img.emoticon { padding: 0; margin: 0; border: 0; }

Sunday, April 6, 2014

Samsung Galaxy Note 4 လာမည်



Phablet များဟာ စမတ်ဖုန်း အသုံးပြုသူများ ကြားမှာ ရေပန်းစား ကြပါတယ်။ Phablet များကြားမှာလည်း Samsung Galaxy Note အမျိုးအစား Phablet များကို အထူး နှစ်သက်ကြပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းများအရ Samsung Galaxy Note 4 ဟာ မကြာမီ က ကြေညာခဲ့တဲ့ Galaxy S5 နဲ့ ဆင်တူမယ်လို့ သိရပါတယ်။
Note 4 ဟာ Note 3 လိုပဲ USB 3.0 နဲ့ 2.0 တို့ကို အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ Note 4 မှာ Galaxy S5 ရဲ့ 1920×1080 ထက်ပိုမိုကောင်းမွန်တဲ့ 2560×1440 မျက်နှာပြင်တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အခြား သတင်းများ အရ Note 4 မှာ 4K Display တပ်ဆင်ထားမယ်လို့ လည်း သိရပါတယ်။ ဒါပေမယ့် 2K Display နဲ့ ပွဲထွက်လာဖို့များတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Note 4 ကို Galaxy S5 လို ရေ နဲ့ ဖုန်မှုန့်ဒဏ် ခံနိုင်အောင် ပြုလုပ်ပေးထားမှာ ဖြစ်ပါတယ်။ Note 4 မှာ Hexa-Core Exynos CPU ဒါမှမဟုတ် Snapdragon 801 တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Note 4 ရဲ့ အနောက်ဘက် ကို Note 3 နဲ့ အခြား Galaxy Tablet များမှာလို သားရေ နဲ့ ဖုံးအုပ်ချုပ်လုပ်ထားသလို ထင်ရအောင် ပြုလုပ်ထားပါတယ်။

Note 4 ကို ဘယ်အချိန်မှာ ကြေညာမလဲဆိုတာ မသိရသေးပါဘူး။ Samsung က Galaxy S5 ကို ရောင်းချလေ့ရှိတဲ့ ရက်ထက် စောစွာ ရောင်းချခဲ့တဲ့အတွက် Note 4 ကိုလည်း သတ်မှတ်ထားတဲ့ ရက်ထက် စောစွာ ရောင်းချမယ်လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ပါတယ်။

သူရ

Aye Chan Mon# Credit To : Myanmar Digital Life Journal> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား