img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

ငွေကြေးလုံခြုံမှုရှိရန် အသုံးပြုတပ်ဆင်သည့် Swift Exchange စနစ်အား ပြည်တွင်းရှိ ဘဏ် ၁၀ ဘဏ် အသုံးပြု တပ်ဆင်ခွင့်ရရှိပြီဖြစ်ကြောင်း

ငွေကြေးလုံခြုံမှုရှိရန် အသုံးပြုတပ်ဆင်သည့် Swift Exchange စနစ်အား ပြည်တွင်းရှိ ဘဏ် ၁၀ ဘဏ် အသုံးပြု တပ်ဆင်ခွင့်ရရှိပြီဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  “Swift Exchange ကရပြီ။ အခုနိုင်ငံခြားနဲ့ ချိတ်ဆက်နေတယ်။ တချို့လည်းပြီး တဲ့ဘဏ်တွေပြီးနေပါပြီ” ဟု တပ်ဆင်ခွင့်ရပုဂ္ဂလိက ဘဏ်တစ်ခုမှ အရာရှိတစ်ဦး ကပြောကြားသည်။
Swift Exchange စနစ်ဆိုသည်မှာ နိုင်ငံတကာနှင့် ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ရာတွင် အွန်လိုင်း လုံခြုံမှုရှိစေရန်နှင့် လွှဲပြောင်းမှုမြန်ဆန်ရေးတို့အတွက် အသုံးပြုတပ်ဆင်သည့် စနစ်ဖြစ်သည်။ ယခင်က အဆိုပါ Swift Exchange စနစ်ကို ဗဟိုဘဏ်အပါအဝင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့၌သာ တပ်ဆင်ထားမှုရှိပြီး ယခုလမှသာပြည်တွင်းမှ ပုဂ္ဂလိကဘဏ် ၁၀ ဘဏ် အား တပ်ဆင်အသုံးပြုခွင့် ပေးခြင်းဖြစ်ကြောင်း သိရသည်။ ယခုတပ်ဆင်ခွင့်ရသည့် ဘဏ် ၁၀ ဘဏ်မှာ AGD ဘဏ်၊ မြဝတီဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ MOB ဘဏ်နှင့် CB ဘဏ်တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘဏ်မှ ဝန်ထမ်းများအားယခုအခါ ဗဟို ဘဏ်မှခေါ်ယူ၍ Swift Exchange နှင့် သက်ဆိုင်သည့် အကြောင်း အရာများကို သင်တန်းပေးလျက်ရှိကြောင်း  ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား