img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, July 3, 2012

ဂျက်ကီချန်းသည် ကုလသံတမန် အဖြစ် မြန်မာပြည်သို့ ယခုတပတ်အတွင်း သွားရောက်မည်

မိုးမခအထောက်တော် အမှတ် ဝဝ၅
ဇူလိုင် ၄၊ ၂ဝ၁၂

တရုတ်သိုင်းမင်းသား ဂျက်ကီချန်းသည် ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန် အဖြစ် မြန်မာပြည်သို့ ယခုတပတ်အတွင်း သွားရောက်မည်ဟု သိရသည်။

ကလေးငယ်များကို ကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသည့် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များတွင် ပါဝင် ကူညီမည်ဖြစ်ကြောင်း၊ ခရီးစဉ်က ၃ ရက်ကြာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။
“ကလေးတွေကို ကုန်ကူးတာ၊ အသုံးချအမြတ်ထုတ်တာတွေဟာ ရာဇ၀တ်မှုကြီးတွေပါ။ ဒီလုပ်ရပ်တွေကြောင့် ကလေးတွေ ဘ၀တသက်တာ စိတ်ဒဏ်ရာရသွားကြသလို ကလေးဘ၀တွေလည်း ဆုံးရှုံးကြရပါတယ်”
ဟု အက်ရှင်မင်းသား ဂျက်ကီချန်းက ပြောကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြရေးသားထားသည်ကို တွေ့ရှိရသည်။
ကလေးများသည် ရောင်းကုန်မဟုတ်၊ ကမ္ဘာပေါ်ရှိကလေးများအတွက် အဆိုပါရာဇ၀တ်မှုများတိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့ အစွမ်းကုန် အားစိုက်ကြရမည်ဟုလည်း မင်းသားက ပြောသည်။
ခရီးစဉ်အတွင်း ကုလသမဂ္ဂ၏ ကလေးသူငယ်ဆိုင်ရာစီမံကိန်းနယ်မြေများ၊ သင်တန်းများသို့ သွားရောက်မည်ဟု သိရသည်။
မြန်မာပြည်တွင်လည်း ထင်ရှားသည့် အက်ရှင်မင်းသား ဂျက်ကီချန်းသည် ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန် အဖြစ် ၂၀၀၄ ခုနှစ်ကတည်းက ကူညီဆောင်ရွက်ခဲ့သူဖြစ်သည်။
သူ၏ စေတနာဝန်ထမ်းလုပ်ငန်းများနှင့် ပတ်သက်ပြီး http://www.hivinfo4mm.org/?p=1091 တွင်လည်း မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည်ကို တွေ့ရှိရသည်။
မိုးမခသတင်း မှ

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား