တောင်ကိုရီးယား လူငယ် အသင်း၏ နည်းပြချုပ်
ဖြစ်သူ ကင်တေးယောင်က ယနေ့ ပွဲစဉ်တွင် မြန်မာအသင်း အနေဖြင့် ပရိသတ်များ ထံမှ
အားများ ရရှိခဲ့သည်ဟု ထင်မြင်မိကြောင်းနှင့် မြန်မာများ ဘောလုံးအပေါ်
ယခုလောက် အထိ ချစ်မည်ဟု မထင်ခဲ့ကြောင်း ၀န်ခံ ပြောကြားခဲ့သည်။
"အရင်တုန်းက မြန်မာတွေ ဘောလုံးကို
ဒီလောက်အထိ ချစ်တယ် မထင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ မြင်ရတော့ အံ့အားသင့်
မိပါတယ်။ များပြားလှတဲ့ ပရိသတ်တွေဟာ မြန်မာ ကစားသမား တွေကို ခြေစွမ်းပြ
နိုင်အောင် အများကြီး ကူညီပေး နိုင်ခဲ့ပါတယ်။ သူတို့ကြောင့် မြန်မာ
ကစားသမားတွေ နဂိုထက် ၂ဆလောက် အားတွေ ရှိခဲ့တယ်လို့ ထင်ပါတယ်" ဟု
ကင်တေးယောင်က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့နောက်တွင် ကိုရီးယား လူမျိုး ပတ်ဆောင်ဟွာ ကိုင်တွယ်နေသည့် အသင်း ဖြစ်၍
ပြင်ဆင်မှုများ ပိုမို ပြုလုပ်ခဲ့ရကြောင်း ဆိုခဲ့ကာ ယနေ့ပွဲ ရလဒ်နှင့်
ပတ်သက်၍မူ မပျော်ရွှင် နိုင်ကြောင်း ဆိုခဲ့သည်။ "ပတ်ဆောင်ဟွာ ရှိနေတာကြောင့်
မြန်မာနဲ့ ပွဲအတွက် အများကြီး ပြင်ဆင်ခဲ့ ရပါတယ်။ ပရိသတ်တွေနဲ့ မြန်မာ
ကစားသမား တွေရဲ့ ခြေစွမ်းက ကျွန်တော်တို့ကို အခက်တွေ့ စေခဲ့ပါတယ်။ ဒီနေ့ပွဲ
ခြေစွမ်းအရ မြန်မာဟာ အရှေ့တောင် အာရှမှာ အရမ်း တိုးတက်လာတဲ့ အသင်းဆိုတာ
သိလိုက်ရတယ်။ မြန်မာအသင်း ခံစစ် အားပြု ကစားပုံက ကျွန်တော်တို့ကို အခက်တွေ့
စေခဲ့ပါတယ်။ မြန်မာ ကစားပုံက မလေးရှားနဲ့ ဆင်တူပါတယ်။ ခြေစွမ်းလည်း
မှန်ပါတယ်။ ပြိုင်ပွဲမှာ အကောင်းဆုံး ကစားမယ်လို့ ပြင်ဆင် ထားတာပါ။ ဒီနေ့
ရလဒ်အတွက် မပျော်နိုင်ပါဘူး" ဟု ၎င်းက ဆိုသည်။
ထို့အတူ မည်သည့် အသင်း
ခြေစစ်ပွဲ အောင်မည်ဟု ပြောရန် မလွယ်သေးကြောင်း သုံးသပ်ခဲ့ကာ ဘောလုံးတွင်
ပွဲမပြီးမချင်း ရလဒ် ကြိုပြော၍ မရနိုင်ကြောင်း ဆိုခဲ့သည်။ "ဘောလုံးက
ထူးဆန်းပါတယ်။ ဘယ်လောက် ကောင်းတဲ့ အသင်းပဲ ဖြစ်ဖြစ် ပွဲပြီးမှ ရလဒ်ကို
သေချာပေါက် ပြောနိုင်မှာပါ။ ကျွန်တော်ကတော့ ဒီပွဲ ရလဒ်အပေါ် မအံ့သြ မိပါဘူး"
ဟု ပြောကြားခဲ့သည်။
Credit : SoccerMyanmar
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား