မြန်မာနိုင်ငံနှင့်
ပြန်လည်ဆက် ဆံရေးနှင့်စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Pamela Cox ၏ ကြေညာချက်အား ကမ္ဘာ့ဘဏ်မှ
ယနေ့ထုတ်ပြန်လိုက် ကြောင်း သိရသည်။
ထုတ်ပြန်ချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်အုပ်စုသည် မည်သည့် အခြေအနေ ရောက်နေသည် ကိုအသိပေးချင်ပါသည်။ ကျွန်မတို့ ၏ အစီအစဉ်များ ရှေ့တိုးဆောင် ရွက်နိုင်ရေး အတွက် ဘုတ် အဖွဲ့ဝင်များ နှင့် ရှယ်ယာရှင် များနှင့်ပါ နီးနီးကပ် ကပ်လုပ်ဆောင်လျက်ရှိနေပါသည်။
မြန်မာနိုင်ငံတွင် အဓိကဆင်းရဲ နွမ်းပါးသူများနှင့်
ဒုက္ခရောက်နေသူ များအား အကျိုးရှိစေရန်အတွက်
ပြု ပြင်ပြောင်း
လဲမှုများကို ထောက်ခံ အားပေးရေးအတွက်
မြန်မာနိုင်ငံ နှင့် ပြန်လည် ပတ်သက်လာရ သည်ကို
အများ အသိပင်ဖြစ်ပါသည်။ဇွန်လ
စောစောပိုင်းတွင် မြန်မာ နိုင်ငံတွင်
ရုံးခန်းဖွင့်လှစ်ပြီး မန်နေဂျာ တစ်ဦး
ခန့်ထားမည်ဖြစ်ပါသည်။ ထို့အပြင် ကိုယ်တိုင်လက်တွေ့
လေ့လာရေး ကျွန်မလည်း ဇွန်လအတွင်း
မြန်မာနိုင်ငံသို့ သွား ရောက်မည်
ဖြစ် ပါသည်။
ပုဂ္ဂလိက ကဏ္ဍ ICF ၏
ဒုတိယ ဥက္ကဋ္ဌနှင့်
အာမခံလုပ်ငန်း MIGA ၏ ဒုတိယဥက္ကဋ္ဌ
လည်း ပါဝင်မည်ဖြစ်
ပါသည်။ ဆယ်စုနှစ်
များစွာ ကမ္ဘာကြီးအား တံခါးပိတ်ထားသော
မြန်မာ နိုင်ငံအား
ကူညီသွား ရေးမှာ ကျွန်မ တို့၏ အခြေခံ
ရည်ရွယ်ချက် ဖြစ်ပါ သည်။ဒါကြောင့်
နိုင်ငံဖွံ့ဖြိုးရေး အတွက် စိန်ခေါ်မှုများကို ကိုင်တွယ်ကူညီရန် ကျွန်မတို့ ပြင်ဆင်နေပါပြီ။ မြန်မာ နိုင်ငံ ပြည်သူများ ရင်ဆိုင်နေရမှုကို နားလည်သိရှိထားရန်အတွက် စီးပွားရေး သုံးသပ်မှုဖြင့် အကူ အညီပေး နိုင်ပါသည်။ စိုက်ပျိုးရေး ကဏ္ဍနှင့် အငယ် စားနှင့် အလတ်စားလုပ်ငန်းများတွင် အလုပ်များ ဖန်တီးပေးနိုင်ရေး ကျွန်မတို့ လေ့လာနေပါသည်။ လယ်သမားများ ငွေကြေးအထောက်အပံ့ရပြီး ထွက် ကုန်တိုး မြှင့်နိုင်ရေး အတွက်လည်း စဉ်းစားထား ပါသည်။ ကမ္ဘာ့ဖွံ့ဖြိုးမှု အစီရင်ခံစာအရ အခြေအနေမတည် ငြိမ်သေးသော တိုင်းရင်းသား လူနည်းစု ဒေသများတွင် အခွင့်အလမ်းများ ရရှိ ရေးနည်း လမ်းရှာ ဖွေလုပ်ဆောင်နေပါ သည်။ထိုဒေသများ
တွင် ငြိမ်းချမ်းရေး
မျှော်လင့်ချက်များ တိုးမြှင့်ပြီး ဒေသခံ များအတွက် စီးပွားရေး အကျိုးအမြတ်
ရှိရန် အရေးကြီးကြောင်း
ထိုအစီရင် ခံစာတွင် ဖော်ပြထားသည်ကို
တွေ့ရ ပါသည်။
ကမ္ဘာ့ဘဏ် အုပ်စုသည် အလှူရှင် နိုင်ငံများ နှင့်လည်း
နီးနီး ကပ်ကပ်
လုပ်ဆောင်နေပြီး မြန်မာနိုင်ငံ၏ ကြွေးမြီများ နှင့်ပတ်သက်၍
လည်း အကောင်းဆုံးဖြစ်စေရန်
လုပ် ဆောင်နေကြပါသည်။
လူမှုအဖွဲ့ အစည်းများနှင့်လည်း ၎င်းတို့၏
အရေးကြီးလုပ်ဆောင်နေမှု များတွင် ဒွိဟ
ကင်း ရေး
နှင့် တာဝန်ခံမှုရှိရေး
အတွက် တိုက်တွန်းပါသည်။မြန်မာ
နိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လိုသူများအတွက်လည်း
အခြေအနေ ဖန်တီးပေးနိုင်မှုကို ကမ္ဘာ့ဘဏ်မှ
သုံးသပ် နေပါသည်။ ပြုပြင်ပြောင်းလဲမှု
များသည် အခြေမခိုင်သေးကြောင်း ကျွန်မတို့
သတိပြုမိပြီး ပြုပြင်ပြောင်း လဲမှုများ
ရေရှည် ခိုင်မြဲလာ
သည့် အချက်ပေါ်
မူတည်၍ ကျွန်မတို့
ပတ်သက်နေမှု အရှိန်လည်း တိုးမြှင့်
မည်ဖြစ်ပါသည်။ထုတ်ပြန်ချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်အုပ်စုသည် မည်သည့် အခြေအနေ ရောက်နေသည် ကိုအသိပေးချင်ပါသည်။ ကျွန်မတို့ ၏ အစီအစဉ်များ ရှေ့တိုးဆောင် ရွက်နိုင်ရေး အတွက် ဘုတ် အဖွဲ့ဝင်များ နှင့် ရှယ်ယာရှင် များနှင့်ပါ နီးနီးကပ် ကပ်လုပ်ဆောင်လျက်ရှိနေပါသည်။
ရန်ကုန်တိုင်းဒေသကြီး ၏သာမန် ငွေလုံးငွေရင်း နှင့် ကြွေးမြီ စာရင်း တို့တွင် လိုငွေ ကျပ် ၃၉ ဘီလီယံကျော်ရှိ
ရေးသားသူ - ဝေမာသိမ့် နေရာ
- ရန်ကုန် ရက်စွဲ - April 26, 2012
ရန်ကုန်တိုင်းဒေသကြီး ၏သာမန်၊ငွေလုံးငွေရင်းနှင့်ကြွေးမြီ စာရင်းတို့တွင်လိုငွေကျပ် ၃၉ဘီ
လီယံ ကျော်ရှိပြီး ချေးငွေကျပ်၂၅ ဘီ
လီယံကျော်ရှိကာကျပ်၁၄ဘီလီယံ
ကျော်အားပြည်ထောင်စုအစိုးရမှ
ထောက်ပံ့ ပေးခဲ့ရကြောင်းရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ကဧပြီ (၂၅)ရက်နေ့ကအထူးလွှတ်တော် အစည်းအဝေး အပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
'' ဒီနှစ်မှာလိုငွေ ၃၉ဘီ လီယံရှိတယ်။၁၄ဘီလီယံက ပြည်ထောင်စု ကပေးမယ်။၂၅ဘီလီယံက ပြည်ထောင်စု ကချေးပေးမယ်။ ချေးငွေကတော့ အတိုးတော့ရှိတယ် ရာခိုင်နှုန်းနည်း ပါတယ်။ ဘယ် အချိန်မှာ ပြန်ဆပ် ရမယ်ဆို တာတော့ တိုင်းမ် လစ်မစ် မရှိပါဘူး။ကျွန်တော်တို့ သိရ သလောက်တော့ ချေးငွေတွေမဆပ် နိုင်လို့ အားလုံး ထောက်ပံ့ပေး တာမျိုးတော့ မရှိပါဘူး။ ပြန်တော့ ဆပ်ရမယ်''ဟု
ရန်ကုန်တိုင်း
ဒေသကြီးဝန် ကြီးချုပ်ဦးမြင့်ဆွေကပြောကြား သည်။၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ၏ရသုံးမှန်းချေငွေစာရင်းအနေဖြင့် ငွေလုံးငွေရင်းစာရင်းတွင်လိုငွေကျပ် ၃၇.၆၇၂ဘီလီယံနှင့်ကြွေးမြီစာရင်း တွင်ကျပ်ဝ.၆၅၂ ဘီလီယံ တို့ဖြစ်၍ ပြုပြင် ပြောင်းလဲမှု မရှိကြောင်း၊သာ မန် အသုံး စရိတ်တွင် နိုင်ငံဝန်ထမ်း များအပိုထောက်ပံ့ ကြေးကျပ်သုံး သောင်းနှင့်ဝေးလံခေါင်သီဒေသဖြစ် သောကိုးကိုးကျွန်းမြို့နယ်ရှိဝန်ထမ်း များအတွက် ဒေသစရိတ် နှင့် အပို ထောက်ပံ့ ကြေးပေး နိုင်ရန်အတွက် သာမန်အသုံး စရိတ်ကျပ် ၆.၈၀၂ဘီ လီယံ ကုန်ကျမည် ဖြစ်သည့်အတွက် သာမန်အသုံး စရိတ်တွင် လိုငွေကျပ် ၁.၄၀၂ဘီ လီယံ သို့ ပြောင်းလဲသွား သဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင်ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးမှန်းချေး ငွေစာရင်း တွင်လိုငွေမှာ ၃၉.၇၂၆ ဘီလီယံ သို့ပြောင်းလဲသွားကြောင်း ၊ ထို့ကြောင့်၎င်းလိုငွေ အား ပြည်ထောင်စုမှ ကျပ်၁၄.၆၃၈ ဘီလီယံ အား ထောက်ပံ့ ငွေရရှိပြီး ကျပ် ၂၅.၀၈၈ ဘီလီယံအား ချေးယူ ရငွေ အဖြစ်ပြည်ထောင်စုမှ ရရှိမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ် ကလွှတ်တော် အထူး အစည်း အဝေး ပထမနေ့တွင် ရှင်းလင်းတင် ပြသွားခဲ့သည်။၂၀၁၂ခုနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် သာမန်စာရင်း၊ ငွေလုံးငွေရင်း စာရင်းနှင့် ကြွေးမြီစာရင်း တို့တွင်လိုငွေမှာကျပ် ၃၂.၉၂၄ဘီလီယံဖြစ်ပါတယ်။လိုငွေ မှ
၁၀.၈၂ရ ဘီလီယံ
ပြည်ထောင်စု မှ ထောက်ပံ့ငွေ ရရှိ၍ ကျပ်၂၂.၀၉ရ ဘီလီယံမှာ ပြည်ထောင်စု မှချေးယူ ရငွေ
အဖြစ်ရရှိမှာ ဖြစ်ပါတယ်''ဟု
ရန်ကုန်တိုင်း
ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန
ဝန်ကြီး ဒေါ်စန်းစန်းနွယ်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူး
အစည်း အဝေး တွင်
ပြောကြား သွားခဲ့သည်။တတိယ ပုံမှန်အစည်း အဝေးတွင် အတည်ပြုခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်၏အရ အသုံး ဆိုင်ရာ ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေ ရသုံးမှန်းချေ ငွေစာရင်းဥပဒေကြမ်း မှစာမျက်နှာ-၁၊၂၊၃အား ပြင်ဆင်ပြောင်းလဲခြင်းမရှိပဲ စာမျက်
နှာ-၄မှ၁၂ထိ၊ဇယား(၁)မှဇယား(၆)
အထိအား ပြင်ဆင်သည့် ဥပဒေကြမ်း အား
၂၀၁၂ခုနှစ်ဘဏ္ဍာ
ငွေအရအ သုံးဆိုင်ရာဥပဒေပြင်ဆင်သည့်ဥပဒေ ကြမ်းအား အတည်ပြုပေးပါရန် လွှတ်တော်သို့တင်ပြခဲ့ပြီ လွှတ်တော် က
အထူး အစည်း အဝေး
ဒုတိယနေ့ တွင် အတည်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံတွင်ရင်းနှီး မြှုပ်နှံမှုများ
အရှိန်အဟုန်မြင့်
ဆောင်ရွက်
နိုင်ရန်အတွက်
အာဆီယံထိပ်တန်း
စီးပွားရေး
လုပ်ငန်းရှင်များ(Asean Business Club )မှ မြန်မာနိုင်ငံသို့ ပထမဆုံး
အကြိမ်လာရောက်
မည်ဖြစ်ကြောင်းသိရသည်။
အာဆီယံနိုင်ငံများမှ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ၃ဝ ကျော်ပါဝင်သောအဆိုပါအဖွဲ့ သည် ဖေဖော်ဝါရီ၆ရက် တွင်မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ် ပြီးမြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်၊ မြန်မာနိုင်ငံကုန်သည် ကြီးများ နှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ များ အပါအဝင်ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အာဆီယံ စီးပွားရေးလုပ်ငန်းစုကနေပြီး တော့ပါဝင်လုပ်ဆောင်နိုင်ဖို့အတွက် လာတာပါ။ ကျွန်တော်တို့အဖွဲ့ထဲမှာတော့ အာဆီယံ၁ဝနိုင်ငံကထိပ် တန်း စီးပွားရေး လုပ်ငန်းရှင် ၃ဝကျော် လောက်ပါမယ်'' ဟု အဆိုပါစီးပွား ရေးလုပ်ငန်းစု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် CIMB ASEAN RESEARCH INSTITUTE မှ Chief Executive Officer John Pang ကပြောသည်။ ယင်း အာဆီယံ စီးပွား ရေးလုပ်ငန်းစု အနေဖြင့် ဖေဖော်ဝါရီ ၆ ရက်နေ့လည် ၁ နာရီတွင် UMFCCI မှတာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး နေလည် ၃ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မည်ဖြစ်ကာ ဖေဖော်ဝါရီ ၇ ရက် တွင် မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင်နှင့် တွေ့ဆုံပြီး နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ ဥပဒေ များနှင့် နိုင်ငံတကာရင်းနှီး မြှပ်နှံမှုများ ကိုအလေးထား ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
''အခုမြန်မာနိုင်ငံစီးပွား ရေးလုပ်ငန်းတွေပွင့်လင်းလာပြီ ဆိုတော့အမေရိကန်နဲ့အီးယူနိုင်ငံ တွေကလာပြီးတော့ရင်းနှီးမြှပ်နှံမှု တွေမလုပ်ခင်မှာအာဆီယံဒေသ တွင်းနိုင်ငံအချင်းချင်းစီးပွားရေးလုပ် ငန်းတွေတွဲဖက်လုပ်ကိုင်နိုင်ဖို့အ တွက် အရင်ဦးဆုံး ဝင်လာတဲ့သဘော ပါ '' ဟု Ever Flow River ကုမ္ပဏီမှ ဥက္ကဋ္ဌဦးကျော်နိုင်ဦး ကပြောသည်။
''Asean Business Club စီးပွားရေး လုပ်ငန်းစု ကအာဆီယံမှာတော့ ထိပ်တန်းစီးပွား ရေးလုပ်ငန်းရှင်တွေကြီးဖွဲ့စည်းထား တဲ့အဖွဲ့အစည်းတစ်ခုပဲ။သူတို့သာ ဝင်လာရင်လည်း ဒေသတွင်းစီးပွား ရေးလုပ်ငန်း တွေကအများကြီးဖွံ့ ဖြိုးလာ နိုင်မယ်။ သူတို့ဆီမှာကဏ္ဍ အစုံက လုပ်ငန်းရှင်တွေပါဝင်တဲ့ အတွက်မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ အစုံမှာ လည်းဖွံ့ဖြိုးလာနိုင် မယ်'' ဟု ပြည်တွင်းထိပ်တန်း စီးပွား ရေးလုပ်ငန်းရှင်ကြီးတစ်ဦးကပြော သည်။
Asean Business Club စီးပွားရေးလုပ်ငန်းစုနှင့်အတူ အာဆီယံဒေသတွင်းမှာယင်းနှင့်ပတ်သတ်သည့် မီဒီယာများနှင့်သတင်း ဌာနများ ပါလိုက်ပါလာမည်ဖြစ် ကြောင်းသိရသည်။

မြန်မာ့စီးပွားရေး နှင်းခဲပျော်ချိန်
ရေးသားသူ
- မှူးဇော်
နေရာ
- ရန်ကုန်
ရက်စွဲ
- April 28, 2012
ဝါရှင်တန် နံနက်ခင်းအိပ်မက်
တစ်နေ့သော နံနက်ခင်း၌ ဟီလာရီကလင်တန်သည် နံနက်အိပ်ရာထ ဆေးကြော သုတ်သင်ပြီး အိမ်ရှေ့မြက်ခင်းပြင်ပေါ်ရှိ စားပွဲဝိုင်းတွင် ထိုင်ချလိုက်သည်။ ယခုလို အပူအပင်မရှိ အိပ်ရာမှနိုးထ၍ စိတ်ဖိစီး မှုများမရှိဘဲ နေရသည်မှာ သက် သောင့် သက်သာရှိလှသည်။ ယခုအခါ ဟီလာရီကလင်တန် သည် ဆီနိတ်တာဟောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘဝဖြင့် မိသားစုဘဝကို အေးချမ်း စွာဖြတ်သန်း နေသောအချိန်ဖြစ်သည်။ စားပွဲပေါ်တွင် အသင့်တင်ထား သော လိမ္မော်သီး ဖျော်ရည်ကို တစ်ငုံသောက်သုံး လိုက်သည်။ ယင်းလိမ္မော်သီး ဖျော်ရည်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အောင်ပန်းမြို့မှ အမေရိကန်နိုင်ငံသို့ တင်ပို့လိုက်ခြင်းဖြစ်ကြောင်း ဟီလာရီ အနေဖြင့် သတိပြုမိလိုက်သည်။ ယင်းနောက် စားပွဲ ပေါ်တင်ထား သော ဝါရှင်တန်ပို့စ် သတင်းစာကို ကောက်ယူ
လိုက်ရာ မြန်မာ နိုင်ငံ၌ ဂျီ-၂ဝထိပ်သီး အစည်းအဝေးကျင်းပနေသည့် ဝမ်းမြောက်ဖွယ်ရာခေါင်းကြီး သတင်းတစ်ပုဒ်ကို ဖတ်ရှုလိုက် ရသည်။
သူမ၏ စိတ်အာရုံ များ မြန်မာနိုင်ငံသို့ ရောက်ရှိ သွားသည်။ ဒီမိုကရေစီ သူရဲကောင်း ဖြစ်သော
ဒေါ်အောင်ဆန်းစုကြည်၊ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီးဖြစ်သော သမ္မတ ဦးသိန်းစိန် တို့ ကို သူမသတိရ
လိုက်မိ သည်။ မြန်မာနိုင်ငံ ကို ယခုလို
အေးအေး ချမ်းချမ်း အချိန်
တွင် တစ်ခါတစ်ခေါက် အရောက်ပြန်သွား ချင်စိတ်များ ချက်ချင်း ဖြစ်ပေါ်လာသည်။ ယခုဆိုလျှင် သူမရောက်ခဲ့ဖူး သော နေပြည်တော်နှင့် ရန်ကုန် မြို့
ကြီး များမှာ အတော်ပင်ပြောင်း လဲနေရော့မည်။ အေးချမ်း မှုများခံစား ခဲ့ရသည့် ရွှေတိဂုံ စေတီတော်မြတ်ကြီး ကိုလည်း
စိတ်အာရုံတွင် အထင်အရှား ပြန်လည်
မြင်ယောင်ကြည်ညိုမိသည်။
အထက် ဖော်ပြပါမြင်ကွင်းသည် စာရေးသူအနေဖြင့် နောင်လာမည့် ၂၀၂၀ အချိန်တွင် ဖြစ်ပေါ်လာစေ လိုသည့် စိတ်ကူးယဉ်အိပ်မက်တစ်ခုကို ပုံဖော်ရေး သားလိုက်ရခြင်းဖြစ်သည်။ ယင်းစိတ်ကူးထဲ၌ မြန်မာနိုင်ငံ သည် ဂျီ-၂၀ အဖွဲ့ဝင် နိုင်ငံ အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဖြစ်ချင်သော၊ ဖြစ်လိုသော ဆန္ဒများ လွန်ကဲသည်ဆိုစေ ကာမူ အမှန်တကယ်ပင် ယင်းအဆင့်သို့ ခုန်ပျံကျော်လွှား၍ ရောက်ချင် သည်မှာ လည်း အမှန်ပင်ဖြစ်သည်။
ခေတ်သစ်မြန်မာ
ကြားဖြတ်
ရွေးကောက်ပွဲများ၏ ကျင်းပမှု၊ ရလဒ်
စသည်တို့အပေါ်အခြေပြု၍ အမေရိကန် ပြည်ထောင်စ
နှင့် ဥရောပသမဂ္ဂ
တို့ဘက်မှ ပိတ်ဆို့မှုဖြေလျှော့ လာခြင်းတို့ကြောင့်
မင်္ဂလာရှိသော နှစ်သစ်ဟု ဆိုနိုင် သည်။ ရွေးကောက်ပွဲနှင့်
စပ်လျဉ်း၍ အခြေအနေ ဖန်တီးနိုင်ခွင့်
များဆုပ်ကိုင် ထားသော နိုင်ငံတော် သမ္မတ ကြီးဦးသိန်းစိန်အစိုးရသည်
Refree Role ကိုယူကာ ဆောင်ရွက်ခဲ့ခြင်း
သည် တစ်ကမ္ဘာလုံး
အံ့အား သင့်သွားစေခဲ့သော
အပြောင်း အလဲဟုဆိုက မမှားပေ။
မြန်မာနိုင်ငံသည် နှစ်သစ်အချိန် အခါတွင် မင်္ဂလာရှိသော
ခေတ်သစ်တစ်ရပ်သို့ ရောက်ရှိလာပြီ။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ
လူရာဝင်လာပြီ ဟူသောအခြေ အနေသစ်ကို တစ်မုဟုတ်ချင်း ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။
သံတမန် တစ်ဦးက နိုင်ငံတော်သမ္မတကြီးအပေါ် အံ့အားသင့်စွာဖြင့် မှတ်ချက်ချသည်၊ Player Maker for Amazing Change ဟူ၍ဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်၏ နိုင်ငံရေး ရွှေ့ကွက်များမှာ ပြိုင်ဘက်များ မည်သို့မျှ မျှော်လင့် မထားသော ကစားကွက်များ ဖြစ်၍ စစ်တုရင် ချန်ပီယံဂရင်း မာစတာ တစ်ဦး သဖွယ် တင်စား၍ ပြောကြား သွားသည်။ ဤသည်မှာ ပြုပြင်ပြောင်းလဲမှုတို့ အပေါ် ထိုက်ထိုက် တန်တန် တုံ့ပြန်ခြင်းဟု ဆိုနိုင်သော်လည်း ယင်းပြုပြင်ပြောင်း လဲမှုများ လုပ်ဆောင်နိုင်စေခဲ့ သော နောက်ကွယ်မှ အကြောင်းတရား များကိုရှာပုံတော် ခရီးဖွင့်ခြင်းက ပိုမိုစိတ်ဝင်စား ဖွယ်ရာကောင်း မည်ထင်သည်။

ကမ္ဘာတစ်ဝန်းလုံး
မှ မြန်မာနိုင်ငံကို
ကောင်းချီးပေးမှုများကြောင့်လည်း မြန်မာ့နှစ်သစ်ကူး အခါသမယက ပိုမိုအေးချမ်းခဲ့သော
သဘောကို ဆောင်ခဲ့ပြီး အတိတ်ကောင်း၊
နိမိတ်ကောင်းများနှင့် မြန်မာ့အနာဂတ် ဝင်းလက်တောက်ပ နေခဲ့သည်။ သို့နှင့်တိုင် ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့ကလည်း မြန်မာနိုင်ငံ အပေါ်
ပိတ်ဆို့အရေးယူမှုများ လျှော့ပေါ့ခြင်းမပြုသေးရန်၊ နောက်ကြောင်း ပြန်မလှည့်တော့ ဟူ၍ စိတ်ဒုံးဒုံး ချနိုင်သည့်အချိန်ကို စောင့်ဆိုင်းကြရန် ထုတ်ဖော် တိုက်တွန်းသည်များလည်း တွေ့ရှိရသဖြင့် မြန်မာကို နေရာမပေးချင်ကြသော စိတ်မနောများကို မြင်ခဲ့ရသည်။ အချို့ကလည်း နိုင်ငံတော် သမ္မတကြီး အကျပ် တွေ့စေနိုင်သော ပြဿနာမီးပွားစများကို လိုက်လံရှာဖွေကာ အစဆွဲ ထုတ်လာ
ကြသည်။
Mission Impossible
မြန်မာနိုင်ငံနှင့်
မြန်မာပြည်သူများအနေဖြင့်
ကျန်ကမ္ဘာ့နိုင်ငံများနည်းတူ၊
ဒေသတွင်းနိုင်ငံများနည်းတူ
အမေရိကန်ခရက်ဒစ် ကတ်များ ကိုင်ဆောင်၍ အမေရိကန်လုပ် မော်တော်ကားများ မောင်းနှင်၍ မြန်မာနိုင်ငံမှ ထွက်ရှိသော ငှက်ပျောသီး၊ သရက်သီး စသည်တို့ကို နယူးယောက်ရှိ ရှော့ပင်းမောလ်အထိ တင်ပို့ရောင်းချနိုင်သော အခွင့်အရေးများ မရှိရတော့ဘူးလား။ နည်းပညာအဆင့် မြင့်မားသော
အမေရိကန် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ၊
စက်ရုံများ မြန်မာ့မြေ ပေါ်ခြေချခွင့်မရအောင်ပင်
မြန်မာနိုင်ငံက ဆိုးရွား နေပါသည်လား။
ကျောက်ဆည် မှထွက်ရှိသော စိန်တစ်လုံးသရက်သီးများ
အမေရိကန်ဝါရှင်တန် ဈေးကွက်သို့ တင်ပို့ရောင်းချ
နိုင်ရေးသည် မြန်မာပြည်သူများအတွက် Misssion
Impossible ဖြစ်နေပါသလား။ ပိတ်ဆို့အရေးယူ မှုများကြားမှ ယနေ့မြန်မာနိုင်ငံသည်
လက်ရှိ မှတ်တိုင်အထိ
ခရီးပေါက်အောင် လျှောက်လှမ်းခဲ့ရသည်မှာ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ ပါသနည်း။
နောက်ကြောင်း ပြန်မလှည့်ကြေးဟူ၍ ကြွေးကြော်
ကြေညာထားသော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏
Message က
ရှင်းနေသည်။ နားလည်ရ ခက်ခဲအောင်လည်း
ကွေ့ပတ်သွယ်ဝိုက်ပြီး ပြောကြား ထားခြင်း
လည်း မဟုတ်။
မြန်မာ့
နှစ်သစ်ကူး မတိုင်မီမှာပင် ကရင်အမျိုးသား
အဖွဲ့ချုပ်နှင့် ရွှေလမ်း ငွေလမ်းခင်း
ခဲ့ကြသည့်မြင်ကွင်းသည် စိတ်နှလုံး ချမ်းသာရုံသာမက နောင်အနာဂတ်
အတွက်ပါ မျှော်တွေး၍ ကြည်နူးဖွယ်
အတိ ဖြစ်ခဲ့ရသည်။
တရုတ်ကဲ့သို့ ကမ္ဘာ့နံပါတ် (၂) စီးပွားရေး နိုင်ငံကြီး
သည်ပင်လျှင် လက်ရှိ အချိန်အထိ နိုင်ငံတကာ ထောက်ပံ့
ကူညီမှုများ ကိုရရှိခံစားလျက်ရှိနေရာ မြန်မာ
နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ ထောက်ပံ့ကူညီမှုများကို
တန်းတူ ရည်တူ
မရရှိခြင်း သည် ရင်နာဖွယ်ရာ ဖြစ်သည်။ အာဆီယံ
နိုင်ငံများ အနက် နိုင်ငံတကာ
ထောက်ပံ့ကူညီမှု အနည်းဆုံးရရှိနေသည့် နိုင်ငံသည် အခြား
မဟုတ်။ စာရေးသူတို့နေထိုင်သည့် အမိမြန်မာနိုင်ငံပင်ဖြစ်နေသည်။
နိုင်ငံရေး ပါတီ အချို့ ကလည်း ပြည်ပမှ
အဖွဲ့အစည်းအချို့ကို သံယောင် လိုက်၍
ပိတ်ဆို့မှုများရုပ်သိမ်းရန် အချိန် မတန်သေး
ဟူသောရပ်တည်ချက်မျိုး ရပ်တည်လိုသည့် အရိပ်အယောင်များ တွေ့မြင်ရ၍
စိတ်မကောင်း ခြင်းကြီးစွာ ဖြစ်ရသည်။
နိုင်ငံရေး ပါတီများ ချမှတ်ထားသော
မူဝါဒများ၊ လမ်းစဉ်များကို ပြန်လည်
တိုက်ဆိုင်စစ်ဆေးပြီးမှ ယင်းသို့ရပ်တည်ကြရန် မေတ္တာရပ်ခံလိုသည်။ အခြားသော
နိုင်ငံများအတွက် ရေသောက်သလို အလွယ်တကူရရှိနေသော
အခွင့် အရေးများ
မည်သည့် အတွက်ကြောင့် မြန်မာနိုင်ငံ၌
ခက်ခဲနေရပါသနည်း။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး
စသည်တို့ကို နှုတ်မှတဖွဖွ ကြွေးကြော်နေသော်
လည်းယင်းသို့ပိတ်ပင် နေကြခြင်းသည် နိုင်ငံသားများ၏
အခွင့်အရေး ကို ပိတ်ဆို့ရာ ရောက်ရှိ နေသည်
ကို သတိပြုကြ
စေလိုသည်။
နောက်ကြောင်း ပြန်ခြင်း၊ မပြန်ခြင်း
ရန်ဘက်နိုင်ငံများအားလုံးနှင့်
လက်သီးဆုပ်များ ဖြေချ၍ ဒိုင်ယာလော့ကို
ဦးတည်ဆောင်ရွက်မည် ဟူသော အိုဘားမားအစိုးရသစ်၏
နိုင်ငံခြားရေး မူဝါဒသစ်သည် မြန်မာနိုင်ငံအတွက်
မှန်ကန်ခဲ့ ပြီဖြစ်သည်။ အိုဘားမား
အစိုးရ၏ လက်တွေ့ ကျပြီး မှန်ကန်သောမူဝါဒသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း
လဲမှုများအတွက် တစ်တပ်တစ်အား အထောက်အကူ
ဖြစ်စေခဲ့သည်။ ပိတ်ဆို့မှုနှင့် ဒဏ်ခတ်မှု
ဒွန်တွဲလျက် လိုအပ်သလို အလျှော့အတင်းပြုလုပ်သည့်
နှစ်လမ်းသွားမူဝါဒသည် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကြောင့် ပိုမိုဂုဏ်သိက္ခာတက်ခဲ့ပြီ ဖြစ်သည်။ အိုဘားမား
အနေဖြင့် အဓိကလိုအပ်ချက်မှာ မြန်မာနိုင်ငံ
နောက် ကြောင်း
မပြန်တော့ဟူသော အာမခံချက် ဖြစ်သည်။
သို့သော် ခက်နေသည်က အမေရိကန်ရှိ ဒီမိုကရေစီလော်ဘီအချို့က နောက်ကြောင်း ပြန်နိုင်သေးသည်ဟု တွင်တွင် ပြောကြားနေသည်။ သို့မှသာ သူတို့အဖွဲ့အစည်းကလေးများအတွက် ရန်ပုံငွေများ ရရှိနိုင်မည် မဟုတ်လော။ ပြည်တွင်းရှိ နိုင်ငံရေးပါတီအချို့၊ အဖွဲ့အစည်း အချို့ကလည်း နောက်ကြောင်း ပြန်နိုင်သေးသဖြင့် နောက်ကြောင်းမပြန်ဟု အာမခံနိုင်သည့်အနေအထားရောက်မှ ဘဏ္ဍာရေး လွှဲပြောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ထားခြင်းများကိုဖွင့်ပေးရန် တောင်း ဆိုကြသည်။ သူတို့ကတော့ တစ်မျိုး၊ ထောက်ပံ့ကြေးရလို၍မဟုတ်၊ သူတို့ ပါတီ အများစုအနိုင်ရရှိပြီး သူတို့ပါတီမှ အစိုးရဖွဲ့နိုင် သည့်အချိန်အထိ စောင့်စေ လိုသောသဘောဖြစ်သည်။ သူတို့ပါတီ အာဏာမရမချင်း အမေရိကန် ကွန်ဂရက် နှင့် အစိုးရဘက်က မြန်မာနိုင်ငံကို ဆက်လက်ပိတ်ဆို့ထားရန်ဖြစ်သည်။ ကြားထဲ က နစ်နာရမည်မှာ နိုင်ငံနှင့် ပြည်သူများသာဖြစ်ကြသည်။

ယင်းတို့၏
သဘောမှာ အစိုးရဘက်မှ အတိတ်ကလိုအနေအထားမျိုး
ပြန် လည်ရောက်ရှိစေလိုသည်။
သူတို့တောင်း ဆိုခဲ့သော ဒီမိုကရေစီအရေး၊
လူ့အခွင့် အရေး စသည်တို့ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တစ်ဆင့်ချင်းတစ်ဆင့်
ချင်းအကောင် အထည်ဖော်နေသည်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပို၍ပို၍
ပွင့်လင်း လာပြီး ပို၍ပို၍လွတ်လပ်လာသည်။
သို့သော် အရမ်းကာရောဖွင့်ပေးခြင်း မဟုတ်ဘဲ
ဥပဒေများ ဖြင့်ခိုင်ခိုင်မာမာ အုတ်မြစ်ချပြီး
ဖွင့်ပေးနေခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် သမ္မတကြီး ဦးသိန်းစိန်
ဖော်ဆောင်နေသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
လမ်းစဉ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊
ရွေးကောက်ပွဲ၊ ဥပဒေများဖြင့် စနစ်တကျကူးပြောင်းနေခြင်းဖြစ်ပြီး
စိတ်ထင်ရာ လျှောက်လုပ် နေခြင်းမဟုတ်။
လွတ်လွပ်ခွင့်ရှိသည်။ သို့သော် ဥပဒေအရ
ခိုင်မာမှုရှိရမည်ဟူ သော သဘောတရား
မျိုးဖြစ်သည်။ ဤမော်ဒယ်သည် နိုင်ငံတကာ
လေ့လာသူများ အတွက် အထူးအဆန်း ဖြစ်နေသလို သုတေသနပြုစရာလည်းဖြစ်လာသည်။
ဖြည်းဖြည်းမှန်မှန်နှင့် တစ်ဆင့်ပြီး တစ်ဆင့်
ခိုင်မာ အောင် လုပ်ပြီး ပြောင်းလဲနေခြင်းဖြစ် ၍ Rule of Law
ကို အခြေခံသည့်
ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး မော်ဒယ်ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုသည်
ဒီမိုကရေစီ သင်ခန်းစာအတွက်(နောက်ကြောင်း
ပြန်လှည့်မှုများ မကြုံတွေ့ခဲ့လျှင်) ဖတ်စာအသစ်၊ လေ့ လာစရာအသစ် ဖြစ်လာတော့မည်ဟု
အနောက် တိုင်း
လေ့လာသူ တစ်ဦးက ဟောကိန်း ထုတ်လိုက်သည်။ မြန်မာပြည်သူများအ တွက်
ဂုဏ်ယူဖွယ်ရာ လည်း ဖြစ်သည်။ သို့သော် နောက်ကြောင်းပြန်ခြင်း၊
မပြန် ခြင်းအတွက်
ထည့်သွင်း တွက်ချက်ရမည့် အချက်များ
စွာရှိသလို ပါဝါပလေယာ များအနေဖြင့်လည်း
အမြော်အမြင်ရှိရှိ သုံးသပ်ဆင်ခြင်ကာ ဗျူဟာဆွဲနိုင်ရန် အရေး
ကြီးသည်။
မြန်မာ့စီးပွားရေး နှင်းခဲပျော်ချိန်
နိုင်ငံရေးနှင်းခဲ ပျော်စပြုသည့် အချိန်တွင် မြေလွှာမို့မို့ မြက်စိမ်းစို့စို့ဖြင့် ကြည့်လေရာ ရှစ်ခွင်တိုင်း ကြည်နူး ဖွယ်ရာမြင်တွေ့ရသည်။ ဆိုရလျှင် ပိတ်ဆို့မှုများ ကွာကျတော့မည့် အနေအထားတွင် ပြည်ပ နိုင်ငံများ ၏ ဆန္ဒမွန်ကောင်း များကို မိမိတစ်ဦးတည်း ၏ အကျိုးစီးပွား၊ မိမိပါတီ၏ အကျိုးစီးပွား အတွက် ချလျက်
နင်းခြေခြင်း မပြုရေးသည် နောက်ကြောင်းပြန်ခြင်း၊ မပြန်ခြင်းအတွက် အသက် သွေးကြော ဖြစ် နေသည်။ မြန်မာ့နိုင်ငံရေး နှင်းခဲပျော်ချိန်ကို မြင်တွေ့ရပြီဖြစ်ရာ မြန်မာ့စီးပွားရေး နှင်းခဲ
ပျော်ချိန် အမြန်ဆုံးမြင်တွေ့ရဖို့ အရေးကြီးသည်။
နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုသည် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကပ်ပါလာ မှသာ ရေရှည်တည်တံ့စေ မည်ဖြစ် သည်။ အလားတူ ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေး လွှဲပြောင်းမှုများ ဖွင့်လှစ်ပေးမှသာ မြန်မာနိုင်ငံ သို့ ရင်းနှီးမြှုပ်နှံသူများ လာရောက် လုပ်ကိုင်ရ အဆင်ပြေ စေမည်ဖြစ်သည်။ ထိုသု့ိ ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေမှ လည်း ပြည်တွင်း၌ စက်ရုံ၊ အလုပ်ရုံများပေါ်ပေါက်လာပြီး ပြည်သူများ အလုပ် အကိုင်အခွင့် အလမ်းများ ရရှိစေမည်ဖြစ်သည်။ ထိုသို့စီးပွားရေး တိုးတက်လာ မှ သာ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှုများ ဆက်လက် ဖြစ်ပေါ်လာမည် ဖြစ်သည်။ အကယ်၍သာ ယင်းသို့ မြန်မာ့စီးပွားရေး နှင်းခဲပျော်ချိန် မရောက်အောင် တားဆီး ပိတ်ပင်ခဲ့ပါက ယင်းသို့ တားဆီးပိတ်ပင် သူများ၊ နိုင်ငံရေး ပါတီများ သည် နောက် ကြောင်းပြန်၍ မလှည့်လှည့်အောင် အဓိကဖန်တီးခဲ့ သူများသာ ဖြစ်သည်ဟူ၍ အခိုင်အမာ ဆိုချင်သည်။ ဤစာမျက်နှာမှ တစ်ဆင့်လည်း ယင်းတို့အား မေတ္တာ ရပ်ခံချင်သည်။
နောက်ကြောင်းပြန်မလှည့်ဟု အခိုင်အမာကတိကဝတ်ပြုထားသော နိုင်ငံ
တော်သမ္မတကြီးအား မြန်မာ့ စီးပွားရေး နှင်းခဲပျော်ချိန် ရောက်အောင် ပံ့ပိုးကူညီ ကြစေလိုသည်။ ဓမ္မဓိဋ္ဌာန်ကျကျ တင်ပြရလျှင် မြန်မာ့
ဒီမိုကရေစီ ဘယ်ခရီးရောက် မလဲ၊ မြန်မာ့စီးပွားရေး ဘယ်ခရီးရောက်မလဲဟူသောမေးခွန်းများ အဖြေသည် နိုင်ငံတော်သမ္မတကြီး
ဦးသိန်းစိန်ပင်ဖြစ်နေသည်။ သမ္မတကြီး၏ ပြုပြင်ပြောင်းလဲ
ရေးလမ်းစဉ် အောင်မြင်ဖို့ သမ္မတကြီးကို
ဝန်းရံကြဖို့ လိုသည်။ လက်ရှိအချိန်အထိ
လျှောက်ခဲ့ပြီးသော လမ်းကြောင်းကြီး ဖြစ်ပေါ်လာအောင် သမ္မတကြီးအနေဖြင့်
မည်မျှအထိ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ရ
သည်ကို တွေးကြည့်စေလိုသည်။
သမ္မတကြီးကို ဝိုင်းကူကြဖို့လိုသလို အကျပ်
အတည်း တွေ့စေရန်
ရည်ရွယ်ချက် ရှိရှိ ဖန်တီးကြခြင်းများ
ရှောင်ရှားကြဖို့လိုသည်။ သမ္မတကြီးသည် နိုင်ငံနှင့်ပြည်သူ
လူထု၏ အနာဂတ်ဖြစ်နေသလို
မျှော်လင့်ချက်လည်းဖြစ်နေသဖြင့် နိုင်ငံသား စိတ်ဓာတ်များ
ခိုင်ခိုင် မာမာထား ရှိကာ ဆောင်ရွက်ကြဖို့လိုသည်။
နောက်ဆုံး အနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ သမ္မတကြီးသည် ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းကို နိုင်ငံရေးနှင့် စီးပွားရေး တစ်ချိန်တည်း တစ်ပြိုင် တည်း လျှောက်လှမ်းနေခြင်းဖြစ်သည်။ မကူညီလိုသူများ မကူညီကြဘဲ နေနိုင် သည်။ မဝန်းရံလိုသူများ မဝန်းရံဘဲ နေနိုင်သည်။ သမ္မတကြီး ကတော့ ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းကို နောက်ကြောင်းပြန်မလှည့်ဘဲ လျှောက်လှမ်း နေမည်သာ ဖြစ်သည်။ သို့သော် (ဤသို့သော်မှာ အရေးကြီးပါသည်။ သန်း၆၀
သော ပြည်သူများ၏အနာဂတ်နှင့် တိုက်ရိုက် သက်ဆိုင်နေ၍ဖြစ်သည်။) မကူညီ
ရင် နေပါ၊ မနှောင့်ယှက်ပါနှင့်ဟူ၍သာ အနူးအညွတ် မေတ္တာရပ်ခံ တိုက်တွန်း ရေးသား
ဖော်ပြလိုက်ရပေသည်။ ။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား