img.emoticon { padding: 0; margin: 0; border: 0; }

Sunday, March 16, 2014

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြေဆိုရန် ပျက်ကွက်သူ ၁၀,၉၅၉ ဦးရှိ


၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာနှင့် အင်္ဂလိပ်စာ လာရောက်ဖြေဆိုရန် ပျက်ကွက် သည့် အရေအတွက်မှာ ၁၀,၅၉၅ ဦးရှိကြောင်း မန္တလေးတိုင်း ပညာရေးမှူးရုံး၏ ၂၀၁၄ ခုနှစ် တက္ကသိုလ် ၀င်စာမေးပွဲ ရှိရင်း၊ ဖြေဆို၊ ပျက်ကွက်မှု ဦးစီးဇယားဖော်ပြထားချက်အရ သိရသည်။
 မန္တလေးတိုင်းအတွင်းရှိ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ မိတ်္ထီလာနှင့် ရမည်းသင်း ခရိုင်တို့ရှိ စာစစ်ဌာန ၁၅၂ ခုမှ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၈၄,၇၄၉ ဦးရှိပြီး မြန်မာစာနှင့် အင်္ဂ လိပ်စာ နှစ်ရက်ပေါင်း ပျက်ကွက်သူ ကျောင်းသား ၆,၄၀၆ ဦး၊ ကျောင်းသူ ၄,၅၅၃ ဦးရှိခဲ့ပြီး စုစုပေါင်း ၁၀,၉၅၉ ဦး ပျက်ကွက်ခဲ့သည်။


“ခရိုင်ခုနှစ်ခုမှာ ပျက်ကွက်မှုရာခိုင်နှုန်း တွက်ချက်မှုအရ ကျောက်ဆည်ခရိုင်က ပျက်ကွက်မှုအများဆုံးပါ။ ဒုတိယကတော့ မြင်းခြံခရိုင်နဲ့ တတိယက ရမည်းသင်းခရိုင် ဖြစ်ပါတယ်။ ဖြေတဲ့အရေအတွက်နဲ့ တွက် ချက်တာပါ”ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ဖြေဆိုသူ ၂၆,၂၈၇ဦး၊ ပြင်ဦးလွင် ၁၄,၆၃၄ဦး၊ ကျောက်ဆည် ၆,၈၀၇ဦး၊ မြင်းခြံ၁၀,၈၈၂ ဦး၊ ညောင်ဦး ၄,၆၄၇ဦး၊ မိတ်္ထီလာ၁၂,၂၀၅ဦးနှင့် ရမည်းသင်း ၅,၃၅၆ဦး ရှိသည်။

ဖြေဆိုသူများတွင် ကျောင်းသားမှာ ကျောင်းသူအရေအတွက်ထက် နည်းသော်လည်း ပျက်ကွက်မှုမှာ ရာ ခိုင်နှုန်းပိုများကြောင်း၊ ကျောင်းသားပျက်ကွက်မှုမှာ ဖြေဆိုသူ၏ ငါးရာခိုင်နှုန်းခန့်ဖြစ်ပြီး ကျောင်းသူပျက် ကွက်မှုမှာ ဖြေဆိုသူ၏ နှစ်ရာခိုင်နှုန်းခန့် ပျက်ကွက်ကြောင်း အဆိုပါစာရင်းများ ဖော်ပြထားသည်။

လာရောက်ဖြေဆိုကြသည့် အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းများနှင့် ပြင်ပဖြေများ ပါဝင်ပြီး ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူများ၏ ပျက်ကွက်မှုနှုန်းမှာ ပိုများသည်။

“အတိအကျစာရင်းကောက်ယူတာ မဟုတ်သေးပေမယ့် ပျက်ကွက်သူမှာ ပထမ ပြင်ပဖြေ၊ ဒုတိယအစိုးရ စာသင်ကျောင်းနဲ့ တတိယ ပုဂ္ဂလိကပညာသင်ကျောင်းတို့ ဖြစ်တယ်ဆိုတာကတော့ အကြမ်းဖျင်းတွက် လို့ရပါတယ်”ဟု ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။

ပျက်ကွက်မှု၌ ရာခိုင်နှုန်းအားဖြင့် ပထမနေ့ မတ်လ ၁၂ ရက်၌ ၆ ဒသမ ၃၆ရှိခဲ့ရာမှ ဒုတိယနေ့ ၁၃ ရက် တွင် ၆ ဒသမ ၅၇ ဦး ပျက်ကွက်ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့်လည်း တိုးမြင့်လာခဲ့သည်။


No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား