img.emoticon { padding: 0; margin: 0; border: 0; }

Friday, December 6, 2013

နိုင်ငံခြားငွေ သုံးမျိုးဖြင့် ငွေပေးချေနိုင်သည့် EASI Travel Visa Card ကို မြန်မာနိုင်ငံ၌ ပထမဆုံး စတင်ထုတ်ဝေ

Visa Card Co.,Ltd နှင့် CB Bank တို့ပူးပေါင်း၍ နိုင်ငံခြားငွေ သုံးမျိုးဖြင့် ငွေပေးချေနိုင်သည့် EASI Travel Visa Card ကို မြန်မာနိုင်ငံ၌ ပထမဆုံး စတင်ထုတ်ဝေ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ခရီးသွားသူများအတွက် ငွေသားများကို သယ်ဆောင်သွားစရာမလိုဘဲ EASI Travel Visa Card တစ်ခုတည်းဖြင့် လွယ်ကူသက်သာ လုံခြုံစွာဖြင့် ကိုင်ဆောင်သွားနိုင်ပြီ ဖြစ်သည်။ အသုံးပြုသူသည် ကမ္ဘာ့နိုင်ငံပေါင်း ၂၁ဝ ကျော်ရှိ ATM စက်များတွင် ငွေထုတ်ယူနိုင်ပြီး ပြည်ပနိုင်ငံများရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ Shopping Centre များ၊ ဆေးရုံများ စသည့်နေရာများရှိ Pos (ငွေပေးချေစက်) များတွင် ငွေပေးချေနိုင်သည်။ ထို့အပြင် Online မှတစ်ဆင့် ငွေပေးချေမှုများကိုလည်း ဆောင်ရွက်နိုင်သည်။ ကတ်စတင် လျှောက်ထားသူသည် Joining Fees လျှောက်လွှာကြေး ငွေကျပ် ၈ဝဝဝ တိတိ ပေးသွင်းရမည်ဖြစ်ပြီး လျှောက်လွှာများကို CB Bank ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး၊ CB Bank Exchange Counter များအားလုံးတွင် ဝယ်ယူ အသုံးပြုနိုင်ကြောင်း သိရသည်။ ကတ်တွင် ထည့်သွင်းအသုံးပြုနိုင်သော ငွေအမျိုးအစားမှာ USD, Euro and SGD ငွေအမျိုးအစားများဖြစ်ပြီး
နိုင်ငံခြားငွေကို တစ်မျိုးတည်းဖြစ်စေ၊ နှစ်မျိုး သို့မဟုတ် သုံးမျိုးလုံးဖြစ်စေ ကတ်သုံးစွဲသူ၏ အသုံးပြုလိုသော နိုင်ငံခြားငွေ အမျိုးအစားပေါ်လိုက်၍ ထုတ်ယူအသုံးပြုနိုင်သည်။ EASI Travel Visa Card အသုံးပြုသူသည် မှတ်ပုံတင်ပြီး ငါးရက်အကြာ ကတ်ကိုရရှိပြီး ၂၄ နာရီအကြာတွင် စတင်သုံးစွဲနိုင်သည်။ CB Bank အမှုဆောင်ဒုတိယ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ ဦးကျော်လင်းက ''မြန်မာနိုင်ငံ၌ အီလက်ထရွန်နစ် စနစ်ဖြင့် ငွေပေးချေသည့် လုပ်ငန်းကဏ္ဍတွင် CB Bank က EASI Travel Visa Card အသုံးပြု၍ ပထမဆုံး လုပ်ငန်းကို စတင်လိုက်ပြီး ဖြစ်ပါတယ်။ အခု နိုင်ငံခြားငွေ သုံးမျိုးသုံး Visa Card ကို Visa Card Co.,Ltd နှင့် CB Bank ပူးပေါင်းပြီး မြန်မာနိုင်ငံသားများ အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ပါတယ်။ EASI Travel Visa Card ကို ထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံသားများ အနေနှင့် ပြည်ပ၌ ငွေကြေးသုံးစွဲရာတွင် အဆင်ပြေ လွယ်ကူလျင်မြန်စေရန် ရည်ရွယ်ပါတယ်'' ဟု ပြောကြားသည်။ ကတ်ကို သုံးစွဲရာတွင် အကြောင်းတစ်စုံတစ်ရာရှိပါက ဖုန်း-၉၅၁၃၇၈၉ဝ၅၊ Call Centre ဖုန်း-၁၈၇၄ တို့သို့ ဆက်သွယ် မေးမြန်းနိုင်သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "

1 comment:

  1. ဒီVISA ကို ပြည်တွင်းမှာကော ပြန်သုံးလို့ရနိုင်မလားခဗျ ငွေထုတ်/ငွေသွင်းကိုပေါ့

    ReplyDelete

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား