တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကင်မ်ဆောင်ဟွန်သည်လာမည့်မေလ၁ရက်မှ၂ရက်အထိမြန်မာနိုင်ငံသို.
လာရောက်၍ တောင်ကိုရီးယားအစိုးရကမြန်မာနိုင်ငံသိုအတိုးနည်းချေးငွေပြန်လည်ချထားပေးမည့်အစီအစဉ်ကို
ဆွေးနွေးမည်ဖြစ်ကြောင်း ဆိုးလ်မြို.အခြေစိုက် မီဒီယာများက ဖော်ပြသည်
မစ္စတာကင်ဆောင်ဟွန်၏ မြန်မာနိုင်ငံခရီးစဉ်သည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြိးတစ်ဦး၏
၂၇နှစ်အတွင်း ပထမဆုံးအကြိမ်မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း ယင်းသည်၁၉၈၅ ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံသို. ပထမဆုံးလာရောက်မည့်တောင်ကိုရီးယားအဆင့်မြင့် အရာ၇ှိတစ်ဦးဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
မစ္စတာကင်ဆောင်ဟွန်သည်ယင်း၏ မြန်မာနိုင်ငံခရီးစဉ်တွင်နိုင်ငံတော်သမ္မတဦးသိန်းစိန်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဍမောင်ခွင်အပါအ၀င် မြန်မာအစိုးရထိပ်တန်း အရာရှိများနဲ့တွေ.ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၊ဆိုးလ်အနေဖြင့် မြန်မာနိုင်ငံအပေါ်အစိုးရအတိုးနည်းချေးငွေချထားပေးရန် ကမ်းလှမ်းမည်.အစီအစဉ်အသေးစိတ်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ထိုကဲ့သို. အတိုးနည်းချေးငွေချထားပေးပါက ဖွံ.ဖြိုးမှုအားနည်းသည့်နိုင်ငံများကိုကူညီရန် ရည်ရွယ်သည့် တောင်ကိုရီးယားအစိုးရပိုင် စီးပွားရေးဖွံ.ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှတစ်ဆင့် သုံးစွဲမည်ဖြစ်ကြောင်း ၊တောင်ကိုးရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံ ၏လူ့အခွင့်အရေးကိစ္စများအပေါ် အပြည်ပြည်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင်း ယာယီရပ်ဆိုင်းခဲ့သည့် အစိုးရ ချေးငွေ ပြန်လည်ပေးအပ်ရန် အဆင်သင့်ရှိနေကြောင်း သိရသည်။
တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို. မလာရောက်မီ ဧပြီ ၃၀ရက်အတွင်း ထိုင်းနိုင်ငံသို.သွားရောက်မည်ဖြစ်ကြောင်း သိရသည်။တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ အပေါ် အတိုးနည်း အစိုးရချေးငွေချထားပေးခြင်းကို ၂၀၀၅ခုနှစ်မှ စတင်ကာ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
ခိုင်လင်းကျော်

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား