img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

မြန်မာ၌ ကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းတွင်ဝိုင်ဖိုင်ဖြင့် အင်တာနက် ဝန်ဆောင်မှုပေးရန် လျှောက်ထားသည့် ကုမ္ပဏီ ၇၂ ခုအထိ ရှိနေကြောင်းြ

မြန်မာ၌ ကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းတွင်ဝိုင်ဖိုင်ဖြင့် အင်တာနက် ဝန်ဆောင်မှုပေးရန် လျှောက်ထားသည့် ကုမ္ပဏီ ၇၂ ခုအထိ ရှိနေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၃ ဆီးဂိမ်းတွင် ကျင်းပမည့် အားကစားကွင်းများ၌ ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက် သုံးစွဲခွင့်ပေးရန်အတွက် ပြည်တွင်းကုမ္ပဏီများအား ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။ “ဆက်သွယ်ရေးကို လာရောက်လျှောက်ထားတဲ့ ကုမ္ပဏီ ၇၂ ခုတောင် ရှိနေပြီ။ ဒီလောက်များတဲ့ ကုမ္ပဏီတွေအားလုံ ကို ပေးသွားဖို့ မရှိပါဘူး။
စိစစ်ရေးအဖွဲ့က ပြန်ပြီး လျှော့ချမှုတွေ ပြုလုပ်သွားရမှာပါ။ ကျင်းပမယ့်မြို့နယ်နဲ့ ဝိုင်ဖိုင်ထုတ်လွှင့်မယ့်ကုမ္ပဏီ မမျှတဲ့အတွက် လျှော့ချမှုတွေ ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ လက်ရှိတွင် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် မြို့ကြီးလေးမြို့မှ အားကစားကွင်းများကို အသုံးပြုသွားမည်ဖြစ်ပြီး ဝိုင်ဖိုင်စနစ်ကို ၎င်းအား ကစားကွင်းများအားလုံး အားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျင်းပမည့် မြို့ကြီးလေးမြို့မှ အားကစားကွင်းများမှာ နေပြည်တော်ရှိ ဇဗ္ဗူသီရိအားကစားကွင်းနှင့် အားကစားရွာ၊ ရန်ကုန်တိုင်းဒေသကြီးရှိ သုဝဏ္ဏအားကစားကွင်းနှင့် အခြားအားကစားကွင်းအချို့၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ  အားကစားကွင်းအချို့နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများဖြစ်ကြောင်း သိရသည်။ “ဝိုင်ဖိုင်စနစ်အပြင် အင်တာနက် မြန်နှုန်းတွေကို ပါတိုးမြှင့်ပြီး ပေးသွားဖို့ ဆောင်ရွက်သွားမှာပါ။ ပူးပေါင်းပါဝင်တဲ့ ကုမ္ပဏီတွေကိုတော့ သက်ဆိုင်ရာ မြို့တွေအလိုက် သတ်မှတ်ပေးပြီး ဝန်ဆောင်မှုပေးသွားခိုင်းမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပုဂ္ဂလိက ကုမ္ပဏီများကို အားကစားကွင်းများအား ဝိုင်ဖိုင် စနစ်ထုတ်လွှတ်ရန် ၂၀၁၂ မေလတတိယအပတ်တွင် ဖိတ်ခေါ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ်  Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား