မောင်မန်း ACM Re-Post 5-6-2014
#Huawei က မြန်မာနိုင်ငံမှာ သူတို့ရဲ့ ကမ်္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Ascend P7 ကို မေလ ၃၀ ရက်က မိတ်ဆက်လိုက်ပါတယ်။
ဒီဖုန်းအကြောင်း စိတ်ဝင်စားစရာတွေထဲမှာ ကမ္ဘာ့အပါးလွှာဆုံးရယ်လို့ ဂုဏ်လုပ်စရာအပြင် ဘာတွေရှိ မလဲဆိုတာ လေ့လာ ကြည့်ရအောင်။
Huawei ရဲ့ ဒီဇိုင်းပိုင်းဖန်တီးမှု
၂၀၁၁ ခုနှစ်ကနေစတင်ထုတ်လုပ်တဲ့ Huawei ရဲ့ P စီးရီးတွေကိုကြည့်ရင် ထူးခြားတဲ့ ဒီဇိုင်းကြောင့် အားလုံးစိတ်ဝင်စားခဲ့ ရပါတယ်။ လေးထောင့်ပုံစံမျိုး ဖြစ်မနေဘဲ အနားနှစ်ဖက်ကို အနည်းငယ်ကွေးထားတဲ့
ပုံစံဟာ Huawei တို့ရဲ့ ဖန်တီးမှုပါပဲ။ ဒီဇိုင်းမှာ ထူးခြားတဲ့ နောက်တစ်ချက်က လက်မတစ်ချောင်းတည်းနဲ့ Function တွေ အားလုံးကို သုံးနိုင်အောင် ဖန်တီးထားတဲ့ ပုံစံပါ။ မျက်နှာပြင်ဘေးဘက်က ပိုနေတဲ့ နေရာတွေကို လျှော့ချထားပါတယ်။
4G LTE Network ကို အထောက်အပံ့ပေးတယ်
လက်ရှိမြန်မာနိုင်ငံရဲ့Network က 4G မရသေးဘူးဆိုပေမယ့် နိုင်ငံတကာ အော်ပရေတာတွေ ၀င်ရောက် လာတဲ့ အချိန်မှာ 4G Network ရခဲ့ရင် အထောက် အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်း
ထိပ်တန်းစမတ်ဖုန်းတွေကို စိန်ခေါ်ပြီး ဂုဏ်ယူနိုင်မယ့်အချက်က ၆ ဒသမ ၅ မီလီမီတာပဲရှိတဲ့ ပါးလွှာတဲ့ တည်ဆောက်မှုပါ။ Huawei အသုံးပြုသူတွေအတွက် ကမ်္ဘာနဲ့ယှဉ်ပြီး ပြောနိုင်မယ့်အချက်တစ်ခုပေါ့။ ပါးလွှာ ပေါ့ပါးမှုကြောင့် အသုံးပြုသူ တွေ စိတ်ကြိုက်တွေ့မှာ အသေအချာပါပဲ။
ကင်မရာအရည်အသွေး
လူမှုကွန်ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်တဲ့ပုံတွေ တင်ချင်တဲ့သူတွေအတွက် ထိပ်တန်းစမတ်ဖုန်း တွေလိုပဲ ဖြည့်ဆည်း ပေးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာက 8MP အထိပါဝင်ပါတယ်။ နောက်ဘက်က ကင်မရာကတော့ 13 MP ပါ။ LED Flash ပါဝင်တဲ့အပြင် အရည်အသွေးက HD အရည်အသွေးထုတ် ပေးနိုင်ပါတယ်။
Android နောက်ဆုံးဗားရှင်းကို သုံးထားတယ်
Android ရဲ့ နောက်ဆုံးဗားရှင်းဖြစ်တဲ့4.4.2(KitKat) ကို သုံးထားပါတယ်။ နောက်ဆုံးထွက် စမတ်ဖုန်း တွေကို ယှဉ်ကြည့်ကြတဲ့အခါOS ကလည်း နောက်ဆုံးထွက်ဖြစ် ဖို့လိုတယ် မဟုတ်လား။
နေရောင်အောက်မှာ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်
ဖုန်းအတော်များများဟာ နေရောင်အောက်မှာဆိုရင် ကောင်းကောင်းမမြင်ရတဲ့ ပြဿနာရှိပါတယ်။ P7 က တော့ သူတို့ရဲ့HD မျက်နှာပြင်ကို နေရောင်အောက်မှာပါ အသုံးပြုနိုင်အောင် ဖန်တီးထားတယ်လို့ ဆိုပါ တယ်။ လူတစ်ယောက်ရဲ့ မျက်လုံး မြင်နိုင်စွမ်းက 300PPI ပဲ ရှိပေမယ့် Huawei တို့ကP7 ကို 441 PPI အထိ ရနိုင်အောင် လုပ်ပေးထားပါတယ်။
Li-Po 2500 mAh ဘက်ထရီ အသုံးပြု ထားတဲ့အတွက် ၂၂ နာရီအထိ ဖုန်းပြော နိုင်တယ်လို့ဆိုပါတယ်။ အခြားစွမ်းဆောင် ရည်တွေကQuad-core 1.8 GHz Cotex CPU၊ သိုမှီးနိုင်မှု16 GB ၊ RAM 2GBထည့် သွင်းတည်ဆောက်ထားပါတယ်။ ပြည်တွင်း ရောက် စမတ်ဖုန်းသစ်Ascend P7 ဟာ ဒီအရည်အသွေး တွေနဲ့ဆိုရင် ထိပ်တန်း စမတ်ဖုန်းတွေကို အကောင်းဆုံးစိန်ခေါ် နိုင်မယ့်အပြင် အပါးလွှာဆုံးဆိုတဲ့အချက် ကHuawei ကို ရွေးချယ်ဖို့ တိုက်တွန်းနေသလို ပါပဲ။ဈေးနှုန်းကတော့ ကျပ် ၃၇၉,၀၀၀ ပါ။
Aye Chan Mon Credit To: Mizzima - News in Burmese
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Photo: ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း မြန်မာနိုင်ငံတွင် မိတ်ဆက် မောင်မန်း ACM Re-Post 5-6-2014 #Huawei က မြန်မာနိုင်ငံမှာ သူတို့ရဲ့ ကမ်္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Ascend P7 ကို မေလ ၃၀ ရက်က မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းအကြောင်း စိတ်ဝင်စားစရာတွေထဲမှာ ကမ္ဘာ့အပါးလွှာဆုံးရယ်လို့ ဂုဏ်လုပ်စရာအပြင် ဘာတွေရှိ မလဲဆိုတာ လေ့လာ ကြည့်ရအောင်။ Huawei ရဲ့ ဒီဇိုင်းပိုင်းဖန်တီးမှု ၂၀၁၁ ခုနှစ်ကနေစတင်ထုတ်လုပ်တဲ့ Huawei ရဲ့ P စီးရီးတွေကိုကြည့်ရင် ထူးခြားတဲ့ ဒီဇိုင်းကြောင့် အားလုံးစိတ်ဝင်စားခဲ့ ရပါတယ်။ လေးထောင့်ပုံစံမျိုး ဖြစ်မနေဘဲ အနားနှစ်ဖက်ကို အနည်းငယ်ကွေးထားတဲ့ ပုံစံဟာ Huawei တို့ရဲ့ ဖန်တီးမှုပါပဲ။ ဒီဇိုင်းမှာ ထူးခြားတဲ့ နောက်တစ်ချက်က လက်မတစ်ချောင်းတည်းနဲ့ Function တွေ အားလုံးကို သုံးနိုင်အောင် ဖန်တီးထားတဲ့ ပုံစံပါ။ မျက်နှာပြင်ဘေးဘက်က ပိုနေတဲ့ နေရာတွေကို လျှော့ချထားပါတယ်။ 4G LTE Network ကို အထောက်အပံ့ပေးတယ် လက်ရှိမြန်မာနိုင်ငံရဲ့Network က 4G မရသေးဘူးဆိုပေမယ့် နိုင်ငံတကာ အော်ပရေတာတွေ ၀င်ရောက် လာတဲ့ အချိန်မှာ 4G Network ရခဲ့ရင် အထောက် အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်း ထိပ်တန်းစမတ်ဖုန်းတွေကို စိန်ခေါ်ပြီး ဂုဏ်ယူနိုင်မယ့်အချက်က ၆ ဒသမ ၅ မီလီမီတာပဲရှိတဲ့ ပါးလွှာတဲ့ တည်ဆောက်မှုပါ။ Huawei အသုံးပြုသူတွေအတွက် ကမ်္ဘာနဲ့ယှဉ်ပြီး ပြောနိုင်မယ့်အချက်တစ်ခုပေါ့။ ပါးလွှာ ပေါ့ပါးမှုကြောင့် အသုံးပြုသူ တွေ စိတ်ကြိုက်တွေ့မှာ အသေအချာပါပဲ။ ကင်မရာအရည်အသွေး လူမှုကွန်ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်တဲ့ပုံတွေ တင်ချင်တဲ့သူတွေအတွက် ထိပ်တန်းစမတ်ဖုန်း တွေလိုပဲ ဖြည့်ဆည်း ပေးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာက 8MP အထိပါဝင်ပါတယ်။ နောက်ဘက်က ကင်မရာကတော့ 13 MP ပါ။ LED Flash ပါဝင်တဲ့အပြင် အရည်အသွေးက HD အရည်အသွေးထုတ် ပေးနိုင်ပါတယ်။ Android နောက်ဆုံးဗားရှင်းကို သုံးထားတယ် Android ရဲ့ နောက်ဆုံးဗားရှင်းဖြစ်တဲ့4.4.2(KitKat) ကို သုံးထားပါတယ်။ နောက်ဆုံးထွက် စမတ်ဖုန်း တွေကို ယှဉ်ကြည့်ကြတဲ့အခါOS ကလည်း နောက်ဆုံးထွက်ဖြစ် ဖို့လိုတယ် မဟုတ်လား။ နေရောင်အောက်မှာ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင် ဖုန်းအတော်များများဟာ နေရောင်အောက်မှာဆိုရင် ကောင်းကောင်းမမြင်ရတဲ့ ပြဿနာရှိပါတယ်။ P7 က တော့ သူတို့ရဲ့HD မျက်နှာပြင်ကို နေရောင်အောက်မှာပါ အသုံးပြုနိုင်အောင် ဖန်တီးထားတယ်လို့ ဆိုပါ တယ်။ လူတစ်ယောက်ရဲ့ မျက်လုံး မြင်နိုင်စွမ်းက 300PPI ပဲ ရှိပေမယ့် Huawei တို့ကP7 ကို 441 PPI အထိ ရနိုင်အောင် လုပ်ပေးထားပါတယ်။ ဘက်ထရီနဲ့ အခြားစွမ်းဆောင်ရည်များ Li-Po 2500 mAh ဘက်ထရီ အသုံးပြု ထားတဲ့အတွက် ၂၂ နာရီအထိ ဖုန်းပြော နိုင်တယ်လို့ဆိုပါတယ်။ အခြားစွမ်းဆောင် ရည်တွေကQuad-core 1.8 GHz Cotex CPU၊ သိုမှီးနိုင်မှု16 GB ၊ RAM 2GBထည့် သွင်းတည်ဆောက်ထားပါတယ်။ ပြည်တွင်း ရောက် စမတ်ဖုန်းသစ်Ascend P7 ဟာ ဒီအရည်အသွေး တွေနဲ့ဆိုရင် ထိပ်တန်း စမတ်ဖုန်းတွေကို အကောင်းဆုံးစိန်ခေါ် နိုင်မယ့်အပြင် အပါးလွှာဆုံးဆိုတဲ့အချက် ကHuawei ကို ရွေးချယ်ဖို့ တိုက်တွန်းနေသလို ပါပဲ။ဈေးနှုန်းကတော့ ကျပ် ၃၇၉,၀၀၀ ပါ။ Aye Chan Mon Credit To: Mizzima - News in Burmese
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား