img.emoticon { padding: 0; margin: 0; border: 0; }

Monday, November 18, 2013

သီချင်းကြိုက်သူများအတွက် Google ၏ ၀န်ဆောင်မှု iphone တွင်လည်း သုံးစွဲနိုင်ပြီ


Tuesday, November 19, 2013

Google မှ ၎င်း၏ All Access အွန်လိုင်းဝန်ဆောင်မှုများအား လွန်ခဲ့သောခြောက်လခန့်မှစတင်ကာ Android နှင့် ၀က်ဘ်ဆိုဒ်များပေါ်တွင် စတင်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်တွင်မူ iPhone များတွင်လည်း သုံးစွဲခွင့်ရရှိခဲ့ပြီဖြစ်သည်။

တရားဝင် Google Play Music app ကြောင့် App Storလည်း အထိနာခဲ့ရသည်။ အဆိုပါ All Access ၀န်ဆောင်မှုမှာ Google Play မှ သီချင်းများကို ကန့်သတ်ချက်မရှိ၊ ကြော်ငြာများပါဝင်ခြင်းမရှိဘဲ ရယူ နိုင်သည့်ဝန်ဆောင်မှုဖြစ်သည်။

၎င်း app မှာ Google နှင့် iOS 7 အား ပေါင်းစပ်ထားခြင်းဖြစ်ပြီး ဖလှယ်နိုင်သောကော်လံများနှင့် Android-y ကတ်များလည်း ပါရှိသည်။ ယင်း app အား Apple ၏ ပလက်ဖောင်းသို့ အသွင်ကူးပြောင်း ရာတွင် အောင်မြင်လုနီးနီး ဖြစ်ခဲ့ပြီး စတိုင်အသစ်များနှင့်လည်း အတော်လေးအလုပ်ဖြစ်ခဲ့သည်။

သို့သော် နောက်ပြန်ဆုတ်သည့် ခလုတ်မပါသော နေရာအနည်းငယ်ပါရှိပြီး (Android devices များပေါ် တွင် သင်တွေ့ခဲ့ရသကဲ့သို့) အနည်းငယ်စိတ်ကသိကအောက်ဖြစ်စရာပင်ဖြစ်သည်။ ထို့အတူ ၎င်းမှာ iPhone နှင့်သာ အသင့်လျော်ဆုံး ဖြစ်ခဲ့သည်။ ထို့ကြောင့် iPad ပေါ်တွင်မူ တော်တော်လေး အဆင် မပြေဖြစ်ရသည်။ Google Play Music မှာ AirPlay နှင့်လည်း ချိတ်ဆက်ထားသည်ဖြစ်ရာ သင့်အနေ ဖြင့်သင်၏အခြားသော Apple device များရှိ ညာဘက် Cloud Right မှ သီချင်းများကိုလည်း နား ထောင်နိုင်သည်။

iOS ပေါ်ရှိ Google Play Music များတွင် သန်း ၂၀ ကျော်မျှသောသီချင်းများအား နားထောင်ရန် အတွက် (သင့်အနေဖြင့် လစဉ်ကြေးပေးသွင်းထားပါက) All Access လည်း ပါဝင်သည်။ ထို့အတူ သင့်အနေဖြင့် Google Play မှ ၀ယ်ယူထားသော သို့မဟုတ် တင်ထားသော သီချင်းများအားလုံးမှာ လည်း ယင်း app ထဲတွင်ပင်ရှိသည်။ Play Music အတွင်းရှိ မည်သည့်အရာကိုမဆို အင်တာနက်ချိတ် ဆက်ထားခြင်းမရှိဘဲ ဖွင့်လှစ်နားထောင်ရန်အတွက် iDevice ပေါ်တွင် သိမ်းဆည်းထားနိုင်သည်။ Apple မှ app များမှ တစ်ဆင့်ရောင်းချခြင်းအား ကန့်သတ်ထားသည့်အတွက် သီချင်းများဘေးတွင် Android သို့မဟုတ် ၀က်ဘ်ဆိုဒ်များ ပေါ်မှာကဲ့သို့ “၀ယ်ယူနိုင်သော”လင့်ခ် များ မပါရှိပေ။

Google Play Music ၏ အားသာချက်တစ်ခုမှာ စမတ်ရေဒီယိုဖြစ်ပြီး လေလှိုင်းတွင် ထုတ်လွှင့်နေသည့် မည်သည့်သီချင်းကိုမဆို ဖမ်းယူနားထောင်နိုင်သည်။ ယခုကဲ့သို့ပြုလုပ်ပေးခြင်းမှာ သီချင်းနားထောင် မှုအလေ့အထရှိသူများအတွက် အသံလွှင့်ရုံတစ်ရုံတည်ဆောက်လိုက်ခြင်းပင်ဖြစ်ပြီး ယင်းအား Android app တွင် အတော်လေးထင်ရှားစွာဖော်ပြထားသည်။ တစ်ချိန်တည်းတွင် Explore tab မှာလည်း သီချင်း သစ်များအား ရှာဖွေရန်အတွက် အလွန်ကောင်းမွန်သောနည်း လမ်းတစ်ခုဖြစ်သည်။ ၎င်းတွင် ရောင်း အားအကောင်းဆုံးစာရင်းနှင့် အတိတ်ကာလအတွင်း သင်အသုံးပြုခဲ့သောပုံစံပေါ်တွင် အခြေခံကာ အကြံပြုခြင်းများလည်း ပါရှိသည်။

၎င်း App အား အခမဲ့ဒေါင်းလော့ဒ်လုပ်နိုင်သည်။ သို့သော် သင့်အနေဖြင့် All Access အတွက် ယခုနှစ် အစောပိုင်းတွင် ရောင်းချခဲ့သော လစဉ်ကြေး ကန်ဒေါ်လာ ၇ ဒသမ ၉၉ အား အသုံးပြုခဲ့ခြင်းမရှိပါက ယခုအခါ၌ တစ်လလျှင် ကန်ဒေါ်လာ ၉ ဒသမ ၉၉ ခန့် ကုန်ကျ မည်ဖြစ်သည်။ ထို့အတူ ၎င်းApp မှာ အခြားသောအွန်လိုင်းဝန်ဆောင်မှုများကိုလည်း ကူညီအစပျိုးပေးလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သီချင်းများတင်ပေးခြင်းနှင့်Google ၀န်ဆောင်မှုများ ပေါင်းစည်းခြင်းကိုလည်း ကျေးဇူးတင်ရမည် ဖြစ်ပြီး ၎င်းအား သင်၏အားလပ်ချိန်များအတွင်း စမ်းသပ်ကြည့်သင့်သည်။

Mizzima - News in Burmese

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား