img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, July 4, 2012

Network Operation Center ကို နေပြည်တော်တွင် စတင် တည်ဆောက်မည်


မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းများကို အလွယ်တကူ လျင်မြန် ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက်  Network Operation Center ကို နေပြည်တော်တွင် စတင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးရုံး (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ဘက်က Network Operation Center (NOC) တည်ထောင်ဖို့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေကို အိတ်ဖွင့်တင်ဒါ ခေါ်ထားတယ်။
လုပ်ချင်တဲ့ ကုမ္ပဏီတွေက ကျွန်တော်တို့ရုံးကို ခွင့်ပြုချက် လာတင်နိုင်တယ်။ မတင်ခင်လည်း လုပ်ငန်း ဆောင်ရွက်မယ့် အဆောက်အအုံကို လာရောက် လေ့လာနိုင်တယ်၊ ကိုယ်ကြိုက်နှစ်သက်သလို တင်နိုင်တယ်၊ NOC အတွက် နည်းပညာပိုင်းကို ဆက်သွယ်ရေးပဲ လုပ်သွားမှာပါ။ ပုဂ္ဂလိကကိုတော့ သုံးစွဲမယ့် ပစ္စည်းတွေကို တင်ဒါခေါ်တာပါ” ဟု ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း “မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး လုပ်ငန်းတွေအတွက် အိတ်ချိန်းတွေ၊ ထိန်းချုပ်မယ့်နေရာတွေ ရှိပါတယ်။ မန္တလေး၊ ရန်ကုန်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ မိုဘိုင်းနက်ဝပ်ကို ထိန်းချုပ်နိုင်မယ့် နေရာတွေ ထားရှိပါတယ်။  အခု NOC  ကတော့ တစ်နိုင်ငံလုံးက ဆက်သွယ်ရေးလုပ်ငန်းတွေကို လွှမ်းခြုံထားမှာ ဆိုတော့ ပိုကောင်းပါတယ်။ တကယ်လို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လုပ်ရမယ့်နေရာမှာ အခက်အခဲတစ်ခုခု ဖြစ်သွားရင်တောင် ဒီ NOC ကနေ သိနေတော့ လုပ်ငန်း မကြန့်ကြာတော့ဘူး၊ လုံခြုံရေးအတွက်လည်း ဘာ Complaint မှ မလာတော့ဘူး၊ Network နဲ့ ပတ်သက်ပြီး အချိန်နဲ့ တစ်ပြေးညီ နည်းပညာပိုင်းဆိုင်ရာကို လုပ်ဆောင်နိုင်မှာပါ” ဟု ပြောကြားသည်။ NOC ၌ တပ်ဆင်မည့် စနစ်များမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် လက်ရှိ အသုံးပြုလျက်ရှိသော စနစ်များ အားလုံးနှင့် တွဲဖက် အသုံးပြုနိုင်ရမည် ဖြစ်ကြောင်း သိရသည်။  

ပြည့်ရည်ဖူး

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား