img.emoticon { padding: 0; margin: 0; border: 0; }

Sunday, July 27, 2014

MECTel 800 MHz မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုနှစ်ခု

mectel
MECTel 800 MHz မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုနှစ်ခုကို စတင်လျှောက်ထား အသုံးပြု နိုင်ပြီဖြစ်ရာ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် အထိ အခမဲ့သုံးစွဲနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။  ယခင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှရောင်းချ ပေးနေသည့် GSM နှင့် WCDMA မိုဘိုင်းဖုန်းများတွင် သာလျှောက်ထားအသုံး ပြုနိုင်သည့် VMS (Voice Mail Service)နှင့် MCA (Missed Call Alert) ဝန်ဆောင်မှုများကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ရောင်းချပေးနေသည့် MECTel မိုဘိုင်းဖုန်းများတွင် စတင်ဝန် ဆောင်မှုရပြီဖြစ်သည်။  ‘‘၂၅ ရက်ကနေ ၃၁ ရက်အတွင်း အသုံးပြုမယ်ဆိုရင် Free အသုံးပြုလို့  ရမှာပါ။

ဩဂုတ် ၃၁ ရက်ကစပြီးတော့ လစဉ်ကြေး ဖြတ်မှာပါ’’ဟု 1876 Call Center မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။  VMS(Voice Mail Service)ဝန်ဆောင်မှုအသုံးပြုလိုသူများ အနေဖြင့် နံပါတ် ၂၃၃ သို့ Open VMS ဟု ရိုက်နှိပ်ပြီး မက်ဆေ့ခ်ျ ပေးပို့လျှောက်ထားနိုင်ပြီး MCA (Missed Call Alert) ဝန်ဆောင်မှု အတွက် နံပါတ် ၂၃၃ သို့ Open MCA ဟု မက်ဆေ့ခ်ျပို့လျှောက် ထားနိုင်ရာ ထိုဝန်ဆောင် မှုနှစ်ခုအတွက် လစဉ်ကြေးအဖြစ် ၁,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။

ဖုန်းပိတ်ထားချိန်၊ ဆက်သွယ်မှု ဧရိယာပြင်ပသို့ရောက် ချိန်နှင့် ဖုန်းပြောဆိုနေချိန်များတွင် ဝန်ဆောင်ပေး သည့် Voice Mail Service မှာ မိမိဖုန်းတွင် ဖုန်းခေါ်ဆိုသူထံမှ စကားသံချန် ထားခဲ့နိုင်သည့် ဝန်ဆောင် မှုဖြစ်ပြီး Missed Call Alert ဝန်ဆောင် မှုမှာ မိမိဖုန်းသို့ ခေါ်ဆိုထားသော နံပါတ်များကို ဆက်သွယ်မှုပြန် လည်ရရှိချိန်တွင် အသိပေး အကြောင်းကြားသည့် ဝန်ဆောင်မှုများဖြစ်ပြီး ပြန်ဖျက်လိုပါက နံပါတ် 233 သို့ပင် Cancel VMS နှင့် Cancel MCA ဟု မက်ဆေ့ခ်ျ ပေးပို့၍ ပြန်လည်ဖျက်သိမ်းနိုင်သည်။  MECTel CDMA 800MHz မိုဘိုင်းဖုန်းများတွင် အဆိုပါဝန် ဆောင်မှုနှစ်ခုကိုသာ စတင်အသုံး ပြုနိုင်ခြင်းဖြစ်ပြီး မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းများတွင် အဆိုပါဝန်ဆောင်မှုနှစ်ခုအပါ  ထပ်တိုးဝန်ဆောင်မှုလေးခုကို ၂၀၁၃ ခုနှစ် အောက်တိုဘာက စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးပြီးဖြစ်သည်။

7Day News Journal

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား