ကျင့်ဝတ်ဆိုင်ရာ အခြေခံမူ များ ကို
ချိုးဖောက်စွန့်လွှတ်ချနင်းပြီး နိုင်ငံရေး၊စီးပွားရေး၊ပုဂ္ဂိုလ်ရေး ဆိုင်ရာ
လက်တွေ့ အကျိုးဖြစ်ထွန်းမှု ကိုသာအလေးပေး ဆောင်ရွက်သော
လုပ်ဆောင်ချက်သို့မဟုတ် မူဝါဒ ကို အချောင်သမားဝါဒ ဟု အဘိဓါန် တွင်
ဖွင့်ဆိုပါသည်၊၊
ပုံမှန်တွင် လူပုဂ္ဂိုလ် နှင့် စိးပွားရေးအဖွဲ့ စည်းများ တွင်သာ ပြုကျင့်လေ့ရှိပါသည်၊၊
သို့သော် နိုင်ငံတော် အဆင့် နှင့်ဖြစ်ထွန်းမှု
များလည်းရှိတတ်ပါသည်၊၊ အာဏာ သုံးရပ် လုံးကိုစိုးပိုင်သော အဖွဲ့စည်းများ က
စီးပွားရေးလုပ်ဆောင် သောအခါ ထိုအမှားမျိုး ကို မှားမှန်း မသိ မှားကြပါသည်၊၊
ထိန်းညှိထောက်ပြရန် အခွင့်မသာသော အခါ အခြေနေပိုဆိုးလာ ပါသည်၊၊
ပုံမှန်ရပ်တည် ရန်ခက်ခဲသော စီးပွားရေးကြပ်တည်းမှု များ နှင့်ကြုံတွေ့ သောအခါ
အဆိုးဆုံး အခြေနေ သို့ဆိုက်ရောက်ပါတော့သည်၊၊ Opportunism ခေါ်
အချောင်သမားဝါဒ မှာ ပင်မ မူဝါဒဖြစ် မှန်း မသိဖြစ် ရပါတော့သည်၊၊
အချောင်သမားဝါဒ နှင့်ယှဉ်တွဲလျက်လက်သင့်ရာစားတော်ခေါ်သော
ဘော်ဒါကြီးဝါဒ Cronyism ပါ ဖြစ်ထွန်းလာတော့သည်၊၊ အချောင်သမားဝါဒ
သည် အကျင့်ပျက်ခြစားမှု တစ်မျိုးပင် ဖြစ်လေရာ၊ထိုဝါဒ ထွန်းကားရာ အဖွဲ့စည်း
တွင်ခြစားမှု သည်လည်းထိမ်းမနိုင် သိမ်းမရ များပြားတော့သည်၊၊
အချောင်သမားဝါဒ အခြေခံကို မစွန့်လွှတ် ဘဲ အဖွဲ့စည်းတစ်ခု အနေဖြင့်
အကျင့်ဖျက်ခြစားမှုကင်းသော သန့်ရှင်းသည့် အဖွဲ့စည်းတစ်ရပ် မဖြစ်လာနိုင်ပါ၊၊
ကျွန်တော်တို့မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရ အုပ်ချုပ်စဉ် လုံခြုံရေး၊တည်ငြိမ်ရေး အတွက် ဦးစားပေးခဲ့သော ကြောင့် အရာရာ
ကို လွှမ်းမိုးထိန်းချုပ်နိုင်ရေး ကို အဓိကထားဆောင်ရွက်ခဲ့ပါသည်၊၊
တိုအထဲတွင် စီးပွားရေးကဏ္ဍလဲပါ ဝင်ခဲ့ပါသည်၊၊ စီးပွားရေး အကြပ်တည်းများ ကို
လွယ်ကူသေချာ သောနည်းလမ်းများဖြင့် အကောင်ထည်ဖေါ်သော အခါ စီးပွားရေး
အချောင်သမားဝါဒကို နိုင်ငံတော်အဆင့် နှင့်ကျင့်သုံးသလို
ဖြစ်ခဲ့ရပါတော့သည်၊၊ အကျိုးဆက် အဖြစ် ဝန်ထမ်းယန္တယား အဆင့်ဆင့်တွင်
ကျင့်သုံးပါတော့သည်၊၊အချောင်သမားဝါဒ သည် ဌာန၏ လုပ်ငန်းမူဝါဒဖြစ်နေပေရာ
ဝန်ထမ်းတွင် လည်း အချောင်သမားစိတ်ဓာတ် ဝင်လာပါသည်၊၊ အချောင်သမားစိတ်ဝင်သော
ဝန်ထမ်းကို အကျင့်ပျက်ခြစားမှု မှတားဆီးရန်ခက်ပါသည်၊၊သန့်ရှင်းသော
အစိုးရဖြစ်ထွန်းရေး အတွက် အကျင့်ပျက်ခြစားမှုထူပြောသော ဝန်ထမ်းယန္တယား က
အဟန့်အတားဖြစ်နေမည်မှာဧကန်ပင်၊၊ နောက်အကျိုးဆက်တစ်ခု မှာ
နိုင်ငံတော်အတွင်း ညီညွတ်မျှတသော ဥစ္စာဓန ခွဲဝေ မှု မရှိသည့် အတွက်
ဆင်းရဲချမ်းသာကွာဟပါသည်၊၊ မှန်ကန်စွာအကောင်ထည်ဖေါ်ပြီး ဝင်ငွေ
ရှာနိုင်ခြင်းမျိုး မဟုတ်၍ အလေလွင့်များပါသည်၊၊အလေလွင့် များ သည်
လူတစ်စုချမ်းသာစေဘို့သာဖြစ်လာပါသည်၊၊ အကျိုးဆက်မှာ ဆင်းရဲ မွဲတေမှု
ထူပြောလာခြင်းဖြစ်ပါသည်၊၊
နောက်အကျိုးဆက်တစ်ခုမှာ အချောင်သမားဝါဒအခြေခံဖြင့် ရပ်တည်သော
နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းစုကြီးများတွင်လုပ်ငန်းစွမ်ဆောင်ရည်
အစစ်အမှန်မရှိခြင်းဖြစ်ပါသည်၊၊အခွင့်ရေး အသာစည်းရရှိမှုဖြင့် ဝင်ငွေရှာနိုင်
သော အခါ အရည်အသွေး မရှိသော်လည်း ရပ်တည်နေနိုင်ပါသည်၊၊ ပုံမှန်
စစ်မှန်သောဈျေး ကွက်စီးပွားရေးစံနစ်တွင် လက်ရှိ မြန်မာ့ဆက်သွယ်ရေး
အင်တာနက်ဝန်ဆောင်မှုသည် တစ်လ ပင်ရပ်တည်နိုင်မည် မဟုတ်ပါ၊၊ အရည်အသွေးအစစ်မှန်
မရှိ ဘဲပေးသော ဝန်ဆောင်မှု များသည် အဆမတန် ညံ့ဖျင်းချို့တဲ့သော အခါ
စားသုံးသူလူထု တွင် အုံကြွဘွယ် မကြေနပ်မှု များဖြစ်ထွန်းလာရပါတောါသည်၊၊
လက်ရှိ လျပ်စစ်မီး ကိစ္စ၊ ၅၀၀၀ တန်ဖုန်းကိစ္စ တို့သည် စံနမူနာပင် ဖြစ်
ပါတော့သည်၊၊
သို့ဖြစ်ပါသောကြောင့် ပြုပြင်ပြောင်းလဲ ရေး တိုးတက်ဖြစ်ထွန်းမှု တို့ဖြင့် လူထုချစ်ခင်လေးစား မှုရရှိနေသော သမတကြီးဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် အဓိက ကျသော အစိုးရအဖွဲ့ကဆောင်ရွက်သော စီးပွားရေးလုပ်ငန်းများကို
အများပိုင်ပြုလုပ်ရေး နှင့် မူဝါဒသန့်စင်ရေးကို ဦးစားပေးဆောင်ရွက်လျင်
ပြည်သူ ရော နိုင်ငံတော်အစိုးရ ပါချမ်းမြေ့ ပျော်ရွှင်ရမည် ဟု
မျှော်လင့်မိပါကြောင်း၊၊
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား