img.emoticon {
padding: 0;
margin: 0;
border: 0;
}
စီမံကိန်းအပြောင်းအလဲများကြောင့်အစိုးရဝန်ကြီးဌာနများမှဝန်ထမ်း များဘဝမလုံခြုံမှုနှင့်နစ်နာမှုများကြုံတွေ့ခံစားနေရဟုဆို
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် စဥ့်ကိုင်မြို့နယ်ရှိ
စက်မှုဝန်ကြီးဌာန၏ပလိပ် စက္ကူစက်ရုံခွဲတွင် တာဝန်ထမ်းဆောင်နေကြသော
ဝန်ထမ်းများ ဝန်ကြီးဌာနများ၏စီမံကိန်းအပြောင်း အလဲများကြောင့်
ဘဝမလုံခြုံမှုများနှင့်နစ်နာမှုများ ကြုံတွေ့ခံစားနေရကြောင်း
တံတားဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာခင်က
ယနေ့ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် တင်ပြပြောဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန္တာ ခင်က စက်မှုဇုန်ဝန်ထမ်းများနှင့်
တွေ့ဆုံခဲ့ရာ ကျောက်ဆည်စက်မှုဇုန်တွင်ရှိသောစက်ဘီးစက်ရုံ၊ အပ်ချုပ်စက်
စက်ခေါင်းစက်ရုံ၊ ဖိနပ်စက်ရုံ၊ ပလိပ်အမှတ်(၂) အထည်စက်ရုံ၊ စစ်တောင်း
စက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံ အစရှိ သောစက်ရုံ များမှ ဝန်ထမ်းများမှာလည်း
ဝန်ကြီးဌာနများ၏ စီမံကိန်းအပြောင်းအလဲများကြောင့် ဘဝမလုံခြုံမှု များနှင့်
နစ်နာမှုများကြုံတွေ့ခံစားနေရကြောင်း သိရသည်ဟုဆိုသည်။
''သူတို့ရဲ့ခံစားမှုတွေကို ပြောပြတုန်းက အစိုးရဝန်ထမ်းဘဝကနေ
ကုမ္ပဏီဝန်ထမ်းအဖြစ် နိုင်ငံတော်အတွင်းမှာပဲ လူကုန်ကူးခံနေရတယ်
လို့ဆိုကြပါတယ်။ အဲ့ဒီဝန်ထမ်းတွေကိုနိုင်ငံတော် ပေါ်လစီအရဆိုပြီး
ဖိအားပေးလျော်ကြေးပင်စင် ယူခိုင်းကြတယ်လို့သိရပါတယ်။ ကုမ္ပဏီဝန်ထမ်း အဖြစ်
ဆက်လက်လုပ်ကိုင်ခိုင်းကြပါတယ်။ အခြားဒေသတွေကို ပြောင်းရွှေ့ရမယ်လို့ဆိုပါ
တယ်။ ဘယ်လိုပြောင်းရွှေ့ရမယ်ကို ပွင့်လင်း
မြင်သာစွာပြောဆိုကြခြင်းမရှိပါဘူး''ဟူ၍ ဝန်ထမ်းများက အသိပေးပြောဆိုမှုများ
ရှိနေ ကြောင်းကို အစည်းအဝေးတွင် ၄င်းက တင်ပြ ပြောဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန္တာ ခင်က ''စက်မှုဝန်ကြီးဌာနရဲ့
စီမံကိန်းအပြောင်း အလဲတွေကြောင့်မို့လို့ နစ်နာနေကြတဲ့ဝန်ထမ်း များကို
အခြားဒေသများသို့မပြောင်းမရွှေ့ရဘဲ အစိုးရဝန်ထမ်းများအဖြစ် ဆက်လက်အသိမှတ်ပြု
ခန့်ထားပေးရန် အစီအစဉ်ရှိမရှိ၊ နိုင်ငံတစ်ဝန်းမှာ နိုင်ငံတော်အတွက်
နှစ်ရှည်လများ အနစ်နာခံပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်၊ အလား တူ
အလုပ်သမားဝန်ထမ်းများ၏ဘဝကို ငဲ့ညှာ ထောက်ထားပြီး တရားမျှတမှုရှိစေရန် ဘယ်လို
ပေါ်လစီတွေချမှတ်ပြီး ဝန်ကြီးဌာနအနေနဲ့ ဆောင် ရွက်ပေးမယ်ဆိုတာကို
သိရှိလိုပါတယ်''ဟူ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် သက်ဆိုင်ရာ
ပြည်ထောင်စုအစိုးရအဖွဲ့သို့ မေးမြန်းခဲ့သည်။
မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်က
စက္ကူစက်ရုံ ခွဲ(ပလိပ်)ကို နိုင်ငံတော်၏လိုအပ်ချက်အရ
ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းဆောင်ရွက် ပြီးဖြစ်ပါ၍
အစိုးရဝန်ထမ်းအဖြစ်နေလိုပါက ဝန်ကြီးဌာနလက်အောက်ရှိ အခြားလစ်လပ်နေ
သည့်နေရာသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊
ပလိပ်စက္ကူစက်ရုံတွင် တာဝန်ထမ်းဆောင်လိုပါက လျော်ကြေးပင်စင် ယူပြီး
ပုဂ္ဂလိကကုမ္ပဏီမှပေးသည့်လစာ၊ အပို ထောက်ပံ့ကြေးများခံစားနိုင်ပြီး
ဝန်ထမ်းများ အတွက်လည်း အခက်အခဲမရှိစေရေးစီစဉ်ဆောင် ရွက်ထားရှိပါကြောင်း
ရှင်းလင်းပြောကြားသည်။
စက္ကူစက်ရုံခွဲ(ပလိပ်)တွင်အရာထမ်း၄၉ဦး၊
အမှုထမ်း ၂၆၄ ဦး၊ ယာယီနေ့စား ၁၃ ဦး၊ စုစုပေါင်း ၃၂၆ ဦးရှိပြီး
ဝန်ထမ်းအိမ်ရာ ၅၃လုံး ရှိကာ ကျား ၁၃၂ ဦး၊ မ ၁ဝ၃ ဦး နေထိုင်လျက်
ရှိကြောင်း၊ အဆိုပါစက်ရုံခွဲကို တင်ဒါခေါ်ရာ တွင်
ဈေးနှုန်းအများဆုံးပေးသွင်းနိုင်ခဲ့သော KTK Co.,Ltd ကို ယခုနှစ် ဧပြီ ၁
ရက်မှ စတင်လွှဲပြောင်းငှားရမ်းခဲ့ခြင်းဖြစ်ကြောင်းဒုတိယ ဝန်ကြီးက
ရှင်းလင်းဖြေကြားသည်။
The Union Daily
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား