The Voice Weekly
ရန်ကုန်၊ မတ် ၇
ပြည်တွင်း စက်ရုံများမှ ထုတ်လုပ်သော အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးတို့ကို စက်ရုံထုတ် ဈေးနှုန်းအတိုင်း အခွန်ကောက်ခံခြင်းအစား ပြင်ပရောင်းဈေးပေါ် မူတည်၍ တန်ဖိုးစံနှုန်း သတ်မှတ်ကာ လာမည့်ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်နေ့မှ) စတင်၍ အခွန်နှုန်းထား ပြောင်းလဲ ကောက်ခံ မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။စက်ရုံထုတ် ဈေးအတိုင်း အခွန်ပေးဆောင်ခြင်းသည် တန်ဖိုးမှန်ကန်မှု မရှိခြင်းကြောင့် ပြင်ပရောင်းဈေးအပေါ် အခြေခံ၍ စံနှုန်းသတ်မှတ် အခွန်ကောက်ခံရန် စီစဉ်ခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။
ပြင်ပပေါက်ဈေး၏ ၆၅ ရာခိုင်နှုန်းကို တန်ဖိုးစံနှုန်း သတ်မှတ်မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဇန်နဝါရီလ ကတည်းက စကောက်ခံဖို့ လုပ်တာပါ။ ဒါပေမဲ့ နောက်ဘဏ္ဍာနှစ် အစကို ရွှေ့လိုက်တယ်” ဟု ၎င်းကဆိုသည်။
ပြည်တွင်း အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးကို ကုန်သွယ် လုပ်ငန်းခွန်အဖြစ် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၅၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ကုန်သွယ် လုပ်ငန်းခွန် ဥပဒေဇယား ၆ တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်၊ ဘီယာစက်ရုံပေါင်း ၁၀၀ ကျော် ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန စာရင်းများအရ သိရသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား