img.emoticon { padding: 0; margin: 0; border: 0; }

Thursday, February 23, 2017

VMWare ESXi



VMware ESXi သည် Operating System ကိုမမှီခိုသော bare-metal hypervisor အမျိုးအစားဖြစ်ပါတယ်။ ESXi ရဲ့  နာမည် အရှည်ကတော့ “Elastic Sky X” ဖြစ်ပါတယ်။ ESXi သည် VMware vSphere 5.x အတွက် တစ်ခုတည်းသော hypervisor ဖြစ်ပါတယ်။ vCenter license ကိုဝယ်ယူရန်မလိုဘဲ ESXi ကို free download ရယူနိုင်ပါတယ်။

ယခုလက်ရှိ stable version ကတော့ ESXi 5.5 ဖြစ်ပီး September 2013 မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ESXi ကို hard disk, USB device ဒါမဟုတ် SD Card ပေါ်မှာပါ install လုပ်နိုင်တဲ့ အပြင် diskless host(directly into money) ပေါ်မှာ install လုပ်နိုင်တဲ့ vSphere Auto Deploy feature တွေပါဝင်လာပါတယ်။ VMware ESXi ကို လုံခြုံစိတ်ချရဖို့ အတွက် small disk footprint 144MB ခန့် ပါဝင်ပါတယ်။ ESXi ဟာ တခြား protection အနေဖြင့် Memory hardening, Kernel module integrity နဲ့  Trusted Platform Module(TPM) features တွေပါဝင်ပါတယ်။

 VMware ESXi ကို VMware Client နဲ့  VMware Command-Line Interface(vCLI) ပေါ်ကနေအသုံးပြုနိုင်ပါတယ်။ low-level configuration အတွက် Direct Console User Interface(DCUI)ကိုအသုံးပြုနိုင်ပါတယ်။ VMware Client ကို Microsoft based Operation System ပေါ်တွင်သာ အသုံးပြုနိုင်ပါတယ်။
VMware ESXi 5.5
အတွက် minimum hardware requirement ကတော့ 64bit  processor ဖြစ်ရမည့်အပြင် two cores ရှိရပါမယ်။ NX/XD bit ကို support လုပ်တဲ့ CPU ဖြစ်ရပါမယ်။ Memory ကတော့ အနည်းဆုံး 4GB ရှိရမှာဖြစ်ပြီး Production environment မှာဆိုရင်တော့ အနည်းဆုံး8GB ရှိသင့်ပါတယ်။ Hardware Virtualization( Intel VT-x ဒါမဟုတ် AMD RVI ) ကို BIOS မှာ enable လုပ်ထားရပါမယ်။ Network အနေနဲ့  အနည်းဆုံး 1GB or 10GB Ethernet  controller တစ်ခု ဒါမဟုတ် တစ်ခုထက်ပို ရှိသင့်ပါတယ်။
မိမိ server နှင့်ကိုက်ညီမှု ရှိမရှိကို http://www.vmware.com/resources/compatibility/search.php
မှာ စစ်ဆေးနိုင်ပါတယ်။


VMware ESXI install on VMware Workstation (Home LAB) 

၁။ အခု VMware ESXi 5.5 ကို VMware Workstation 10 ပေါ်မှာ install လုပ်ပါမယ်။ VMware ESXi 5.5 သည် အနည်းဆုံး vCPU 2 လုံး ၊ Memory 4GB Hard drive 80GB Network Card ၁ ခု  အနည်းဆုံး လိုပါတယ်။ ဒါအပြင် intel VT (Virtualization Technology) feature ကို BIOS တွင် enable လုပ်ပေးထားရန် လိုအပ်ပါတယ်။ 

၂။ Iso ကို အောက်ပါ link မှာ register လုပ်ပီး free download ရယူနိုင်ပါတယ်။ 
        http://www.vmware.com/go/get-free-esxi
VMware မှာ register လုပ်လိုက်ရုံဖြင့် ESXi ကို အချိန်အကန့် အသတ်မရှိ(limited feature) အသုံးပြုနိုင်ပါတယ်။ FULL feature ကိုတော့ ရက်၆၀ စမ်းခွင့်ပေးထားပါတယ်။

 ၃။ အခု ESXi ကို install လုပ်ပါမယ်။


၎။Welcome Screen Wizard  ပေါ်လာရင် Enter ကိုနှိပ်ပါ။ ပြီးရင် End User License Agreement(EULA) Wizard ပေါ်လာရင် F11 ကိုနှိပ်ပီး Accept လုပ်ပါ။

 ၅။Select a Disk to install Wizard ပေါ်လာရင် Storage Device ကိုရွေးပြီး Enter နှိပ်ပါ။
Confirm  Install Wizard ပေါ်လာရင် F11 ကိုနှိပ်ပြီး install လုပ်ပါ။

 

၆။ Installation ပြီးဆုံးသွားရင် reboot လုပ်ပေးပါ။


၇။ အခု VMware ESXi ကို စတင် အသုံးပြုနိုင်ပါပြီ။ Management IP ကို static ပေးရန်အတွက် DCUI (F2) ထဲကိုဝင်ပါမယ်။ (DCUI နှင့်ပတ်သက်သည့်အကြောင်းအရာများကို
VMWARE ESXI မှ DCUI အကြောင်း PART-1 တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။)

 ၈။ Configure Management Network မှ IP Configuration တွင် static IP ကိုရွေးပြီး IP ထည်.ပါ။

၉။ DNS Configuration တွင် DNS server IP နဲ့hostname ကို အမည်ကိုထည့်ပါ။

၉။ အားလုံးပြီးဆုံးသွားရင် Esc Key ကိုနှိပ်ပြီးထွက်ကာ Y (yes) ကိုရွေးပေးပါ။


 အခုဆိုရင် VMware ESXi server ကို VMware client ပေါ်မှာ စတင် အသုံးပြုနိုင်ပါပြီ။

VMware vsphere Client ကို Install ပြုလုပ်ခြင်း
 ၁။ အခု Vsphere Client ကို download ချရန်အတွက် Internet browser မှနေ VMware ESXi IP ကိုရိုက်ပါ။ Certificate Error ပြရင် Continue to this website (not recommended) ကိုရွေးပါ။ 

၂။ Web Browser မှာvSphere Environment မှာ အသုံးဝင်တဲ့ applications တွေကို download ချလို့ ရမယ့် linkတွေကို တွေ့ ရမှာပါ။ vsphere Client ကို download ချပါ။ 


၃။ vsphere Client ကို download ချပြီးသွားရင်တော့ အောက်ဖော်ပြပါအတိုင်း step by step install လုပ်ပါ။ 

  
၎။ VMware vSphere Client ပေါ်မှ ESXi Server ကို access လုပ်ရန်အတွက် ESXi IP နှင့် username/password ကိုရိုက်ပါ။

၅။ အခုဆိုရင် VMware ESXi server ကို VMware client ပေါ်မှနေ၍  စတင် အသုံးပြုနိုင်ပါပြီ။



VMware Vsphere Client Interface အကြောင်း
Vsphere Client ကို Right Panel အပေါ်ဘက်တွင် Tab ပေါင်း ၉ ခု ဖြင့် ဖွဲ့ စည်းထားပါတယ်။ 


1၁။ Getting Started Tab
 ဒီ tab ကိုတော့ အပေါ်ဘက် ညာဘက်ခြမ်းတွင်ရှိတဲ့ close tab[X] နှိပ်ပြီး ဖျက်နိုင်ပါတယ်။

          Deploy from the VA Marketplace - ကတော့ VMware Virtual Appliance Marketplace ထဲမှ pre-built လုပ်ပြီးသား Virtual Machines တွေကို download ဆွဲပြီး အသင့် သုံးနိုင်ပါတယ်။ Marketplace ထဲမှာတော့ Free virtual appliance တွေကိုရနိုင်ပေမယ့် vendors အများစုကတော့ license လိုအပ်ပါတယ်။
           Create a new virtual machine – ကတော့ virtual machine တစ်ခုကို အသစ် စတင် deploy လုပ်သည့် အချိန်တွင် သုံးပါတယ်။



1၂။ Summary Tab
Summary Tab ကတော့ အဓိကအားဖြင့် လက်ရှိ အသုံးပြုနေတဲ့ Host Server ရဲ့ information တွေစုစည်းပေးထားတာပါ။ အသေးစိတ်ပြောရမယ်ဆိုရင်တော့

General - မှာတော့ Host Server တစ်ခုလုံးရဲ့ system information တွေကို ပြပေးတာပါ။
Resources - ကတော့ Host server ပေါ်တွင် လက်ရှိအသုံးပြုနေတဲ့ resources တွေကို ပြပေးပါတယ်။
Fault Tolerance - ကတော့ Host server ပေါ်မှာ defined လုပ်ထားတဲ့ fault tolerance setting တွေကိုပြပေးပါတယ်။( Fault Tolerance Feature ကိုတော့ Free Version မှာ အသုံးပြုခွင့် မပေးထားပါဘူး။)
Commands - မှာတော့ Host server အတွက် အသုံးပြုနိုင်တဲ့ commands တွေပါ ပါတယ်။
Host Management – ကတော့ လက်ရှိ အသုံးပြုနေတဲ့ Host Server ကို VMware vCenter ပေါ်မှနေ manage ပြုလုပ်ခြင်းဖြစ်ပါတယ်။( Host Management ကိုတော့ Free Version မှာ အသုံးပြုခွင့် မပေးထားပါဘူး။)



1၃။ Virtual Machines
Virtual Machines tab မှာတော့ host ပေါ်တွင် installed လုပ်ထားတဲ့ Virtual Machines တွေရဲ့ စာရင်း ကိုပြပေးတဲ့ အပြင် Virtual Machines တွေရဲ့ Usage တွေကိုပါ ပြသပေးပါတယ်။


၎။ Resources Allocation Tab
Resources Allocation ကတော့ Host server ပေါ်တွင် လက်ရှိအသုံးပြုနေတဲ့ resources pools တွေနဲ့  အဆိုပါ pools တွေရဲ့ CPU Memory limitation တွေပြသပေးပါတယ်။ 



 ၅။ Performance Tab
              Performance tab
မှတော့ Host server ပေါ်မှာ လက်ရှိအသုံးပြုနေတဲ့ CPU Memory Network Storage စရှိသဖြင့်ကို Graphic Chart ဖြင့်ဖော်ပြပေးပါတယ်။




Configuration
Configuration tab မှာတော့ ESXi Server ရဲ့  အမျိုးမျိုးသော settings တွေကို ဒီတစ်နေရာထဲမှာ ပြင်ဆင်နိုင်ပါတယ်။ အဆိုပါ tab ကို Hardware group နဲ့  Software Group ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။

          Hardware - မှာတော့ hardware နဲ့  ပတ်သက်တဲ့ information များကို စုစည်းပေးထားပြီး hardware aspect တွေဖြစ်တဲ့ Storage နဲ့  Networking အပိုင်းကို configure ပြုနိုင်မှာဖြစ်ပါတယ်။

          Software - ကတော့ Software နဲ့  ပတ်သက်တဲ့ setting များကိုပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ (example – license, etc.)


Hardware အပိုင်းကို အသေးစိတ် ပြောရမယ်ဆိုရင်

                    Health status – ဒီ section မှာ server ရဲ့ ယေဘူယျ health အခြေအနေကို ဖော်ပြပေးပါတယ်။

                  
                    Processors – Processor Model
အမျိုးအစား နဲ့ Speed အမြန်နှုန်း, CPU socket အရေအတွက် နှင့် core အရေအတွက်တွေကို ဖော်ပြပေးပါတယ်။

                    Memory – Host မှာပါဝင်တဲ့ Total Memory amount ကိုပြသပေးပါတယ်။ ပြီးတော့ system memory ကယူသုံးတဲ့ reserved လုပ်ထားတဲ့ ပမာဏ နဲ့  Virtual Machines တွေအတွက် အသုံးပြုနိုင်တဲ့ ပမာဏကို ပြသပေးထားပါတယ်။ 


                    Storage –  Host system က access လုပ်နိုင်တဲ့ datastores တွေကို   ပြပေးပါတယ်။ နောက်တစ်ခုက ဒီsection မှာ datastore အသစ်တွေကို NFS, iSCSI ကိုသုံးပြီးတော့ ထပ်ထည့်နိုင်ပါတယ်။  

                    Networking –  ESXi Host မှာ Physical network adapter နဲ့  vNetwork Standard Switch(VSS) တွေ ချိတ်ဆက်ထားပုံတွေကို ပြသပေးပါတယ်။ ဒါအပြင် မိမိ စိတ်တိုင်းကျ VSS များကို Create လုပ်နိုင်ခြင်း VLAN ခွဲခြင်း Promiscuous mode(packet sniffing) ပြုလုပ်ခြင်း နှင့် NIC Teaming များပြုနိုင်ပါတယ်။ 

                    Storage Adapter – Storage adapter section
မှာတော့ Host နဲ့  ချိတ်ဆက်ထားတဲ့ Storage adapter တွေကိုမြင်တွေ့ နိုင်တဲ့ အပြင် Software iSCSI Adapter နဲ့  FCoE Adapter တွေကိုပါ အသစ်ထည့်သွင်းနိုင်ပါတယ်။

                    Network Adapter –  ESXi Host နဲ့  ချိတ်ဆက်ပေးထားတဲ့ NIC cards တွေကို ဖော်ပြပေးထားပါတယ်။ ဒါအပြင် NIC Card တွေမှာ ပါဝင်တဲ့ MAC Address , Speed အမျိုးအစားတွေ ပါဝင်ပါတယ်။


Configuration tab ရဲ့ Software အပိုင်းကို အသေးစိတ် ပြောရမယ်ဆိုရင်


                   Licensed Features - ဒီ section မှာတော့ VMware ESXi license ကိုထည့်သွင်းနိုင်ပါတယ်။ ပြီးတော့ အသုံးပြုနိုင်တဲ့ Feature list ပါဖော်ပြပေးထားပါတယ်။

                 Time Configuration - Date
နဲ့  Time တွေကို ဒီ section မှာ ထည့်သွင်းနိုင်ပါတယ်။ Production မှာ NTP server ရှိမယ်ဆိုရင်လည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။  
                   DNS and  Routing - hostname,  DNS server နဲ့  default gateway တွေနဲ့  ပတ်သက်ပြီး configure ပြုလုပ်နိုင်ပါတယ်။ 

                   Authentication Services - Production
မှာရှိတဲ့ Active Directory Server နဲ့  ချိတ်ဆက် အသုံးပြုနိုင်ပြီး user account များကို AD မှ control ပြုနိုင်မှာ ဖြစ်ပါတယ်။

           
                  Virtual Machine Startup/Shutdown - ESXi host
တွင် startup/ shutdown  ဖြစ်သည့်ကာလများတွင် VM များကိုလည်း auto start / stop ဖြစ်အောင်ပြုလုပ်ပေးပါတယ်။

                   Virtual Machine Swapfile location - Virtual Machine
များ၏ swap file တွေကို ပိုမိုမြန်ဆန်လာစေရန်အတွက် တခြား datastore တစ်ခုထဲတွင် သိမ်းဆည်းထားနိုင်ပါတယ်။
               

                   Security Profile - ESXi Host
မှာ ရှိတဲ့ Services တွေရဲ့ demon တွေကို start stop ပြုလုပ်နိုင်ပါတယ်။ ဒါအပြင် ESXi ရဲ့ Firewall ပါ ပါဝင်ပြီး Service တွေရဲ့ port တွေကို မိမိစိတ်ကြိုက် manage လုပ်နိုင်မှာဖြစ်ပါတယ်။

                   Host Cache Configuration -
မိမိမှာ SSD Datastore ရှိပါက Host ကိုပိုမိုမြန်ဆန်လာစေရန် SSDကို Host cache အနေဖြင့် configure ပြုလုပ်နိုင်ပါတယ်။

                   System Resource Allocation -
ဒီ section မှာ advanced setting အများအပြား ပါဝင်ပါတယ်။                    


local Users and Groups -
ဒီ tab မှာတော့ ESXi အတွက် local users နဲ့  groups တွေကို Create လုပ်နိုင်ပါတယ်။
                
Event  - ဒီ tab မှာတော့ local host system ရဲ့ ဖြစ်ပေါ်ဆဲ/ဖြစ်ပေါ်ခဲ့ အခြေအနေ events တွေကိုဖော်ပြပေးပါတယ်။ 


Permissions -
ဒီ tab မှာတော့ ESXi မှ local users တွေရဲ့ permissions တွေ ပြင်ဆင်နိုင်ပါတယ်။



VMware ESXi မှ DCUI အကြောင်း Part-1


DCUI(Direct Console User Interface) ဆိုသည်မှာ front-end management system တစ်ခုဖြစ်ပြီး အခြေခံကျသော configuration များကိုပြင်ဆင်နိုင်ရန် နှင့် troubleshooting option များကိုထည့်သွင်းပေးထားပါတယ်။



DCUI System Customization တွင် Root Password ပြောင်းရန်၊ Basic Network settings နှင့် Trouble shooting Option များ ပါဝင်ပါတယ်။ အသေးစိတ်ပြောမယ်ဆိုရင်တော့

Configure Password - ESXi Server(host) root password ကို set/reset ပြုလုပ်ရန် ဖြစ်ပါတယ်။



 Configure Lockdown Mode - Lockdown feature ကိုတော့ free version မှာအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

Configure Management Network 

  • Network Adapters - မှာတော့ ESXi host နဲ့  ချိတ်ဆက်ထားတဲ့ Network Adapters တွေကို တွေ့ မြင်ရမှာဖြစ်ပြီး ရွေးချယ်ထားတဲ့ network adapter ကတော့ management network အတွက် အသုံးပြုမှာဖြစ်ပါတယ်။  




  • IP Configuration - မှာတော့ ESXi host အတွက် အသုံးပြုမည့် IPv4, Subnet Mask နဲ့  Gateway တို့  ထည့်သွင်းပေးရမှာဖြစ်ပါတယ်။



  • IPv6 Configuration - ကတော့ ESXi host အတွက် အသုံးပြုမည့် IPv6 နဲ့  Gateway တို့  ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ (If necessary)

  • DNS Configuration - မှာတော့ name ကို resolve လုပ်နိုင်ရန်အတွက် Primary, Secondary DNS Server တို့ IP Address ကိုထည့်ပေးရမှာပါ။ ထို့ အပြင် ESXi hostname မှာ ရေးပေးရပါမယ်။ 



  • Test Management Network – ကတော့ management network နှင့် connection ရမရ စမ်းသပ်ခြင်းဖြစ်ပါတယ်။


Network Restore Options

  • Restore Network Settings – Networking ပတ်သက်တဲ့ Settings တွေကို restore ပြုလုပ်ခြင်း။
  • Restore Standard Switch – Standard Switch မှ Config setting များကို restore ပြုလုပ်ခြင်း။( ဒီ feature ကိုတော့ free version မှာအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။)
  • Restore vDS - vDS မှ Config setting များကို restore ပြုလုပ်ခြင်း ။( ဒီ feature ကိုတော့ free version မှာအသုံးပြုနိုင်မှာ မဟုတ်ပါဘူး။)




Configure Keyboard - မှာတော့ မိမိ အသုံးပြုလိုတဲ့ Keyboard Type ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

Troubleshooting Options
  • Enable ESXi Shell – ESXi host server ထဲသို့  command line ဖြင့် access ပြုလုပ်ခြင်း။ Default မှာ system က disable လုပ်ထားပါတယ်။
         


  •  Enable SSH - ESXi host server ထဲသို့  SSH Protocol ကို အသုံးပြုပြီး remote ဖြင့် access ပြုလုပ်ခြင်း။ Default မှာ system က disable လုပ်ထားပါတယ်။       

  

  •  Modify ESXi Shell and SSH timeouts – interactive ဖြစ်နေတဲ့ ESXi shell နဲ့ SSH တို့ ၏ sessions တွေရဲ့  အချိန်တွေကို ပြောင်းလဲနိုင်ပါတယ်။

  •  Restart Management Agents -  remote shell အသုံးပြုခွင့်ပေးတဲ့ management agent ကို restart ပြုလုပ်ခြင်းဖြစ်ပါတယ်။


View System Logs - ကတော့ ESXi မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို log အနေနဲ့ ပြသပေးပါတယ်။ log အမျိုးအစားပေါင်း ၆ မျိုးလောက်ပြသပေးပါတယ်။
          1 - Syslog
          2 - vMkernel
          3 - Config
          4 - Management Agent (hostd)
          5 - VirtualCenter Agent (vpxa)
          6 - VMware ESXi Observation log (vobd)
ကိုယ် ရှာချင်တဲ့ keyword ကို / ခံပြီး log file ထဲမှာ ရှာနိုင်ပါတယ်။ ပြန်ထွက်ချင်ရင်တော့ q (or) ZZ ကိုနှိပ်ပါ။


View Support Informationမှာတော့ Serial Number, license key, SSL thumbprint နဲ့  SSH DSA key တို့ ၏ information ကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။
Reset System Configuration - ကတော့ System Setting အားလုံးကို နဂိုမူလအတိုင်း ပြန်ဖြစ်အောင် reset ပြုလုပ်ခြင်းဖြစ်ပါတယ်။ 



ESXi server ကို ESXi Shell ဖြင့် အသုံးပြု ခြင်း
 ၁။ESXi host server တွင် ESXi Shell access ရရန် အတွက် Troubleshooting Mode Options တွင် ESXi Shell ကို enable လုပ်ထားရပါမယ်။ 
 ၂။Enable လုပ်ပြီးသွားရင်တော့ host server ပေါ်မှာပဲ Alt+F1 ကိုနှိပ်ပါက ESXi Shell သို့ ရောက်ရှိသွားပါမယ်။ 


ESXi server ကို SSH ပေါ်မှ အသုံးပြု ခြင်း
၁။ ESXi host server တွင် SSH Service ရရန် အတွက် Troubleshooting Mode Options တွင် SSH ကို enable လုပ်ထားရပါမယ်။ 
၂။ ESXi host နဲ့ ချိတ်ဆက်ထားတဲ့ Client PC မှနေ  SSH protocol ဖြင့် access လုပ်ပါ။ အခုတော့ window client ပေါ်မှ putty သုံးကာ access လုပ်ပါမယ်။ 



SSH Session
ပေါ်မှလဲ DCUI ကို access လုပ်နိုင်ပါတယ်။ command က တော့ #dcui ပါ။
DCUI
မှထွက်ချင်တယ်ဆိုရင်တော့  Ctrl+C ကိုနှိပ်ပါ။

VMware ESXi အေကြာင်း တေစ့တေစာင်း....

*****VMware ESXi ရဲ့ History တြေ အသုံးဝင် ပုံ တြေကို သင်ရျွာပီ ဖက်နိုင် မည်ဟု မေ်္လာင် ပါသည်*****


သင်ဟာ သင့်ရဲ့ local servers တြေအတြက် hardware တြေအမ်ားကြီး မသုံး ခ်င် တဲ့အခါ မွာ သင်ဟာ သင်ရဲ့ local servers တြေကို Virtual Run  ဖို စဉ္စား ကောင်း စဉ္စားပါ လိမ် မယ်. အဲဒီအခါ က်ရင်တော့ လက်ရွိ မွာတော့ VMware ESXiက အေကာင်းဆုံးလျိုမင္မိပါတယ်...

ဘာကြောင် လဲဆိုတော့ VMware ESXi 4.1(VMware 5 က Release လုပ္ဖို နီးနေပျါပီ Free Version ရမရေတာ့ မသိသေး ဘူး) အထိကို free version အေနနဲ့ အသုံျးပုလို ရ ပါတယ်... Free Version ဆိုပေမဲ့လဲ Full Version ရဲ့ 80% လောက် ကျိုပည့်ျပည့်စုံစုံ ရွိလွပါတယ်.. www.vmware.com မွာ Account ဖြင့်ျပီ download လုပ်နိုင္ပါတယ် Free Version အ တြက် License Key  ပါပေး ပါ လိမ္မယ်. License Key မထဲ့ ရင်တော့ ရက်သုံးဆယ် version ပေါ့... Free License Keyနဲ့ Active လုပ်ျပီရင် တော့ Never Expiresျဖစ္ပါမယ်...

အဲ တခုက VMware ESXi OS အတြက် တကဲ့ ကို Virtualization Support ပေးတဲ့ Server Hardware (Product for VMware) နဲ့ Host လုပ် မွာလား ဒါမွ မဟုတ်  High Performance PC တလုံးနဲ့ လုပ္မွာ လားဆိုတာ တော့ ကိုရဲ့ Budget ပေါ်မူတည်ျပီ ဆုံျးဖတ် ပေါ့...
(Note: Datacenter
တြေ Large Network and Servers Infrastructure  တြေ အတြက္ဆိုရင် တော့ VMware အတြက် သီးသန် ထုတ္တဲ Product  ပဲသုံး ပါတယ်/ တြေဝယ် သင္ပါတယ်..)

သာမန် အတြက် ဆိုရင်တော့ High Performance Type တြေကိုပဲ  သုံးသင် ပါတယ် ။။ ဘာလိုလဲ ဆိုတော့ တကယ် Server Product for VMware တြေက စေ်းမေသး လိုပါ... :)

ဒါဆိုရင် VMware ESXi support  ပေးတဲ့ Hardware တြေ ရြေးခ်ယ် ဖို လိုလာပျါပီ...
VMware ESXi
က hardware တိုင်းနဲ့ တော့ compatible  မျဖစ္ပါဘူး အဲ့ဒါ ကြောင် VMware ESXi အတြက် Hardware ဝယ်တော့မယ် ဆိုရင် အရင္ဆုံး compatibleျဖစ္မဲ့ hardware ကိုမဝယ္ခင် ရြေးခ်ယ် သင္ပါတယ်။။။ ဝယ်ျပီးမွ compatible မျဖစ်ဝူး ဆိုသျေပီ ပဲ..

VMware  ESXi  compatible 
ျဖစ္တဲ့ hardware list  ကို ဒီ Link (http://www.vm-help.com/esx40i/esx40_whitebox_HCL.php  || http://ultimatewhitebox.com/ ) တြေနဲ့ checkျပီရြေးခ်ယ်နိုင္ပါတယ်...

အဒီက တြေနိုင္တဲ့ problem တြေကေတာ့
1) onboard network card
တော်တ္မော်ားမ်ား default support မျဖစ္ပါဝူး ( supportျဖစ္တဲ့ network card သက်သက်ဝယ်ျပီးသုံး ရင် အဆင်ျေပပါတယ် / မဝယ္ခ်င္ဘူး ဆိုရင်တော့ driver patch  ရွာ downloadျပီ သုံးနိုင္ပါတယ် )
2) Storage
အတြက် RAID လုပ္မယ္ဆိုရင် Software RAID  နဲ့ Compatible မျဖစ္တာ မ်ားပါတယ် ( Hardware RAID ဝယ်သုံးပါ )

ရြေးခ်ယ် list လုပ်ျပျီပီဆိုရင်တော့ မိမိ ၏ list အရ hardware ဝယ်ျပီ install လုပ်နိုင္ပျါပီ..

Note: Network Card
သက်သက်သုံး မယ် / နောက္မွ Driver Patch ကို download လုပ်သုံး မယ္ဆို ရင်တော့ compatible မျဖစ္တဲ့ Onboard Network Card  ကို Disable လုပ်ျပီ မွ ESXi Installation Completeျဖစ်နိုင္ပါမယ်.
အသိတစ်ယောက်က နိုင်ငံခြားမှာထွက်ပီး အိုင်တီနဲ့ အလုပ်လုပ်ချင်တယ် ဒါမှမဟုတ် ပြည်တွင်းမှာလဲ အဆင့်မှီမှီ လစာကောင်းကောင်းလေးနဲ့ အိုင်တီ အလုပ်လုပ်ချင်တယ် ဘာတွေ သိသင့်လဲ မေးလာတော့ ပြောပြရမှာက များတာရယ် တစ်ခြားသူတွေလည်း သိသင့်တယ် ထင်တာကြောင့် နုတ်စ်ထုတ်လိုက်တာ….
ကျွန်တော်လက်ရှိ လုပ်နေတာက Systems Engineer အနေနဲ့ ဖြစ်ပီး Microsoft ကို အထူးပြု လုပ်တာဖြစ်တဲ့အတွက် အဲ့ဒါကို ဦးစားပေး ရေးသွားမှာပါ….

အခုလက်ရှိမှာ မြန်မာပြည်က လူငယ်တွေ အများစုကလည်း ရေလိုက်လွဲနေကြတာ တွေ့ရတယ်…. Microsoft ရဲ့ Windows တွေထဲမှာ Client Version ဖြစ်တဲ့ Windows XP, Vista, 7, 8 အစရှိတာတွေကို တင်တတ်တယ်၊ ပြင်တတ်တယ်၊ Tweak လုပ်တတ်တယ်၊ Software တွေ Crack လုပ်တတ်တယ် ဆိုတာနဲ့ပဲ ကိုယ့်ကိုကိုယ် တော်တော်လေးတတ်နေပီလို့ အထင်ရောက်နေကြတာ များပါတယ်…. ရှေ့ဆက် လေ့လာမှုပိုင်းမှာ အားနည်းလာကြတာကို တွေ့ရပါတယ်…. ဒီနေရာမှာ တစ်ခုပြောချင်တာက Software တွေကို Crack လုပ်တာ Patch လုပ်တာ ခက်ခဲတဲ့ ပညာရပ်တစ်ခု မဟုတ်သလို၊ နိုင်ငံတကာ ကုမ္ပဏီတွေ ၀င်ရောက်လာချိန်မှာ နိုင်ငံတကာရဲ့ မူပိုင်ခွင့်တွေ သက်ဝင်လာမှာ ဖြစ်တဲ့အတွက် တရားမ၀င်တဲ့ အလုပ်တွေ ဖြစ်ပါတယ်တရားဥပဒေနဲ့ ငြိစွန်းတဲ့အတွက် ထောင်ဒဏ် နှစ်ပေါင်းများစွာ ကျနိုင်တဲ့အထိ ပြင်းထန်တာကို သတိပြုဖို့ လိုအပ်ပါတယ်…. လက်ရှိ တစ်ကမ္ဘာလုံးမှာ အသုံးများဆုံး Office Server တွေမှာ သုံးတဲ့ Operating System ကိုကြည့်မယ်ဆိုရင် Microsoft Windows Server Operating System တွေကို အလဲထိုးနိုင်တာ မပေါ်သေးပါဘူး…. ဒီအတွက် Microsoft Windows Server Version တွေကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ရှိဖို့ လိုအပ်ပါတယ်….

အထူးသဖြင့် Active Director ပိုင်းမှာ Domain Infrastructure တွေနဲ့ ပါတ်သက်လို့ ကျေညက်အောင် လေ့လာဖို့ လိုအပ်ပါတယ်…. AD နဲ့ ဆက်နွယ်နေတဲ့ DNS Server လို့ ခေါ်တဲ့ Domain Naming Server ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သိနေဖို့ လိုပါတယ်…. ကုမ္ပဏီ တစ်ခုမှာ ကွန်ပျူတာတွေ အရမ်းများလာတဲ့အခါမှာ ထိမ်းသိမ်းရ လွယ်ကူစေရန် IP Address တွေကို တစ်လုံးကို တစ်ခု အသေ (Static) လိုက်မထည့်တော့ပဲ DHCP လို့ခေါ်တဲ့ Dynamic နဲ့ Auto Assign လုပ်တာကို အသုံးများကြပါတယ်…. ဒီအတွက်လည်း DHCP နဲ့ ပါတ်သက်လို့ ကျေညက်အောင် သိရှိထားသင့်ပါတယ်…. အထူးသဖြင့် Microsoft Windows မှာ ပါဝင်လာတဲ့ Features တွေဖြစ်တဲ့ IIS, SMTP, HyperV, DFS, RRAS, NAT, Print Server Function အစရှိတာတွေကို ပိုင်နိုင်စွာ အသုံးချနိုင်ဖို့ လေ့လာထားသင့်ပါတယ်….

ဒါဟာ Operating System ပိုင်းနဲ့ပါတ်သက်လို့ အခြေခံသဘောအားဖြင့် သိရှိထားသင့်တာ ဖြစ်ပါတယ်…. အများစုဟာ လူအသုံးပြုရ လွယ်ကူတဲ့ Graphical User Interface နဲ့ဖြစ်ကြပေမယ့် တကယ့်လုပ်ငန်းခွင်မှာတော့ လျင်လျင်မြန်မြန် လုပ်နိုင်တဲ့ Command Line တွေကိုလည်း သိရှိထားသင့်ဖို့ လိုပါတယ်…. ဒီနေ့မှာ CLI တွေအတွက် /? သို့မဟုတ်၊ /help ဆိုတာကို ရိုက်လိုက်ရင် တွဲဖက်သုံးရမှာတွေကို ကြည့်လို့ရသလို အင်တာနက်မှာလည်း တက်ပီး ရှာဖွေလေ့လာလို့ ရပါတယ်…. Linux နဲ့ Unix ပိုင်းကို စိတ်ဝင်စားသူများအနေနဲ့လည်း ကိုယ်သန်တဲ့အပိုင်းကို ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်…. ဘယ်ပညာရပ်မဆို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရင် အလုပ်မရှားပါဘူး…..

Operating System ပိုင်းကို ကျွမ်းကျင်စွာ သုံးတတ်ပီဆိုရုံနဲ့ အလုပ်ရှာရလွယ်မယ်လို့ ယူဆလို့ မရပါဘူး…. Application Server နဲ့ပါတ်သက်တဲ့ တစ်ခုခုကိုလည်း ကျွမ်းကျင်မှုရှိဖို့ လိုအပ်ပြန်ပါတယ်…. Application Server တွေကို လေ့လာမယ်ဆိုရင် Web Server, Email Server, RDS Server (aka Terminal Server), Database Server, Communication, Collaboration, Firewall အစရှိသဖြင့် အများကြီး ရှိပါတယ်…. Web Server အနေနဲ့ကတော့ လက်ရှိ အသုံးများကြတာ Microsoft Windows မှာ တွဲဖက်ပါဝင်တဲ့ IIS ဖြစ်ပါတယ်…. Linux, Unix နဲ့ တွဲသုံးတဲ့ Apache လည်းသုံးကြပါတယ်…. RDS နဲ့ ပါတ်သက်လို့ Microsoft Windows မှာ ပါဝင်တဲ့ RDS ကိုပဲ သုံးကြပါတယ်……

Email Server အနေနဲ့က တစ်ကမ္ဘာလုံး အသုံးများတာကတော့ Microsoft Exchange Server ပဲ ဖြစ်ပါတယ်…. သူ့ရဲ့ အားသာမှု Features များ၊ Fault Tolerance ကောင်းမွန်မှု အများအပြားကြောင့် ကျန်တဲ့ Email Server တွေထက် နာမည်ကျော်တာလည်း ဖြစ်ပါတယ်….. Exchange Server ကို ပိုင်နိုင်ဖို့အတွက် Microsoft Active Directory ကို ကျွမ်းကျင်မှု ရှိဖို့လိုပါတယ်….. ဆာဗာပိုင်းကို ဇောက်ချလေ့လာမယ့် လူငယ်များကို Exchange Server ကိုလည်း လေ့လာစေချင်ပါတယ်…. နိုင်ငံတကာ အဖွဲ့အစည်း အများစုဟာ Exchange Server ကို သုံးတဲ့အတွက် ဖြစ်ပါတယ်….

Exchange Server ကို ပိုင်နိုင်သွားရင် သူနဲ့ တွဲသုံးရတဲ့ Microsoft Lync ဆိုတဲ့ Chat, Voice, Video Conferencing & Communication အတွက် သုံးတဲ့ ဆာဗာ ရှိပါတယ်လက်ရှိ အချိန်မှာ လူသုံးနည်းပေမယ့် တွင်ကျယ်စွာ အသုံးပြုလာနိုင်ချေ ရှိတယ်လို့ ဆိုနိုင်ပါတယ်…. ထို့အတူ လုပ်ငန်းအတူတူ လုပ်ဆောင်ရာမှာ ပူးပေါင်းလုပ်ဆောင်ခြင်းကို အထောက်အကူဖြစ်စေဖို့ Data Collaboration ကောင်းစွာ လုပ်ဆောင်နိုင်တဲ့ Portal များစွာ ဖန်တီးနိုင်တဲ့ Microsoft Sharepoint ကိုလည်း လေ့လာထားဖို့ လိုအပ်ပါတယ်….. Application Firewall အနေနဲ့ကတော့ Microsoft TMG (aka ISA) ရှိပါတယ်…. လူကြိုက်နည်းလှတယ် ဆိုရမယ်…. အခြားသော Checkpoint Firewall Application တွေရှိပေမယ့် Hardware Firewall ကို လူကြိုက်များလှပါတယ်….

Database Server အနေနဲ့ကတော့ Microsoft SQL Server, My SQL Server, Oracle SQL Server အစရှိသဖြင့် နာမည်ကျော် SQL ဆာဗာတွေ ရှိပါတယ်….. Database Administrator, Database Architecture တွေဟာလည်း ၀င်ငွေ ကောင်းလွန်းလှပါတယ်…. Database Designing နဲ့ ပါတ်သက်လို့လည်း လေ့လာထားသင့်ပါတယ်…. ဒါတွေဟာ Operating System ပြီးရင် နောက်က လိုက်နေတဲ့ Application Server များပဲ ဖြစ်ပါတယ်…. ထိုအထဲမှာ Application Virtualization အနေနဲ့ အခုလက်ရှိ ကမ္ဘာမှာ နေရာယူထားတာကတော့ Citrix ရဲ့ Xen APP ပဲ ဖြစ်ပါတယ်….

XenAPP ရဲ့ အလုပ်လုပ်ပုံဟာ Application တစ်ခုကို လူများစွာ သုံးနိုင်ရန် မျှဝေ သုံးစွဲစေခြင်း ဖြစ်ပါတယ်…. ဥပမာအားဖြင့် Microsoft Word သုံးရန် ကွန်ပျူတာတိုင်းမှာ Microsoft Word ရှိရန်မလိုအပ်ပဲ XenAPP ဆာဗာကို ချိတ်ဆက်ခြင်းဖြင့် Microsoft Word ကို ကွန်ပျူတာတိုင်းမှာ သုံးနိုင်ပါတယ်…. ကွန်ပျူတာသာမက Handphone, Tablet အစရှိတာတွေမှာလည်း အသုံးပြုနိုင်သလို Operating System Platform လည်းမရွေးပါဘူး…. ဘာကြောင့် Citrix ရဲ့ XenAPP ကို အသုံများသလဲဆိုရင် လက်ရှိ ကမ္ဘာမှာ ဆော့ဝဲတွေကို ကွန်ပျူတာ အလုံးစေ့အတွက် ၀ယ်မသုံးနိုင်ပါဘူး….. ဥပမာအားဖြင့် Microsoft Dynamic GP ကိုအသုံးပြုရန် ကွန်ပျူတာ တစ်လုံးအတွက် အနည်းဆုံး ဒေါ်လာ ၄၀၀၀ နဲ့အထက်မှာ ရှိပါတယ်ဒါကြောင့် အသုံးပြုမယ့် Application ကို Citrix ရဲ့ XenAPP ဆာဗာမှာ တင်ထားပြီး Publish လုပ်ခြင်းဖြင့် ဒေါ်လာ ၄၀၀၀ တန်ဆော့ဝဲကို လူ ၁၀ ယောက်က တစ်ချိန်တည်းမှာ မျှဝေသုံးစွဲလို့ ရပါတယ်….. တရားဝင်ပါတယ်…. ဒါကြောင့်လည်း နောက်ပိုင်းမှာ Software Licensing နဲ့ပါတ်သက်လို့ Per Device အစား Per User နဲ့ ပြောင်းလဲ ကောက်ခံလာကြတာ ဖြစ်ပါတယ်….

ဒိနောက်မှာတော့ Server Virtualization ကို ဆက်လေ့လာဖို့ လိုပါတယ်….. အခုလက်ရှိ ခေတ်စားနေတဲ့ Cloud Computing ဆိုတာ Virtualization ပဲ ဖြစ်ပါတယ်ဒီနေ့ လူသုံးများတဲ့ Server Hypervisor  တွေကတော့ Microsoft HyperV, VMWare ESXi နဲ့ Citrix ရဲ့ XenServer တို့ပဲ ဖြစ်ပါတယ်…. အသေးစိပ်ကို အောက်က လင့်တွေမှာ လေ့လာနိုင်ပါတယ်…. Operating System ပိုင်း Application Server ပိုင်းကျွမ်းကျင်ရုံနဲ့ မရသေးပါဘူး…. အဆိုပါ Operating System များနဲ့ တွက်ဖက်အလုပ်လုပ်မယ့် Server တွေရဲ့ Hardware ပိုင်းကိုလည်း နားလည်ဖို့ လိုပါတယ်…..

Harddisk Configuration တွေဖြစ်တဲ့ RAID 1, RAID 0, RAID 5, RAID 1 0, RAID 0 1, RAID 5 0 အစရှိတာတွေလည်း လေ့လာရမှာ ဖြစ်ပါတယ်…. အဆိုပါ RAID System များဟာ Fault Tolerance အတွက် သုံးတယ်ဆိုရင်လည်း မမှားပါဘူး……. Server Hardware များသာမက NAS များ အလုပ်လုပ်ပုံ NAS များနဲ့ ဆာဗာများ ချိတ်ဆက်ရာမှာ သုံးတဲ့ iSCSI, Fiber Chanel အစရှိတာတွေလည်း အနည်းဆုံး တီးမိ ခေါက်မိတဲ့အဆင့်ထက်တော့ ပိုနေဖို့လိုပါသေးတယ်…. NAS တွေများစွ ကျွမ်းကျင်ပိုင်နိုင်စွာ ဒီဇိုင်းပြုလုပ်နိုင်တဲ့ Manage လုပ်နိုင်တဲ့ Storage Administrator များဟာလည်း ကျွမ်းကျင်မှုပေါ် မူတည်ပြီး လစာကောင်းမွန်ပါတယ်….

ဒါတွေပီးရင် အဓိက အရေးကြီးတဲ့ အပိုင်းကျန်ပါသေးတယ်အဲ့ဒါကတော့ Data BackUp ပဲ ဖြစ်ပါတယ်လုပ်ငန်းကြီးလာတာနဲ့အမျှ Data တွေရဲ့ အရေးပါမှုကိုလည်း မေ့ထားလို့ မရပြန်ပါဘူး…. နာရီပိုင်း ဒေတာ ဆုံးရှုံးမှု၊ သေးငယ်သော File လေးတစ်ခု ဆုံးရှုံးမှုဟာ ဒေါ်လာသန်းချီတဲ့ ဆုံးရှုမှုအထိ ဖြစ်သွားနိုင်ပါတယ်…. ဒါ့ကြောင့် Data Backup ကို ကုမ္ပဏီအများစုဟာ အထူးဂရုပြု လုပ်လာကြတာ ဖြစ်ပါတယ်…. အများအားဖြင့် Tape Backup ကို သုံးကြပါတယ်…. Data Backup ဆိုတဲ့နေရာမှာ ပျက်သွားရင် ပြန်လည် Restore ပြုလုပ်နိုင်ရန်၊ ပြုလုပ်တတ်ရန်လည်း လိုပါတယ်…. သို့မှာသာ Disaster Recovery ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်မှာပါ….. Backup Software အနေနဲ့ အသုံးများကြတာကတော့ Mid Size တွေမှာ Symantec Backup Exec, CA ARCServe, Veeam တို့ဖြစ်ပီး Enterprise လယ်ဗယ်မှာတော့ Symantec ရဲ့ NetBackup တို့ပဲ ဖြစ်ပါတယ်….

အချို့ကတော့ နက်ဝါ့ကင်း ပိုင်းကို အားသန်ပြီး CCNA (Cisco Certified Network Associate) Certificate ရထားရင် အလုပ်မရှားဘူး၊ လစာကောင်းတယ်ဆိုပီး CCNA ကို မေးခွန်းတွေ ကြည့်ပီး တစ်ပွဲတိုး စာမေးပွဲ အောင်ရုံ အလွတ်ကျက် ဖြေကြပါတယ်…. ဥာဏ်ကောင်းတဲ့ လူတွေအတွက် ကျောင်းစာသင်သလို စာကျက်ပီး ဖြေလိုက်ကြတော့ အောင်တော့သွားပါရဲ့ လက်တွေ့ မလုပ်တတ်ကြတာ များပါတယ်…. ကျွန်တော် အားမပေးပါဘူး…. ဘယ်ပညာရပ်မဆို လက်တွေ့ တတ်မြောက်မှ လုပ်ငန်းခွင်မှာ တကယ်အခက်အခဲ တွေ့ရချိန်မှာ လုပ်နိုင်ကိုင်နိုင်မှာ ဖြစ်ပါတယ်…. ကျွန်တော့်အသိ နိုင်ငံခြားသား တစ်ယောက်ပါ၊ အရင်က ဟော်တယ်လုပ်ငန်းမှာ လုပ်ပါတယ်….

လစာကောင်းလို့ Cisco ကို CCNP အထိ ဖြေပြီး Networking မှာ အလုပ်လုပ်ပါတယ်….. တကယ် လုပ်ရချိန်မှာ Experiences မရှိတဲ့အတွက်ကြောင့် အခက်အခဲများစွာ ရင်ဆိုင်သွားရပီး နောက်ဆုံး ဖိအားများတဲ့ ကွန်ပျူတာ လောက မှ နှုတ်ထွက်သွားပါတယ်…. Cisco ပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့ လုပ်သလိုပဲ အခြားသော Networking Devices များဖြစ်တဲ့ HP, Fortigate, SonicWall, Checkpoint, F1 အစရှိတဲ့ Networking ပိုင်းက ပစ္စည်းတွေများစွာ ရှိနေသေးတာကိုလည်း သတိပြုမိဖို့ လိုပါတယ်….

နည်းပညာဆိုတာ တန့်မနေပါဘူး အမြဲ တိုးတက်နေပါတယ်…. သူ့ရဲ့ Concept နဲ့ အခြေခံ သဘောတရားတွေကို နားလည်နေမှ အသစ်အသစ်တွေကို လွယ်ကူစွာ Pickup လုပ်နိုင်မှာ ဖြစ်ပါတယ်…. အဲ့ဒိအတွက် အလွတ်ကျက်ခြင်းမျိုးကို ကျွန်တော် အားပေးလေ့ မရှိပါဘူး…. သေသေခြာခြာ နားလည်တဲ့အထိ လေ့လာစေချင်ပါတယ်…. စာကျက်သလို အော်ကျက်နေခြင်းမျိုးဟာ ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်မယ့်သူအတွက် ကြီးစွာသော မှားယွင်းမှု ဖြစ်ပါတယ်…..

ဒီနေရာမှာ Certificate ဆိုတာ ဒီပညာရပ်ကို၊ ဒီဟာနဲ့ ပါတ်သက်တဲ့ သီအိုရီတွေကို ကျွမ်းကျင်ကြောင်း သက်သေခံ လက်မှတ်ဖြစ်ပီး၊ ဒါနဲ့ ဆက်နွယ်တဲ့ Experiences ဆိုတာကတော့ ဒီပညာရပ်၊ ဒီသီအိုရီတွေကို လက်တွေ့အသုံးချထားတဲ့ လုပ်ငန်းအတွေ့အကြုံတွေပဲ ဖြစ်ပါတယ်…. Certificate ရှိပီး Experience မရှိရင်လည်း အဆင်မပြေသလို Experience ရှိပီး Certificate မရှိတဲ့အခါမှာ အလုပ်အကူးအပြောင်းမှာ ကိုယ့်ရဲ့ အရည်အချင်းကို မှတ်ကျောက်တင်ခံဖို့ အခက်အခဲ ရှိနေမှာ ဖြစ်ပါတယ်….

တစ်ချို့တွေ အငြင်းပွားနေတဲ့ လက်တွေ့နဲ့ သီအိုရီ ဘယ်ဟာ အရေးကြီးလည်း ဆိုတာနဲ့ ပါတ်သက်လို့ လက်တွေ့လည်း ရှိဖို့လိုသလို သီအိုရီလည်း ပိုင်နိုင်ဖို့ လိုပါတယ်….. လက်တွေ့သာရှိပီး သီအိုရိ မရှိသူဟာ ကန္တာရ ခရီးကြမ်းကို မြေပုံမရှိပဲ အရဲကိုး ဖြတ်သလိုပါပဲ…. သီအိုရီသာ ရှိပိး လက်တွေ့ မရှိသူဟာ ကန္တာရ ခရီးကြမ်းကို ဖြတ်သန်းဖို့ မြေပုံရှိပေမယ့် မထင်မှတ်ပဲ ဖြစ်လာမယ့် ကိစ္စတွေအတွက် ဖြေရှင်းဖို့ ဘ၀ပေးပညာက အဆင်သင့်ရှိမနေတာမျိုး ဖြစ်နေမှာပါ….. လက်တွေ့နဲ့ သီအိုရီ ထပ်တူကျပါမှ အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်မယ်ဆိုတာ မမေ့စေချင်ပါဘူး….

ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပဲ ဖြစ်ပါတယ်…. အဆိုပါ ပညာရပ်တွေကို တတ်ကျွမ်းဖို့အတွက် မိမိကိုယ်တိုင်က ကြိုးစားချင်စိတ် ရှိဖို့ လိုပါတယ်…. အလုပ်အကိုင်ကောင်း မရှိလို့ မကြိုးစားဘူးလို့ပြေတဲ့ ဆင်ခြေတွေဟာ အလုပ်အကိုင်ကောင်းတွေ ရှိနေချိန်မှာ ဘာမှ အထောက်အကူ မဖြစ်ပါဘူးအချိန်ရှိခိုက် လုံ့လမစိုက်မိတဲ့ ကိုယ့်အပြစ်ကို ကိုယ်ခံရမှာ ဖြစ်ပါတယ်….. ပညာရေး နည်းစနစ်ကို အပြစ်တင်နေမယ့်အစား ကိုယ်တိုင်က ကြိုးစားသွားရင် ကိုယ်ထိုင်ရမယ့် ထိုင်ခုံကို ကိုယ့်ဟာကို တည်ဆောက်ယူသွားနိုင်မှာ ဖြစ်ပါတယ်

မကြာမှီပွင့်လင်းတဲ့ စီးပွားရေး စနစ်တွေကို ရောက်ရှိလာချိန်မှာ ပေါများလာမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်…. ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကမ္ဘာကြီးမှာ ကိုယ်က နောက်ကျ ကျန်နေလို့ မဖြစ်ပါဘူး.... ယခုလက်ရှိ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ကိုယ့်နိုင်ငံသား မြန်မာလူမျိုး ကျွမ်းကျင် ပညာရှင်တွေဟာ အခြေအနေကောင်းရင် အမိနိုင်ငံကို ပြန်လာကြမယ့် လူတွေများပါတယ်…. အဲ့ဒိအချိန်မှာ ကိုယ်ဟာ အဆင့်သင့်ဖြစ်မနေရင် လစာခြင်းယှဉ်ချိန်မှာ သူများထက် နိမ့်ကျနေမှာကို ကြိုတွေးပီး ပြင်ဆင်ဖို့ လိုပါတယ်….. အပေါ်က ရေးသွားတဲ့ စာတွေနဲ့ ယှဉ်တွဲဖတ်ဖို့ ကျွန်တော်အရင်က ရေးခဲ့တဲ့ စာလေးတွေလည်း ဒီစာအဆုံးမှာ References အနေနဲ့ ထည့်ထားပေးပါတယ်…. အပေါ်မှာ ရေးထားတာတွေကို ဖတ်ကြည့်ပီး အားလုံးတတ်မှ ဖြစ်မှာလားဆိုပီး စိတ်ဓါတ်ကျဖို့ မလိုပါဘူး…… ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကို မတတ်ပါဘူး.......

အဓိကက ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကြောင်းဖို့ လုပ်နေတဲ့ လူငယ်တွေ ဘယ်လမ်းကို ရွေးရမလဲ ရွေးချယ်ရခက်နေချိန်မှာ သိသင့်တာလေးတွေကို တတ်နိုင်တဲ့ဘက်က ဖြည့်စွမ်းပေးဖို့ ရည်ရွယ်ပါတယ်…. ကိုယ်အောင်မြင်ဖို့ ဘ၀လမ်းကြောင်းကို ကိုယ့်ဟာကိုယ် တက်နိုင်အောင် ကြိုးစားဖို့ အသိအမြင်တွေ ရရှိစေဖို့ ဖြစ်ပါတယ်....အထူးသဖြင့် ဒီနေ့လို ထူးခြားတဲ့ ၁၂ ရက်၊ ၁၂ လ၊ ၁၂ ခုနှစ်မှာ ဘ၀လမ်းကို သေသေခြာခြာ လျှောက်လှမ်းခြင်တဲ့  လူငယ်တွေထဲက အနည်းဆုံး တစ်ယောက်လောက်အတွက် ဒီစာဟာ လမ်းကြောင်းတစ်ခုကို ချပေးနိုင်တယ်ဆိုရင် ကျွန်တော်ရေးရကြိုး နပ်ပါတယ် ခင်ဗျာ….





http://2.bp.blogspot.com/-myf6nQL3m7E/TneMnvw5iQI/AAAAAAAADLo/u3p5eRC3w_U/s640/Snap_2011.09.19_22h39m11s_043.png  

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား