img.emoticon { padding: 0; margin: 0; border: 0; }

Sunday, July 27, 2014

စိတ်ဖိစီးမှုကင်းသော ဘ၀တစ်ခုတည်ဆောက်ရန်

သင်အလုပ်ရှုပ်နေပြီး တရားထိုင်ရန်နှင့် အသက်ရှူလေ့ကျင့် ခန်းလုပ်ရန် အမှန်တကယ်အချိန်မရှိဖြစ်နေလျှင် သည်းခံစိတ်လျော့ နည်းလာပြီး သင်၏အလုပ်အစီအစဉ်ကို အနှောင့်အယှက်ဖြစ်စေမည့် စိတ်ဖိစီးမှုမြင့်တက်လာနိုင်သည်။

စိတ်ဖိစီးမှုကင်းသော ဘ၀တစ်ခုတည်ဆောက်ရန် မခက်ခဲဘဲ အလွယ်တကူပင်ရရှိနိုင်သည့် စိတ်ဖိစီးမှုကင်းအောင်နေရန် လုပ်ဆောင်ရမည့် အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည်။ အမြဲတမ်းဆိုသလို စိတ်ဖိစီးမှုကင်းအောင်နေနိုင်ရန် စိတ်ကို ထိန်းချုပ်ထားဖို့လိုသည်။ ဘ၀တွင်ကြုံတွေ့လေ့ရှိသော ကိစ္စ  သေးသေးမွှားမွှားများကြောင့် အနှောင့်အယှက်မဖြစ်နိုင်မည့် စိတ်အကာအကွယ်တစ်ခုလိုအပ်သည်။ ယင်းအကာအကွယ်ကို ရရှိရန် နေ့စဉ်တစ်ကြိမ်ထက်ပို၍ တရားထိုင်ရမည်ဖြစ်ကြောင်း ယောဂဆရာကီယာရေးက ပြောသည်။
မည်သည့်နေရာတွင် ဖြစ်စေ တရားထိုင်နိုင်သည်။ မျက်စိကို ပိတ်ထားပြီး ၀င်လေထွက်လေ မှတ်ပါ။ နှာသီးဝသို့ လေထိတွေ့သည်ကို အာရုံစူးစိုက်ပါ။ ယင်းကဲ့သို့ တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ်ခန့် ၈ မိနစ်မှ ၁၀ မိနစ်အထိ ပုံမှန်လုပ်ပါ။

စိတ်ဖိစီးမှုကို ဖြေရှင်းရာတွင် အိပ်စက်ခြင်းမှာ လွန်စွာ အရေးပါကြောင်း အိပ်စက်ခြင်းနှင့် ပတ်သက်သော ပညာရှင်များကပြောသည်။ ညဘက်ကောင်းစွာ အိပ်စက်ပါက စိတ်ဖိစီးမှုဖြစ်စေသော ဟိုမုန်းများနည်းသွားပြီး စိတ်ဖိစီးမှုကိုခုခံနိုင်သည့် အခြားဟိုမုန်းများပိုမိုထုတ်လုပ်သည်ဟု ကျွမ်းကျင်သူများကပြောသည်။ အရွယ်ရောက်ပြီးသူများအဖို့ တစ်နေ့လျှင် ၇ နာရီမှ ၈ နာရီ အထိ အိပ်စက်ရန်လိုအပ်သည်။ အိပ်စက်ရာနေရာမှာလည်း အရေးကြီးသည်။ ရေဒီယိုလှိုင်းများဒဏ်မှ ရှောင်ရှားရန် အိပ်ရာနားတွင် လက်ကိုင်ဖုန်းများ မထားပါနှင့်။
အိပ်ခန်းထဲတွင် ရုပ်မြင်သံကြားမထားသင့်ပါ။ အာရုံထွေပြားခြင်းမှကာကွယ်ရန် အလုပ်အကြောင်း သတိရစေမည့် အရာများအားလုံးကို အိပ်ခန်းအပြင်ဘက်တွင် ထားပါ။ အိပ်စက်ရန် ကြိုးစားစဉ် သင်၏အတွေးများကို ရပ်ထားလိုက်ပါ။
လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဦးနှောက် ဆဲလ်များ သန်မာလာစေပြီး စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်လာသည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါက စိတ်ဖိစီးမှုမှာ သဘာဝအလျောက် အနည်းဆုံးအဆင့်သို့ ရောက်ရှိသွားပေမည်။
အားကစားခန်းမတွင်သာ လေ့ကျင့်ခန်းလုပ်ရန် မဆိုလိုပါ။ နေရောင်ခြည်ကောင်းစွာရသော နေရာများ၌ လမ်းလျှောက်ခြင်းဖြင့် အမှန်တကယ်စိတ်ကြည်လင်လန်းဆန်းစေပြီး စိတ်ကြိုက်လေ့ ကျင့်ခန်း လုပ်ခြင်းက ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။
အိမ်မွေးတိရစ္ဆာန်များနှင့် အချိန်ဖြုန်းပေးခြင်းကလည်း စိတ် ဖိစီးမှုကင်းဝေးစေပြီး စိတ်ကို ပိုအေးဆေးစေနိုင်ကြောင်း သုတေသနပြုချက်များအရသိရသည်။ အိမ်မွေးတိရစ္ဆာန်များက သင်၏ အတွင်းပိုင်းစိတ်အနှောင့်အယှက်ဖြစ်မှုကို ကာကွယ်ပေးနိုင်သည်။ သင့်ကို စိတ်ကျေနပ်စေသည်။         Ref:Internet

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား