img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, July 4, 2012

7-Eleven စတိုးဆိုင်ကြီးများ မြန်မာတစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရန် ၈၀ ရာခိုင်နှုန်း သေချာ

Business

Photo

7-Eleven စတိုးဆိုင်ကြီးများ မြန်မာတစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရန် ၈၀ ရာခိုင်နှုန်း သေချာ

By Pyi Myanmar 5 July, 2012 - 09:44
မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်မည့် 7-Eleven စတိုးဆိုင်ကြီးများ အတွက် ဇေကမ္ဘာ ကုမ္ပဏီကို ကမ်းလှမ်းလိုက်ပြီးသည့်နောက် ဖွင့်လှစ်ရန် ၈၀  ရာခိုင်နှုန်း သေချာပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။  ယင်း  7-Eleven  စတိုးဆိုင်များကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ဖွင့်လှစ်ရန်  7-Eleven စတိုးဆိုင်များ ဖွင့်လှစ်သော ကုမ္ပဏီ အခြေစိုက်ရာ အမေရိကန်မှ ဇေကမ္ဘာ ကုမ္ပဏီသို့ ကမ်းလှမ်းပြီးသည့်နောက် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများကို ဘန်ကောက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ “အခုတော့ ဆွေးနွေးမှုတွေ လုပ်ပြီးပြီ။ စတိုးဆိုင်တွေ ဖွင့်လှစ်ဖို့ ၈၀ ရာခိုင်နှုန်းလောက် သေချာသလောက် ရှိပါပြီ။ ဒါပေမဲ့ ဒါတွေကို အများကြီး လေ့လာ သုံးသပ်ရပါဦးမယ်” ဟု ယင်းကုမ္ပဏီ၏ တာဝန်ရှိသူက ပြောသည်။

 
7-Eleven  စတိုးဆိုင်ကြီးများကို ကမ္ဘာ့ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဖွင့်လှစ်ထားကြောင်း၊ ယင်းကို တည်ထောင်သူမှာ ဂျပန်ကုမ္ပဏီဖြစ်ကြောင်း၊ အမေရိကန်တွင် အခြေစိုက်ရုံး ရှိကြောင်း သိရသည်။ 7-Eleven စတိုးဆိုင်များ ဖွင့်လှစ်ရန် နေရာများကို ရှာကာ  တစ်မြို့နယ်လျှင် အနည်းဆုံး နှစ်ဆိုင်နှုန်းဖြင့် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင်လည်း ယင်းသို့ ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ တာဝန်ရှိသူက ပြည်မြန်မာဂျာနယ်အား ၂၆-၆-၂၀၁၂ ရက်က ပြောကြားခဲ့သည်။ 7-Eleven စတိုးဆိုင်များကို ၁၉၂၇ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး လူသုံးကုန်၊ စားသောက်ကုန်များကို အဓိကထားကာ ရောင်းချခြင်း ဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံးတွင် ဆိုင်ပေါင်း လေးသောင်းကျော် ရှိပြီဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံရှိ 7-Eleven ဆိုင်များတွင် မြန်မာလုပ်သားများ အများစု ရှိကြောင်း သိရှိရသည်။

မေငယ်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား