img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

UCS ကုမ္ပဏီက အမြန်ချောပို့ ဝန်ဆောင်မှုပေးနေပြီ


By Yatanarpon

ဇွန်လ ၂၈ ရက်။ ။ မြန်မာ့ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ အမြန်ချောပို့ လုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်ခွင့်ရသွားတဲ့ United Courieer Services (UCS) ကုမ္ပဏီရဲ့ အမြန်ချောပို့လုပ်ငန်းကို ယခုအခါ စတင် လုပ်ကိုင်နေပြီလို့ သိရပါတယ်။ အဆိုပါ အမြန်ချောပို့လုပ်ငန်းကို ပြည်တွင်းမြို့ကြီးများ ဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ မကွေး၊ မြိတ်နဲ့ ဘားအံမြို့ကြီးများကို အများပြည်သူများ ပို့ဆောင်လိုတဲ့ စီးပွားရေးဆိုင်ရာ စာရွက်စာတမ်းများ၊ ကိုယ်ရေးကိုယ်တာ အသုံးဆောင်ပစ္စည်းများ၊ ကုန်ပစ္စည်းနမူနာများ၊ လက်ဆောင်ပစ္စည်းများကို အချိန်နဲ့ တပြေးညီ ယနေ့ပို့ မနက်ဖြန်ရောက် စနစ်နဲ့ ပို့ဆောင်ပေးနေပြီး၊ ပို့ဆောင်ပြီးပါကလည်း ပို့ဆောင်သူထံကို ပစ္စည်းပို့ဆောင်ပြီးကြောင်း ဖုန်းနဲ့ချက်ချင်း အကြောင်းကြားပေးမှာ ဖြစ်ပြီး ပစ္စည်းလက်ခံတဲ့သူရဲ့ နာမည်ကိုပါ ထည့်သွင်း အကြောင်းကြားပေးမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် အများပြည်သူများအနေနဲ့ အဝေးပြေး ကားဂိတ်ကြီးများကို ပစ္စည်းများ ကိုယ်တိုင် သွားရောက် မပို့ဆောင်နိုင်ပါကလည်း အဝေးပြေးကားဝင်းများသို့ သွားရောက် ပို့ဆောင်ပေးခြင်း၊ တခြားမြို့များမှ ပို့လိုက်တဲ့ပစ္စည်းများကို သွားရောက် မယူဆောင်နိုင်ပါကလည်း သွားရောက် ယူဆောင်ပေးခြင်းများကို ဝန်ဆောင်မှုပေးနေတယ်လို့ ဆိုပါတယ်၊ UCS ကုမ္ပဏီအနေနဲ့ အများပြည်သူများအတွက် ပေးပို့လိုတဲ့ပစ္စည်းများကို စိတ်ချမ်းသာမှုရှိရအောင် ဝန်ဆောင်မှုများပေးနေသလို ကျောင်းသူ ကျောင်းသားများရဲ့ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများကိုလည်း အထူးဝန်ဆောင်မှု တစ်ရပ်အနေနဲ့ ၂၀ ရာခိုင်နှုန်းအထိ လျော့ချပြီး ဇူလိုင် ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

UCS ကုမ္ပဏီရဲ့ အမြန်ချောပို့လုပ်ငန်းများကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးနေပြီး ပြည်တွင်း အမြန်ချောပို့ စာတစ်စောင်ကို ရန်ကုန်-နေပြည်တော်အတွက် ပို့ခ ၂၅၀၀ ကျပ်နှုန်း၊ ရန်ကုန်-မန္တလေး စာတစ်စောင်ကို ၃၅၀၀ ကျပ်နှုန်းနဲ့ ပို့ဆောင်ပေးနေတာဖြစ်ပြီး အများပြည်သူများ ပေးပို့တဲ့ပစ္စည်းများ ပျောက်ဆုံး ပျက်ဆီးပါကလည်း (၅၀၀၀၀) ကျပ် ပေးလျော်မှာဖြစ်သလို ဒါမှမဟုတ် ပစ္စည်းရဲ့ မူလတန်ဖိုးအတိုင်း ပြန်လည် ပေးလျော်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ တိုးတက် ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ပြည်သူအများ စိတ်ချမ်းမြေ့စွာနဲ့ မိမိတို့ပေးပို့လိုတဲ့ ကုန်ပစ္စည်းများကို လုံခြုံစိတ်ချစွာနဲ့ ပေးပို့နိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အဆိုပါ United Conrier Seveices Co.ltd က ဒါရိုက်တာ ဦးဝင်းစံထွေးက ပြောပါတယ်။

ရတနာပုံသတင်း
http://www.yatanarpon.com.mm/news/news-61030

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား