img.emoticon { padding: 0; margin: 0; border: 0; }

Monday, April 7, 2014

ပျဉ်းမနားမြို့တွင် လေပြင်းတိုက်ခတ်၍ အချိန်ခါမဟုတ် မိုးနှစ်ကြိမ်ရွာ

ပျဉ်းမနား ဧပြီ ၆

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် ဧပြီ ၆ ရက် မွန်းလွဲ ပိုင်းတွင် မိုးနှစ်ကြိမ် ရွာသွန်းခဲ့သည်။ ပထမ အကြိမ်အဖြစ် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်မှ ၂ နာရီ မိနစ် ၅ဝ အထိ ၁၅ မိနစ်ကြာ ရွာသွန်းခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲထိ တစ်နာရီခန့်ရွာသွန်းသည်။

မိုးရေချိန်လက်မ ဝ ဒသမ ၃၉ လက်မဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာ တွင် တစ်နာရီခန့်မိုးရွာသွန်းပြီး မိုးရေချိန်လက်မ ဝ ဒသမ ၂၄လက်မ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက် နေ အသက် ၇၅ နှစ်ခန့်ရှိ အဘိုးအို တစ်ဦးက ''နေအလွန်ပူနေတဲ့အချိန်မှာ မိုးခြိမ်းသံတွေမြည်လာပြီး မိုးခြိမ်းသံ နှင့်အတူ လေပြင်းတိုက်ခတ်လာ တယ်၊ ပြီးတော့ မိုးရွာလာတာပဲ'' ဟု ပြောပြသည်။

ပျဉ်းမနားမြို့တွင် ဧပြီလ ၆ ရက် မွန်းလွဲပိုင်းတွင် အချိန်အခါမဟုတ် မိုးရွာသွန်းသော်လည်း သစ်ပင်လဲခြင်း၊ နေအိမ်အဆောက်အအုံများ ပြိုကျ ပျက်စီးခြင်းမရှိဘဲ ဒေသခံများက သင်္ကြန်မိုးရွာခြင်းဟုလည်း သုံးသပ် ပြောဆိုနေကြသည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား