img.emoticon { padding: 0; margin: 0; border: 0; }

Sunday, March 9, 2014

လေယာဉ် အပိုင်းအစနဲ့တူတဲ့ပစ္စည်း ဗီယက်နမ် ကတွေ့

ေေေေ
မလေးရှား လေကြောင်းက ပျောက်ဆုံးနေတဲ့ လေယာဉ် အစိတ်အပိုင်းနဲ့ တူတဲ့ပစ္စည်းကို ဗီယက်နမ် တောင်ပိုင်း ကမ်းလွန် ပင်လယ်မှာ တွေ့ရတယ်လို့ ဗီယက်နမ် ရှာဖွေရေး လေယာဉ်က ပြောပါတယ်။
ေ လေယာဉ် တံခါးနဲ့တူတဲ့ပစ္စည်းကို ညဖြစ်နေလို့ ဆယ်လို့မရသေးဘဲ အခုပျောက်တဲ့လေယာဉ်က ဟုတ်မဟုတ် အတည်ပြုဖို့ခက်ခဲ နေကြောင်းသိရပါတယ်။
လေယာဉ် ပျောက်တာ နာရီသုံးဆယ် အတွင်းသတင်း အတိအကျမရသေးတဲ့အတွက် ၉နိုင်ငံက ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးသင်္ဘာ ၄၀ နဲ့ လေယာဉ် ၃၈စီးတို့ ဆက်လက်ရှာဖွေ နေကြပါတယ်။


ခန့်မှန်း ရှာဖွေတဲ့ ဧရိယာအလွန် ကျယ်ဝန်းတဲ့အတွက် အခက်အခဲ တွေရှိတယ် လို့ အမေရိကန် အမှတ်၇ ရေတပ် တပ်မှူးကြီးက ပြောပါတယ်။

လေယာဉ်ပေါ်မှာ ပါသွားတဲ့ နိုင်ငံကူး လက်မှတ်ခိုး ယူသူ ခရီးသည်နှစ်ဉီးကို နိုင်ငံတကာ ရဲအဖွဲ့က စုံစမ်းလျက်ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဗီယက်နမ် ရှာဖွေရေးလေယာဉ်က ဆက်ရှာနေစဉ်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား