img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, December 3, 2014

ဆမ်ဆောင်းနှင့်ပေါင်းသည့် MPT ကတ်သာ အင်တာနက် တန်းသုံးနိုင်မည်


ပြည်တွင်းသတင်း / 14 hours ago

ဆမ်ဆောင်းဟန်းဆက်နှင့် တွဲဖက်ရောင်းချသည့် ဆင်းကတ်များမှလွဲ၍ ဈေးကွက်အတွင်းရှိ မည်သည့် MPT ကတ်မဆို အင်တာနက်စနစ် မပါဝင်ဘဲ အသုံးပြုလိုပါက ငွေသွင်းလျှောက်ထားရမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မိုဘိုင်းဖုန်းဈေးကွက်တွင် ရောင်းချနေသူများက MPT ဆင်းကတ်များမှ အင်တာနက်စနစ် လျှောက်ထားစရာမလိုဘဲ တန်းသုံးနိုင်သည့်အပြင် ယခင်ရောင်းချထားခဲ့သည့် ကျပ်တစ်ဆယ့်ငါးသိန်း၊ ကျပ်ငါးသိန်း၊ ကျပ်နှစ်သိန်း ဖုန်းများပါ လျှောက်ထားစရာမလိုဘဲ အင်တာနက် သုံးနိုင်တော့မည်ဟု လိမ်လည်ပြောဆို ရောင်းချလျက် ရှိနေသည်။ အဆိုပါ သတင်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး အဆင့်ရှိသူတစ်ဦးက “ကျွန်တော်တို့ တရားဝင် ရောင်းချပေးနေတဲ့ ရန်ကုန်စာတိုက်ကြီးရဲ့ ဆင်းကတ်တွေ အပါအဝင် ဈေးကွက်ထဲက ကတ်တွေအားလုံး ကျပ်တစ်သောင်းနဲ့ အင်တာနက်သုံးဖို့ လျှောက်ရမှာပါ။ ဆမ်ဆောင်းတစ်ခုပဲ Promotion အနေနဲ့ ပူးပေါင်းထားလို့ အင်တာနက် ဖွင့်ပေးထားတာပါ” ဟု ပြောသည်။ လက်ရှိ ဆမ်ဆောင်းနှင့် ပူးပေါင်းထားသည့် Promotion မှာ Note 4 ဟန်းဆက် ဝယ်ယူပါက အင်တာနက် အသင့်ဖွင့်ထားသည့် MPT ဆင်းကတ်နှင့် ငွေဖြည့်ကတ် ကျပ်တစ်သောင်း ထည့်သွင်းပေးထားကြောင်း၊ ဒီဇင်ဘာလကုန်အထိ လုပ်ဆောင်ထားကြောင်း ဆမ်ဆောင်းကုမ္ပဏီမှ သိရသည်။ ဆမ်ဆောင်းမြန်မာပြည် Head of Sale ကိုဇာနည်ဝင်းထက်က “ကျွန်တော့်ဆီက ပေးတဲ့ကတ်တွေကို ဈေးကွက်မှာ ပြန်ရောင်းလို့ အခုလိုဖြစ်တယ် ထင်ပါတယ်” ဟု ပြောသည်။ ယင်းအခြေအနေကြောင့် ဈေးကွက်အတွင်းရှိ MPT ဆင်းကတ်များ၏ ဈေးနှုန်းမှာလည်း အနည်းငယ် မြင့်တက်သွားခဲ့ပြီး အချို့သောဆိုင်များတွင် ဈေးမြှင့်၍ တစ်ဆင့်ပြန်လည် ရောင်းချနိုင်ခြင်းပင် မရှိတော့ကြောင်း သိရသည်။ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းအနီးရှိ MPT ဆင်းကတ် ရောင်းချနေသူတစ်ဦးက “တစ်ဆင့်ဝယ်ယူပြီး ရောင်းတာပါ။ ၁ ရက်နေ့ကစပြီး အင်တာနက်တွေ ဖွင့်မယ်ဆိုပြီးတော့ ရောင်းပါတယ်။ ဒါပေမဲ့ အခုထိ မပွင့်သေးဘူး။ တတိယ အပတ်လောက်မှပဲ ပွင့်မယ်ဆိုတာ ပြောနေကြပါတယ်။ ဈေးကတော့ နည်းနည်းတက်လာလို့ ဝယ်မရဖြစ်နေပါတယ်” ဟု ပြောသည်။ လက်ရှိ MPT ဆင်းကတ်၏ ပေါက်ဈေးမှာ နံပါတ်အပူးဂဏန်း ယူမည်ဆိုပါက ကျပ် ၆၀၀၀ နှုန်းဖြစ်ပြီး ရိုးရိုးနံပါတ်အတိုင်း ဝယ်ယူပါက ကျပ် ၅၀၀၀ နှုန်းဖြစ်ကြောင်း၊ ယခင်ဈေးထက် ထက်ဝက်ကျော် ဈေးတက်ခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။"

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား