
ကျွန်တော်တို့တတွေ လူဖြစ်ကအရွယ်
စကားပြောတတ်ခါစက စလို့ မိမိလူမျိုးဘာသာစကားများဖြင့် အပြန်အလှန်
ဆက်ဆံခဲ့ရကြရတာ အားလုံးသိကြမှာပါ. ပေါင်းသင်းဆက်ဆံရေးဆိုတာကြီးက မွေးကတည်းက
အတူပါလာသလိုပါ. ပညာရပ်အနေနဲ့ သီခြားသင်ယူစရာမလိုသလိုပါပဲ. လင်နဲ့ မယား၊
သားနဲ့ အမိ၊ မိဘနဲ့ သားသမီး၊ ညီကိုမောင်နှာမ၊ သူငယ်ချင်း အချင်းချင်း၊
ဆရာနဲ့ တပည့်၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်ရှင်နဲ့ အလုပ်သမား၊
မိတ်ဆွေအပေါင်းအသင်း စသည်ဖြင့် မိမိထိတွေ့ရာ ခင်မင်ရာများနှင့် နေ့စဉ်နဲ့
အမျှ ကျွန်တော်တို့ စကားအပြောအဆိုများနှင့် ဆက်ဆံနေကြရပါတယ်. ဒါပေမယ့်
မွေးကတည်းက တတ်လာတဲ့ ပြောဆိုခြင်းအတက်ဟာ လွယ်မယောင်နဲ့ ခတ်သလို
တိမ်မယောင်နဲ့ နက်နေတာကို အရွယ်အားဖြင့် သတိထားလာမိပါတယ်.
ကျွန်တော်ဖတ်ဖူးသည့် စာအုပ်တစ်အုပ်တွင် ”ပညာရဲရင့် ပွဲလည်တင့်“ အစား ”
အပြောအဆို ပြေပြစ်မှ ပွဲလည်တင့်“ တယ်လို့ကို ကောက်ချက်ဆွဲပြထားတာကို
ဖတ်မှတ်ဖူးခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော်တို့တတွေ မွေးကတည်းက ပြောလာကြတဲ့ ဘာသာစကားအားဖြင့်
ပေါင်းသင်းဆက်ဆံရေးဟာ အတွင်းကျကျလေ့လာသင့်တဲ့ ဘာသာရပ်တစ်ခုဖြစ်လို့နေပါပြီ.
ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိမျက်မှောက်ခေတ် အနေဖြင့်
ကျွန်တော်တို့တတွေလည်း နိုင်ငံကြီးသားတွေအဖြစ်ရပ်တည်ချင်ရင်
အချင်းချင်းပြောဆိုဆက်ဆံရာမှာ လိုက်လျှောညီတွေမှုတွေနှင့် အထာကျကျ
နားလည်မှုများဖြင့် အဆင်ပြေဖို့လိုပါတယ်. အပြောမတက်ရင် ဆဲ သလိုဖြစ်တက်ပါတယ်.
”ကျုပ်တို့ကတော့ ဘွင်းဘွင်းပဲ ပြောတက်တယ်၊ မကျေနပ်ရင် လည်းသေးလိုက် “
စသည်ဖြင့် ပြောဆိုခြင်းဟာ မိမိက အကောင်းခံသလိုနဲ့ တစ်ပါးသူကို
နှိမ်သလိုဖြစ်တတ်ပါတယ်. (လောကမှာ အဘယ်သူမှ အတွင်းတွင်းကျကျ
မိမိအဖုအထစ်အမှားအလုံးစုံကို ဖွင့်ဟခဲ့တာ မရှိနိုင်ဘူးလို့
စာရေးသူယူဆလို့ပါ)
အပေါင်းသင်းကောင်းသူလို့ ပတ်ဝန်းကျင်မှာ မှတ်ချက်ပေးခံရသူဟာ
အပြောကောင်းသူများဖြစ်ပါတယ်. အထူးသဖြင့် လိုက်လျောညီထွေ
ပြောဆိုပြေပြစ်သူများဖြစ်ပါတယ်. ဟန်ဆောင်လိမ်လည်ကောက်ကျစ် စွာနဲ့
အပြောကောင်းသူဆိုရင်တော့ လိမ်လည်သူ သက်သက်ဖြစ်နေမှာကို တစ်ဖြေးဖြေး
ဘူးပေါ်သလိုပေါ်သွားတာများပါတယ်. အပြောနည်းသူလည်းမဖြစ်သင့်သလို
အပြောများသူလည်းမဖြစ်သင့်ပါ. သင့်တင့်လျောက်ပတ်တဲ့ အနေအထားနဲ့
စည်းမှန်ဖို့သာလိုပါတယ်. စကားနည်းခြင်း၊ စကားအပြောအဆိုမတတ်ခြင်းဟာ
မိတ်ဆွေအပေါင်းသင်း မိမိတွင်ချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်.
စကားအပြောများခြင်းဟာလည်း တစ်ပါးသူကို
အနှာင့်အချက်အနည်းအများဖြစ်စေခြင်းကြောင့် မိတ်ဆွေအပေါင်းအသင်းများ
ခတ်ရှောင်ရှောင်ဖြစ်တတ်ပါတယ်. အကျအနကောက်တာကိုပဲ အလေးထားသူဆိုရင်လည်း
အားလုံးကို အမှားတွေပဲလို့ အမြဲမြင်နေလိမ့်ပါမယ်. ကျွန်တော့်ဘ၀ဖြတ်သန်းမှုအရ
ပေါင်းသင်းဆက်ဆံရေးမှာ အရေးပါတာလေးတွေကို ဆွဲချမိပါတယ်.(ကျွန်တော်ဟာ
ငယ်ငယ်က အများကို ဘူးကြည့်ကြည့်တာများတဲ့ လူ့စိတ်တိုင်းမကျတဲ့
သူငယ်လေးဖြစ်ခဲ့ပါ၏)
သင့်နှင့်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပြုံပြဖို့ကိုဝန်မလေးပါနှင့်။
အတတ်နိုင်ဆုံး မထင်မှတ်သည့်အချိန်များတွင် အပြုံးကို ဆောင်ပါ. (
အကြောင်းအမျိုးမျိုးကြောင့် မိမိအတိုင်းတာအရ စိတ်ဖိစည်းမှု လှိုင်းကြီးနေသည့်
အချိန်ခါမျိုးဆိုရင်တော့ ချွတ်ယွင်းချက်ပေါ့နော်)
သူများစကားကို နားထောင်တက်ပါစေ။
(လေကြီးနေရင်သော်လည်းကောင်း၊ အကြင်သူ၏ ကိုယ်ရည်ကိုယ်သွေး ကို စကားအားဖြင့်
သွေးနေရင်သော်လည်ကောင်း၊ သည်းခံပြီး မိမိအချိန်ရသလောက်
နားထောင်ပေးလိုက်ပါ.)
မိတ်ဆွေများနှင့် အပြောအဆိုဖြင့် အတိုက်အခံဖြစ်ပါစေနှင့်
( အတိုက်အခံဟာ ရင်းနီးသူများတွင် စကားက စတာများပါတယ်. စကားအရာဖြင့်
အနိုင်ယူသူ မိတ်ဆွေကို အတက်နိုင်ဆုံး နားလည်မှုပေးလိုက်ပါ. အချို့သည်
မိမိတွင် ရှိသည့် ဂုဏ်သတိများကို စကားအရာဖြင့်ကြွားဝါတတ်သည်)
အောင်မြင်သူများသည် အောင်မြင်သည့် စကားအရာများကိုပြောပြီး၊
ငွေကြေးတတ်နိုင်သူများသည် ငွေကြေးအကြောင်းကို မိမိအရင်းခံနှင့်ပြောတတ်ကြသည်
(ဆင်းရဲသူများသည်လည်း ထိုနည်းတူ မိမိဘ၀အမောများကို ကြုံသူချင်း
ရင်ဖွင့်ကြသည်)အချိန်အခါနှင့် လူပုဂ္ဂိုလ်ကို တည်ပြီး စကားပြောတတ်ပါစေ.
(ဘာသာရေးပုဂ္ဂိုလ်များနှင့်ဆိုလျင်. အရှင်ဘုရား၊ ဥဇင်း၊ ဆရာလေး၊ ဆရာတော်၊
father ၊ sister ၊ စသည်ဖြင့်ပေါ့၊ ဌါနဆိုင်ရာဆိုင်ဆိုရင် ဆရာပေါ့၊
စိမ်းစိမ်းမြင် ဆရာလေ မှားလို့ ယူနီဖေါင်းကို ပြောတာပါ၊
အလုပ်နှင့်ပတ်သတ်လျင်တော့“ဟုတ်ကဲ့ခင်ဗျ ” ကစသင့်တာပေါ့နော်.)
ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဆိုရိုးကို အလေးထားဖို့လိုပါတယ်
(သူတပါးအရေးမှာ မိမိကူနိုင်မှ မိမိအရေးမှာ ရောင်ပြန်ဟတ်နိုင်ပါတယ်.)
အဆိုးဆုံးတစ်ခုက မိမိကိုယ်ရည်ကိုယ်သွေးကို စကားအရာဖြင့် လေလုံးထွားထွား လူပုံအလည်မှာ ကြွးဝါခြင်း မဖြစ်ဖို့ကို ရှောင်ဖို့ပဲ အရေးကြီးကြောင်းပါ(ထိုအရာသည် ပေါင်းသင်းဆက်ဆံရေးတွင် အမှတ်မရဆုံး အပြုအမူတစ်ခုပါ. )
နောက်ဆုံးအနေနှင့် လူအများသည် မိမိအဆင့်အတန်း မိမိလက်ရှိအခြေနေနှင့်
စကားများပြောတက်သည်. ဒါကိုသတိထားပြီး ဆက်ဆံခြင်းဖြင့်
အကျိုးရှိနိုင်ပါသည်.(ရာထူးဂုဏ်ရှိသူက သူ့အရှိန်ဝါအကြောင်း၊ ငွေရှိသူက
ငွေစကား၊ လုပ်ငန်းရှင်အောင်မြင်သူက လုပ်ငန်းခွင် အောင်မြင်ကြောင်း၊
ဈေးသည်က ကုန်စည်အကြောင်း၊ အလုပ်သမားက လုပ်ငန်းခွင်အကြောင်း၊ တနေ့စာ တနေ့
ရှင်းနေရသူ နေ့စားဘ၀သမားက သူ့ဘ၀အမောတွေအကြောင်း စသည်ဖြင့် ဆိုင်ရာများကို
လူအများပြောတက်ကြပါတယ်. )
ကျွန်တော်လည်း ကျွန်တော် ဘ၀နှင့်ပတ်သက်ပြီး
ပြောနေမိပါတယ်.ပေါင်းသင်းဆက်ဆံရေးဆိုတာကြီးဟာ ကျယ်ပြန့်ခြင်းအတိအားဖြင့်
လူအများနှင့် သင့်တင့်ခြင်းဖြစ်အောင်ကြိုးစားနေရင်း
ရေးဖြစ်လိုက်ပါတယ်.မိတ်ဆွေများအားလုံး ဘ၀မှာ အရာအားလုံးနှင့် သဟဇတ
ကျနိုင်ကြပါစေ…
Aung Kyaw Min
http://www.akmkuntha.com/ မှကူယူမျှဝေပါသည်
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား