img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

မောင်တောမြို့တွင် ရွာသွန်းခဲ့သော မိုးရေချိန် စံချိန်သစ်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်

၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်က မောင်တောမြို့တွင် ရွာသွန်းခဲ့သော မိုးရေချိန် စံချိန်သစ်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။  ၂၀၁၂ ခုနှစ် ဇွန် ၂၇ နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ မောင်တောမြို့တွင် ရွာသွန်းခဲ့သော မိုးရေချန် ၁၆ ဒသမ ၆၁ လက်မ(၄၂၂ မီလီမီတာ) သည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း အများဆုံး ဖြစ်ကြောင်း ၊ ယခင် အများဆုံးမိုးရေချိန်မှာ ၂၀၁၀ ပြည့်နှစ် ဇွန် ၁၇ ရက်က ရွာသွန်းခဲ့သော မိုးရေချိန် ၁၃ ဒသမ ၄၆ လက်မ (၃၄၂ မီလီမီတာ) ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား