အတွဲခွေတော်တော်များများမှာ
သီဆိုရင်း အောင်မြင်မှုများ ရရှိနေသည့် အဆိုတော်ဂျင်းနီသည် သူမ၏
တစ်ကိုယ်တော်ခွေ ထွက်ရှိရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
“စီးရီးနာမည်တော့ မပေးရသေးဘူး။ စဉ်းစားတုန်းပဲရှိတယ်။ ၁၀ ပုဒ်နဲ့ ၁၀
ပုဒ်ကြားမှာပါမယ်၊
သမီးဆိုနေကျ ပုံစံမျိုးလေးတွေလည်း ပါမယ်။
ပေါ့ပ်အနှေးလေးတွေ ပါမယ်။ ပြီးရင် သမီးတစ်ခါမှ မဆိုဘူးသေးတဲ့ ပုံစံအသစ်တွေ
ပါမယ်။ သီချင်းက စုပြီးနေပြီ။ လောလောဆယ် တေးရေးတွေက ရွှေဂျော်ဂျော်၊
ဦးမြင့်မိုးအောင် နောက်အများကြီးပါမယ်။ သမီးရေးတဲ့ သီချင်းလည်း
ပါမယ်ထင်တယ်” ဟု ဂျင်းနီက ပြောသည်။ သူမ၏ တစ်ကိုယ်တော်ခွေကို စက်တင်ဘာလတွင်
ထွက်ရှိနိုင်အောင် ကြိုးစားနေကြောင်း ဂျင်းနီကပြောသည်။ ဂျင်းနီသည်
Silk-n-Shine ခုနစ်နှစ်ပြည့် ရှိုးပွဲတွင်လည်း ပါဝင်သီဆိုထားကြောင်း သိရသည်။
“ဖြစ်နိုင်ရင် သမီးရေးတဲ့ သီချင်းလေးတော့ ထည့်ချင်တယ်။ သီချင်းတွေလည်း
များနေမယ်။ နောက် အဲဒီသီချင်းထက် ပရိသတ် ပိုပြီးတော့ ခံစားလို့ကောင်းမယ့်
သီချင်းမျိုးရှိရင် ထည့်လိုက်မယ်ပေါ့။ အဲဒါကြောင့် သမီးရေးတဲ့
သီချင်းကပါဖို့မသေချာသေးတာ” ဟု ဂျင်းနီက ပြောသည်။
Credit to:www.planet.com.mm
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား