img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, April 29, 2014

|နေပြည်တော်တွင် လေပြင်းတိုက်ခတ်တိုးလ်ဂိတ်အနီး ဆိုင်းဘုတ်များပြိုလဲ


နေပြည်တော်ကောင်စီနယ်မြေတွင်ဧပြီ၂၆ရက်ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော်အ၀င်တိုးလ်ဂိတ်အနီးရှိ ကြော်ငြာဆိုင်းဘုတ်များ ပြိုလဲပျက်စီးခဲ့သည်။

တိုးလ်ဂိတ်အနီးတွင် စိုက်ထူထားသော ကြော်ငြာ ဆိုင်းဘုတ်များသည် ဧပြီ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်၌ မိုးရွာသွန်းရာတွင် လေပြင်းများပါ တိုက်ခတ်သောကြောင့် ကြော်ငြာဆိုင်းဘုတ် ၁၀ခု ခန့် ပျက်စီးသွားခဲ့သည်။

'ရန်ကုန်ကနေ နေပြည်တော်ကို ပြန်လာတော့ ညနေ ၃ နာရီခွဲလောက်မှာမိုးရွာနေတယ်။မိုးပဲရွာတာမဟုတ်ဘဲနဲ့လေပြင်းတွေပါ တိုက်တယ်။ နေပြည်တော်အ၀င်တိုးလ်ဂိတ်အနီးမှာ ထောင်ထားတဲ့
ကြော်ငြာဆိုင်းဘုတ်တွေ တော်တော်များများ ပြိုလဲကုန်တယ်'ဟု မျက်မြင်တွေ့ ရှိသူတစ်ဦးကပြောဆိုသည်။လေပြင်းတိုက်ခတ်မှုကြောင့် တိုးလ်ဂိတ်အနီးရှိ ကြော်ငြာဆိုင်းဘုတ်များပြိုလဲပျက်စီးခဲ့သော်လည်း
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌မူ ပျက်စီးယိုယွင်းမှုများမရှိခဲ့ပေ။

'မြို့ထဲမှာတော့မိုးရွာတယ်။ လေပြင်းတိုက်တယ်။ဒါပေမဲ့ဘာမှပျက်စီးမှုမရှိဘူး။မနက်ပိုင်းက နေတအားပူတော့မိုးရွာတဲ့အခါကျရင်တစ်ခါတစ် ရံလေပြင်းတွေ ပါပါတတ်တယ်။ မြို့အတွင်းပိုင်းမှာတော့ ဘာမှမဖြစ်ဘူး။ ဟိုတိုးလ်ဂိတ်အနီးမှာ ဖြစ်တာတော့မပြောတတ်ဘူး'ဟုဒေသခံကိုအောင်ထွန်းက ပြောဆိုခဲ့သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား