Sunday, July 1, 2012
Video Call စနစ်ဖြင့် နှစ်ဖက်စလုံးမှ ရုပ်မြင်ဖုန်းပြောဆိုနိုင်
မိုဘိုင်းလ်ဖုန်းများအား
Online စနစ်ဖြင့် ချိတ်ဆက်၍ Software တစ်ခုထည့်သွင်းပါက ဖုန်းပေါ်တွင် VZO
Chat ကဲ့သို့ နှစ်ဖက်အပြန်အလှန် ရုပ်မြင်စနစ်ဖြင့်
ဖုန်းပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းလ်ဖုန်းတွင် Video Chat
ဆော့ဖ်ဝဲထည့်သွင်းပြီး Wifi သို့မဟုတ် မိုဘိုင်းလ်ဖုန်းအင်တာနက် စနစ်ဖြင့်
တွဲဖက် အသုံးပြုရမည်ဖြစ်ပြီး Online စနစ်ဖြင့် ချိတ်ဆက်
အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် Video Chat ဆော့ဖ်ဝဲ
ထည့်သွင်းထာသော မိုဘိုင်းလ်ဖုန်း အချင်းချင်းသာ အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ စနစ်ကို အသုံးပြုရာတွင် ဆော့ဖ်ဝဲအား ဖွင့်၍ မိမိAccount
တစ်ခုပြုလုပ်ရမည်ဖြစ်သည်။ Account ရရှိပြီးပါက Video Chat
စနစ်အသုံးပြုထားသော Online ပေါ်ရှိ ဖုန်းများအားလုံး တွေ့မြင်ရမည်ဖြစ်သည်။
အဆိုပါ ဖုန်းများ အနက်မှ မိမိပြောလိုသူအား Video စနစ်ဖြင့် ခေါ်ဆိုလိုက်ပါက
နှစ်ဖက်စလုံးမှ ရုပ်မြင်စနစ်ဖြင့် ဖုန်းပြောဆိုနိုင်မည်ဖြစ်သည်။
အဆိုပါစနစ်သည် Android OS ဖုန်းများအတွက် သီးသန့် အသုံးပြုနိုင်မည့်
ဆော့ဖ်ဝဲဖြစ်ကြောင်း သိရသည်။ ယင်းဆော့ဖ်ဝဲအား ထည့်သွင်းအသုံးပြုလိုပါက
ဖုန်း -၀၉-၇၃၀၄၄၃၃ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၃၀
ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား