှာ တစ်နေ့က ညနေထိ
အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့ ၅ ဖွဲ့နဲ့ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့
ကြေညာချက် ထုတ်ထားတယ်။ အစ္စလာမ် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေ နဲ့ကလည်း
ဒီလိုအကြမ်းဖက်မှုမျိုးကို လက်မခံဘူးပြောထားပြီးသား ဒီပြသာနာ
ဖြစ်လာတယ်ဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့တားထားပါရဲ့နဲ့ မောင်တောမှာ
ဒီပြသာနာဖြစ်လာတယ်။ မောင်တောလုံခြုံရေးကိစ္စကို မနေ့က ကျွန်တော်အစိုးရ
တာဝန်ရှိသူတွေ နဲ့ပြောထားပါတယ်။ အလားတူပဲ အခြားဒေသတွေရဲ့ လုံခြုံရေးကိုလည်း
ပြောထားပါတယ်။ အထူးသဖြင့် မောင်တောကို ကြားရတဲ့အတွက် တားထားပါတယ်။
အဲဒီတော့ ဒီလို ဖြစ်တယ်ဆိုတဲ့ကိစ္စပေါ်မှာ ရခိုင်တိုင်းရင်းသားတွေရဲ့
အသက်အိုးအိမ်စည် စိမ်တွေပေါ်မှာ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အကာအကွယ်
ပေးစေချင်ပါတယ်။ နှစ်ပတ်နှစ်အချက်က မင်းမဲ့စရိုက်ဆန်ဆန်ဒီလို
ကျူးလွန်တဲ့သူတွေကို ပြစ်မှုကျူး လွန်တဲ့သူတွေကို ပြတ်ပြတ်သားသား
ပြင်းပြင်းထန်ထန် အရေးယူ ပေးစေချင်ပါတယ်။ နောက်တစ်ချက်က
ရခိုင်တိုင်းရင်သားတွေ နေအိမ်တွေကို ပျက်ဆီးသွားတဲ့ အဆောက်အအုံတွေကို
မူလအတိုင်းပြန်ဖြစ်လာအောင် အစိုးရက ကြပ်မတ်ပြီး ဦးစီးဆောင်ရွက်
ပေးစေချင်ပါတယ်။ ဒါလက်ရှိသဘောထားပါ။
၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး
ည ၇ နာရီ ၇မိနစ်
အခု ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသား အစ္စလာမ်
ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာ မဟုတ်ဘူး။
ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင်ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ
မရိုးမသားလုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာသူတို့
ခံစားမှုကိုလည်း အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ကာလရှည်ကြာစွာ
ကျွန်တော်တို့ သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာ ပြဿနာပါ။ ၈၈
မျိုးဆက်ကျောင်းသားများအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို
ကြိုးစားနေတဲ့အခါမှာ အတက်နိုင်ဆုံး အငြင်းပွားစရာ ကိစ္စတွေ၊
မပြောမဖြစ်တဲ့ကိစ္စတွေကလွဲပြီး တော်တော်များများကို သည်းခံပြီး
ရှောင်ရှားနေခဲ့ပါတယ်။ အခုနေမှာတော့ ရိုဟင်ဂျာနဲ့ပတ်သတ်ပြီး အတိအလင်းပြော
ပါမယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့ တိုင်းရင်းသားမဟုတ်ပါဘူး။
အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်တောကိစ္စသည် နယ်စပ်ကနေ တရားမ၀င်
ဖြတ်ကျော်လာတဲ့ ၀င်ရောက်လာတဲ့ ရိုဟင်ဂျာများနဲ့
ပြည်ပသွေးထိုးလှုံဆော်မှုတွေပါ ပါနေတယ်လို့မြင်တယ်။ နိုင်ငံတကာ
နိုင်ငံကြီးတွေအနေနဲ့လည်းဘဲ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေ ပြဿနာကို
ကောင်းစွာနားလည်း သိကျွမ်းခြင်းမရှိဘဲနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီးတော့
ပြောဆိုနေကြတာတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို
တိုက်ရိုက်ထိခိုက်တယ်လို့ဘဲ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ မျိုးရိုးဗီဇအရရော
ယဉ်ကျေးမှုအရရော ဘာသာစကား ဓလေ့ထုံးတမ်းများအရရော ကျွန်တော်နိုင်ငံအတွင်းမှာ
နေထိုင်နေတဲ့ တိုင်းရင်းသားမျိုးနွယ်စုများနဲ့ လုံးဝပတ်သတ်ခြင်းမရှိပါ
ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာတွေကြောင့်မို့လို့
အကြိမ်ကြိမ်အခါခါ အစိုးရ အဆက်ဆက်ကနေပြီးတော့ နိုင်ငံတကာနဲ့
မျက်နှာမပျက်အောင် လိုက်လျောမှုတွေပြုခဲ့ပါတယ်။ အဲဒါဟာ လူသားချင်းစာနာမှု
ရှုထောင့်ကနေပြီးတော့ ဒုက္ခသည်များအဖြစ် ကျွန်တော်တို့ဘက်က လက်ခံခွင့်ပြု
ခဲ့ခြင်းသာဖြစ်ပါတယ်။
ဒီရိုဟင်ဂျာ ပြဿနာကို ဘယ်ကမှ လက်ခံမယ့် နိုင်ငံမရှိသလိုမျိုး
ဖြစ်နေတဲ့ ဒီဒုက္ခသည်တွေအနေနဲ့ လူသားချင်းစာနာမှုအရ
ကျွန်တော်တို့ကိုယ်ချင်စာပါတယ်။ ကျွန်တော်တို့လူမျိုးတွေရဲ့ သဘောကောင်းမှု
လိုက်လျောမှုကို နိုင်ငံကြီးတွေကနြေ့ပီးတော့ ဒီအားနည်းတဲ့နိုင်ငံက
လက်ခံရမယ်ဆိုပြီး ဖိအားပေးနေတာမျိုးကို ကျွန်တော်တို့ လက်ခံမှာမဟုတ်ပါဘူး။
ကျွန်တော်တို့ အချုပ်အခြာအာဏာကိစ္စကို ဘယ်နိုင်ငံတကာ ဘယ်နိုင်ငံကြီးကမှ
ဒီဟာတွေကို ကျွန်တော် တို့ လက်ခံရမယ်လို့ ဖိအားပေးလာပြီဆိုရင်
တပ်မတော်အင်အားစုနဲ့ အတူု ကျွန်တော်တို့ဒီမိုကရေစီအင်အားစုအားလုံးက
ဒါအမျိုးသားရေး ပြဿနာအနေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ အိမ်နီးခြင်းနိုင်ငံတွေနဲ့ ဆက်
စပ်နေတဲ့အားလျော်စွာ တရုတ်ရှိတယ်၊ အိန္ဒိယန်းလူမျိုး မျိုးနွယ်စုတွေရှိတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဘိုးဘွားဘီဘင် အဆက်ဆက်လာနေလို့
နိုင်ငံသားခံယူခွင့်ပြုထားတဲ့သူတွေလည်း အဲဒါဟာ နိုင်ငံသားခံယူခွင့်ပြုတယ်
ဆိုတဲ့ ကိစ္စ။ဒီင်္ဘဂါလီတွေပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ နိုင်ငံသားအဖြစ်
အသိအမှတ်ပြုခံထားရတဲ့ ပုဂိုလ်တွေကိုတော့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေး
နိုင်ငံသားတစ်ယောက်ရဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ကျွန်တော်တို့
အပြည့်အ၀လက်ခံမှာပါ။သို့သော် ဒါကို တိုင်းရင်းသားအဖြစ်နဲ့ လက်ခံရမယ်လို့
အတင်အကျပ် ဖိအားပေးလာတာမျိုးဆိုရင်တော့ သည်းခံမှာမဟုတ်ပါဘူး။
အမေရိကန်မှာ နိုင်ငံသားဖြစ်ဖို့အတွက် အင်္ဂလိပ် စကားကျွမ်းကျင်ဖို့အတွက်
အစစ်ဆေးခံရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့အတွက်
တိုင်းရင်းဘာသာစကား တက်ကျွမ်းဖို့လိုပါ တယ်။ မိရိုးဖလာ အစဉ်အဆက်
ဒီနိုင်ငံမှာ နေထိုင်ခဲ့တာဖြစ်တယ်။ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု
ထုံးတမ်းအစဉ်အလာတွေကို တီးမိခေါက်မိတယ် ဖြစ်တယ်ဆိုတာ
အမေရိကန်လိုနိုင်ငံမျိုးမှာတောင်မှ အင်တာဗျူး
စစ်ဆေးပြီးခွင့်ြ့ပုတာဖြစ်တယ်။ ဒါကိုဒီမှာလာပြီးတော့
ပေါက်လွတ်ပဲစားလာပြီးတော့ ဒါကို လက်ခံပေးရမယ်ဆိုပြီး ဖိအားပေးတာမျိုးကို
လုံးဝသည်းခံမှာ မဟုတ်ဘူး။ ရိုဟင်ဂျာပြဿနာသည် မူဆလင်ပြဿနာ မဟုတ်ဘူး။
အဲဒါကိုခွဲခြားပြီးတော့ ဖြေရှင်းဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံသား
မူဆလင်များ အစ္စလာမ်ဘာသာဝင်များ ချိတ်ဆက်ပြီး လုပ်နေတဲ့ ကိုယ်၌ကိုယ်က
သွေးရိုးသားရိုးမဟုတ်ဘူးလို့မြင်တယ်။ ဒီမှာဘိုးဘွားဘီဘင်နေလာလို့
ကျွန်တော်တို့ကသူတိုကို နိုင်ငံသားပြုမှုဆိုင်ရာ ဥပဒေအရ စိစစ်ပြီးတော့
ခွင့်ပြုရတဲ့သူတွေရှိပါတယ်။အဲဒါကို နိုင်ငံသားတစ်ယောက်ရဲ့
အခွင့်အရေးရပိုင်ခွင့် သူတာဝန်ယူရမယ့် နိုင်ငံသား တာဝန်ကို
နိုင်ငံသားအတိုင်း သူကျင့်ကြံဖို့လိုပါတယ်။ ဒုက္ခသည်တွေကို အတင်းအဓမ္မ
လက်ခံခိုင်းနေတဲ့ ကိစ္စကတော့ ကျွန်တော့တို့ အချုပ်အခြာအာဏာကို ထိခိုက်နေတယ်။
ထိပါးနေတယ်လို့ ပြတ် ပြတ်သားသား ပြောရပါလိမ့်မယ်။ ကျွန်တော်ထပ်ပြီး
ရှင်းရှင်းလင်းလင်း ပြောချင်တာက မောင်တောမှာနေတဲ့ အစ္စဘာသာဝင်တွေကို
နယ်စပ်ဖြတ်ကျော်ပြီး ၀င်လာတဲ့ င်္ဘဂါလီမူဆလင်တွေက ဖြတ်စီးနှိပ်စပ်ရင်လည်း
ကျွန်တော်တို့  နိုင်ငံသားတွေကို ကျူးလွန်တဲ့ပြစ်မှု အဖြစ်ပဲ သတ်မှတ်မယ်။
ရခိုင် ပြည်သူကိုလုပ်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ရှိမှာရှိပြီးသား
နိုင်ငံသား မူဆလင်တွေကို ထိခိုက်ရင်လည်း ကျွန်တော်တို့နိုင်ငံသားကို
ထိပါးတယ်လို့ သတ်မှတ်မယ်။
၈၈ မျိုးဆက်ကျောင်းသာခေါင်းဆောင် ဦးကိုကိုကြီး
|
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား