img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, July 3, 2012

ယနေ့ကျင်းပနေသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုထ္ထပုံမှန်အစည်း အဝေး ပထမနေ့


အစည်း အဝေး ပထမနေ့တွင် -

၁) ဥပဒေနှင့် အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ခြင်း မေးခွန်း
၂) ဗဟိုဝန်ထမ်း တက္ကသိုလ်များ ပြုပြင်ပြောင်းလဲရန် (သို့မဟုတ်) ဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း
၃) မြစ်ချောင်းများအား လိုင်စင် (C) ဆွဲဝယ်ခြင်းများ ကင်းလွတ်ခွင့် ပြု၊ မပြု မေးခွန်း

အစရှိသည်တို့ကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းမည် ဖြစ်ပါသည်။


အဆိုတင်သွင်းခြင်း ကဏ္ဍတွင် ကဏ္ဍအသီးသီးနှင့် နယ်ပယ် အသီးသီးအတွက် စံချိန် စံညွှန်းများ ရေးဆွဲသတ်မှတ်ရေး ဥပဒေ ပြဌာန်းပေးနိုင်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းခြင်း အဆိုကို တင်သွင်းမည် ဖြစ်ပါသည်။

ဥပဒေပြုရေးကဏ္ဍတွင်မူ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဌ ဒေါက်တာ ချမ်းငြိမ်းက ၂၀၁၂ ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို တင်သွင်းမည် ဖြစ်ပါသည်။

ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးခင်မောင်ဦးနှင့် ဒေါက်တာ ၀င်းမြင့်၊ ဦးသိန်းလွင်နှင့် ဦးတင်မောင်ဆွေ၊ သူရဦးအောင်ကိုနှင့် ဒေါ်ဝင်းမော်ထွန်းတို့က နိုင်ငံခြား ခရီးစဉ် သွားရောက်ခဲ့ခြင်းနှင့် အဆိုပါခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များကို တင်ပြမည် ဖြစ်ပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား