img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

Tablet တစ်လုံး ရရှိစေမည့် စီမံကိန်းကို ထိုင်းအစိုးရ စတင်



By Smart News

ထိုင်းနိုင်ငံအတွင်းရှိ မူလတန်းပညာ သင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် ကိုယ်ပိုင် Tablet တစ်လုံး ရရှိစေရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင် ပြောကြားလိုက်သည်။ လက်ရှိ အာဏာရ ပြူထိုင်းပါတီမှာ ၎င်းတို့၏ ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်ခရီးစဉ်များတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ မူလတန်းကလေးငယ် တစ်ဦးလျှင် Tablet တစ်လုံး အခမဲ့ ရရှိစေရမည်ဖြစ်ကြောင်း ကတိပေး စည်းရုံးခဲ့ဖူးသည်။
ကလေးငယ်များအတွက် Tablet များကို ထိုင်းအစိုးရက တရုတ်ကုမ္ပဏီ Shenzhen ကုမ္ပဏီထံမှ မှာယူ တင်သွင်းသွားမည် ဖြစ်သည်။ ပထမအသုတ်အဖြစ် လာမည့် သြဂုတ်လ ၁၈ ရက်နေ့တွင် Tablet အလုံးရေ ၄ သိန်းကို သင်္ဘောဖြင့် သယ်ဆောင်ရန်လည်း စာချုပ်ချုပ်ဆိုထားပြီ ဖြစ်သည်။ နှစ်ဖက်တာဝန်ရှိသူများက သဘောတူညီချက်အရ တရုတ်ကုမ္ပဏီ Shenzhen မှာ ထိုင်းနိုင်ငံသို့ Tablet အလုံးရေ ၅ သိန်း ရောင်းချသွားရန် စာချုပ်ချုပ်ဆိုထားသည်။ ထိုင်းအစိုးရမှာ နိုင်ငံတစ်ဝန်း မူလတန်းပညာ သင်ကြားလျက်ရှိသော ကလေးငယ် ၁ သန်းအား Tablet များ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ကန်ဒေါ်လာ ၃၂ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာထားသည်။

upi.com၊ ကိုကိုအောင်
http://www.yatanarpon.com.mm/news/news-60990

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား