img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, October 29, 2014

ကာကွယ်ရေး ၀န်ကြီးဌာန၏ စစ်ဆင်ရေးလုပ်ငန်းအတွက် ထပ်တိုးတောင်းခံငွေ ကျပ်သန်း ၁၀၀ အား...


Eleven Media Group's Facebook Wall / Eleven Media Group
ပြောင်းသုံးစွဲပေးပါရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ကာကွယ်ရေး ဝန်ကြီးဌာန၏ စစ်ဆင်ရေးလုပ်ငန်းအတွက် ထပ်တိုးတောင်းခံငွေ ကျပ်သန်း ၁ဝဝ အား ငြိမ်းချမ်းရေးခေါင်းစဉ်သို့ လွှဲပြောင်းသုံးစွဲပေးပါရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဆွေးနွေးပြောကြားသည်။

အောက်တိုဘာ ၂၉ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ဒေါ်နန်းဝါနုက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စစ်ဆင်ရေးလုပ်ငန်းအတွက် ထပ်တိုးတောင်းခံငွေကျပ် သန်း ၁ဝဝ ကို ကာကွယ်ရေးဝန်ကြီးဌာနအောက် ငြိမ်းချမ်းရေးခေါင်းစဉ်သို့ ခေါင်းစဉ်လွှဲပြောင်း သုံးစွဲပေးပါရန် (သို့မဟုတ်) လျှော့ချပေးပါရန် အဆိုပြုတင်ပြအပ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောကြားသည်။

ကာကွယ်ရေး အသုံးစရိတ်များ၏ ၃၂ ရာခိုင်နှုန်းကျော်ကိုသာ စစ်ဆင်ရေးနှင့် တိုက်ခိုက်ရေးများတွင် အသုံးပြုသဖြင့် ကာကွယ်ရေး အသုံးစရိတ်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်မည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က “ကာကွယ်ရေး အသုံးစရိတ်မှာ သာမန်အသုံးစရိတ် ၄၆ ရာခိုင်နှုန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ၅၃ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အသုံးစရိတ်တွေကို ခွဲကြည့်မယ်ဆိုရင် လစာနဲ့စရိတ်ဟာ ၄၆ ဒသမ ၁၂ ပါဝင်ပြီး တိုက်ခိုက်ရေးကဏ္ဍ (တိုက်ခိုက်ရေးကဏ္ဍဆိုတာ စစ်ဆင်ရေး အသုံးစရိတ်လို့ပဲ တင်ပြမယ်ဆိုရင်) ၃၂ ဒသမ ၈၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကာကွယ်ရေးအသုံးစရိတ် ၁ဝဝ ရာခိုင်နှုန်းမှာ စစ်ဆင်ရေး တိုက်ခိုက်ရေးနဲ့ ပတ်သက်တာ သုံးပုံတစ်ပုံပဲ ဖြစ်ပြီးတော့ ကျန်နှစ်ပုံက လစာနဲ့စရိတ်တွေ၊ အုပ်ချုပ်မှုကိစ္စတွေနဲ့ အဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာသာ သုံးစွဲတာဖြစ်တဲ့အတွက် စစ်နဲ့ပတ်သက်တာ သုံးပုံ,ပုံတစ်ပုံသာ သုံးစွဲပါကြောင်း တင်ပြလိုပါတယ်” ဟု လွှတ်တော်သို့ လာရောက်ရှင်းလင်း ပြောကြားထားသည်။
Visit website

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား