Tuesday, May 6, 2014
မိုင်၁ဝဝနှင့်အထက်ပြေးဆွဲသော အဝေးပြေးကားများ အထူးခရီးသွား အာမခံ မဖြစ်မနေ ဝယ်ယူရမည်
စိုးချစ်ချစ်ပိုင် ၊ ရန်ကုန်၊ မေ ၂
မိုင် ၁ဝဝ နှင့် အထက် ပြေးဆွဲသော အဝေးပြေးကားများအနေ ဖြင့် အထူးခရီးသွားအာမခံ မဖြစ်မနေ ဝယ် ယူရမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း မှ သိရသည်။
အဝေးပြေး အမြန်လမ်းမကြီး များတွင် ယာဉ်မတော်တဆမှုများမကြာခ ဏ ဖြစ်ပွားနေခြင်းကြောင့် ခရီးသည်များ၊ မော်တော်ယာဉ်များ နစ်နာဆုံးရှုံးမှုများ ကာကွယ်နိုင်ရန် အဝေးပြေးအမြန်လမ်းများ ဆိုင်ရာ အထူးခရီးသွားအာမခံကို အကောင် အထည်ဖော်ခြင်းဟု သိရသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ''အာ မခံအသစ်မှာ ခရီးသည်တွေအတွက် ပရီမီ ယံကြေး ၃ဝဝ ဖြစ်ပြီးတော့ အကျိုးခံစားခွင့် က ကျပ်သိန်း ၃ဝ ဖြစ်ပါတယ်။ မော်တော် ယာဉ်ပိုင်းမှာရှိတဲ့ သူတစ်ပါးထိခိုက်မှု အာ မခံကြေးက ငါးသိန်း စုစုပေါင်း ခရီးသည် ဘက်က ၃၅ သိန်း အကျိုးခံစားရမှာဖြစ်ပါ တယ်''ဟု ပြောသည်။
မေ ၈ ရက်မှစ၍ မြန်မာ့အာမခံ နှင့် ပုဂ္ဂလိကအာမခံရုံးများတွင် စတင် ရောင်းချပေးသွားမည်ဖြစ်ပြီး အောင်မြင်ပါ က ကားဂိတ်များ၊ ဓာတ်ဆီဆိုင်များ၊ စတိုး ဆိုင်များ၊ စားသောက်ဆိုင်များတွင်လည်း ခရီးသည်များ ဝယ်ယူရလွယ်ကူစေရန် တိုး ချဲ့ရောင်းချသွားမည်ဟု သိရသည်။
မိုင် ၁ဝဝ နှင့်အထက် ပြေးဆွဲ သော အဝေးပြေးကားများ အထူးခရီးသွား အာမခံ မဖြစ်မနေ ဝယ်ယူရမည်ဖြစ်ပြီး ကျန် အိမ်စီးကား၊ အငှားကားများလည်း ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအာမခံသစ်ကို ခရီးသွား လိုင်းတိုင်းက ခရီးသည်တွေအတွက် တာ ဝန်ယူ ရောင်းချပေးရမည်ဖြစ်ပြီး ရောင်းချ ပေးသော မော်တော်ယာဉ်လိုင်းအား ၁ဝ ရာခိုင်နှုန်း ကော်မရှင်ပေးသွားမည်ဟုလည်း သိရသည်။
အာမခံသစ် ထားရှိသူမှာ ယာဉ် မတော်တဆမှုဖြစ်၍သေဆုံးပါက ၇ ရက် အတွင်း အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး ထိ ခိုက်ဒဏ်ရာရရှိပါက ဆေးကုသစရိတ် ရှစ် သိန်းမှ ၂၄ သိန်းအထိခံစားခွင့်ရရှိမည် ဖြစ် သည်။
အာမခံသစ်ထားရှိသူ၏ မော်တော် ယာဉ်လက်မှတ်တွင် အထူးအာမခံပါပြီးဟု စာတန်းရိုက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ လက်မှတ် ပျောက်ဆုံးပါကလည်း List ထဲ တွင်ပါဝင်ပါက အကျိုးခံစားခွင့် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အာမ ခံသစ်ကို မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင် ၍ ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခု တို့ ပူး ပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား