img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

အမေရိကန်ထုတ် ဘဏ်လုပ်ငန်းသုံး ပစ္စည်းသစ်များ ဝင်ရောက်


By Pyi Myanmar

အမေရိကန်နိုင်ငံထုတ် ဘဏ်လုပ်ငန်းသုံး စက်ပစ္စည်းသစ်များ မြန်မာပြည် ဈေးကွက်အတွင်း စတင် ဝင်ရောက်လာပြီ ဖြစ်ကြောင်း ၂၁-၆-၂၀၁၂ ရက်က သိရသည်။ “ဒီလို ဘဏ်လုပ်ငန်းသုံး စက်ပစ္စည်းတွေ တင်သွင်းဖြစ်တာက ဘဏ်လုပ်ငန်းမှာ ထိထိရောက်ရောက် အသုံးကျတဲ့ ပစ္စည်းကောင်းတွေ သုံးနိုင်အောင် တင်သွင်းဖြစ်တာပါ။ အမေရိကန် နိုင်ငံထုတ် ATM စက်တွေအပြင် ဂျပန်နိုင်ငံထုတ် KUMA-HIRA Bank Vault Door ပစ္စည်းတွေ၊ Safe Deposit Box တွေနဲ့ ထိုင်းနိုင်ငံလုပ် Security Printing Product တွေကိုပါ တင်သွင်းလာတာပါ။ အခု တင်သွင်းတဲ့ Diebold ATM စက်တွေက အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံး ATM ထုတ်လုပ်ဖြန့်ဖြူးတဲ့ ကုမ္ပဏီကပါ” ဟု ကေတုမတီကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဈေးကွက်အတွင်း ဝင်ရောက်လာသည့် အမေရိကန်နိုင်ငံလုပ် ဘဏ်လုပ်ငန်းသုံး စက်များမှာ Diebold ၏ Opteva 522 နှင့် Opteva 562 ATM စက်များ၊ Opteva 375 အလိုအလျောက် ငွေသွင်း၊ ငွေထုတ်စက်များ၊ Opteva 326 အလိုအလျောက် ချက်လက်မှတ်ဖြင့် ငွေသွင်းစက်များ၊ Opteva 322 မိမိကိုယ်တိုင် ငွေစုစာအုပ်ဖြင့် လက်ကျန် စစ်ဆေးနိုင်သော စက်များဖြစ်ကြောင်း Diebold ATM စက်များသည် ငွေဖြည့်ရန် Cassettle Box ငါးခုနှင့် Reject Box တစ်ခု ပါရှိပြီး အလင်းပြန်မှုကို ကာကွယ်ပေးကြောင်း၊ Anti Skimming System အသုံးပြုထား၍ ရာသီဥတုဒဏ် ခံနိုင်ကြောင်း သိရသည်။

HNW
http://www.yatanarpon.com.mm/news/news-61021

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား