ဆူဒန်အမျိုးသမီး ကိုယ်ဝန် ၈ လ လွယ်ထားသူအား မူဆလင်သို့ မ၀င်လိုသောကြောင့်
သေဒါဏ်ပေးခြင်းခံရသော သတင်းသည် ကမ္ဘာတခွင် ပြန့်နှံ့လျက်ရှိပြီး ကြားရသူတိုင်း အံ့သြတုန်လှုပ်စေပါသည်။
ဆူဒန်အမျိုးသမီး Dr Maryam Yahya Ibrahim ၏ ဖခင်သည် မူဆလင်ဖြစ်သော်လည်း သူမ မမွေးခင်မှာ ဖခင်မှ မိခင်ကို စွန့်ပစ်ခဲ့သည်။ ထို့ကြောင့် ငယ်ရွယ်စဉ်ကတည်းက အီသီယိုးဗီးယားတွင် မိခင်နဲ့အတူ နေထိုင်ပြီး မိခင်ဖြစ်သူ၏ ဘာသာဖြစ်သော ခရစ်ယာန်အသိုင်းအ၀ိုင်းတွင် ကြီးပြင်းလာခဲ့သည်။ သူမသည် မွေးကတည်းက မူဆလင် မဖြစ်ခဲ့ဖူးပါ။ အရွယ်ရောက်လာသောအခါ ခရစ်ယာန်ဘာသာဝင် အမျိုးသားနဲ့ လက်ထပ်ခဲ့သည်။ ၂၀ လသားအရွယ် သားလေးရှိနေပြီး ၈ လ ကိုယ်ဝန်လွယ်ထားဆဲ ဖြစ်သည်။ မကြာသေးမှီက ဆူဒန်နိုင်ငံသို့ နေထိုင်ရန် ပြန်လည်ရောက်ရှိလာသည်။
ဆူဒန်နိုင်ငံ၏ ရှာရီယာ မူဆလင်ဥပဒေအရ ဖခင်ဖြစ်သူ မူဆလင်ဖြစ်ခဲ့သောကြောင့် သူမသည် မူဆလင် အမျိုးသားကိုသာ လက်ထပ်ရမည်ဖြစ်သည်။ သူမအား မူဆလင်သို့ ပြောင်းလဲရန် ၃ ရက်အချိန်ပေးရာ သူမသည် မွေးကတည်းက မူဆလင် မဖြစ်ခဲ့သောကြောင့် မူဆလင်သို့ မပြောင်းလဲနိုင်ကြောင်း ပြင်းဆန်ခဲ့သည်။
ထို့ကြောင့် သူမအား ဆူဒန်တရားရုံးမှ အမိန့် ၂ ခု ချလိုက်သည်။
(၁) သူမသည် ခရစ်ယာန်ဘာသာဝင်နဲ့ လက်ထပ်သောကြောင့် အိမ်ထောင်ရေး ဖေါက်ပြန်မှုအဖြစ် စွပ်စွဲပြီး ကြီမ်ဒါဏ် အချက် ၁၀၀ ရိုက်ရန် တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။
(၂) မူဆလင်ဘာသာသို့ မကူးပြောင်းလိုသောကြောင့် သေဒါဏ်ပေးခြင်း ခံရသည်။
အခုအချိန်တွင် သူမသည် ၈ လ ကိုယ်ဝန်လွယ်လျက်၊ ၂၀ လ သားလေးနဲ့အတူ အချုပ်ခန်းထဲတွင် ကြိုးချခံရမည့်နေ့ကို စောင့်လျက်နေသည်။
I LOVE MYANMAR
#iLoveMyanmar#Myanmar
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား