Monday, November 18, 2013
ရုရှားတွင် လေယာဉ်ပျက်ကျ၊ လူ ၅၀ သေဆုံး
ဒီဗွီဘီ
ရုရှားနိုင်ငံမှာ မနေ့က ဘိုးရင်း ၇၃၇ လေယာဉ် ပျက်ကျပြီး လေယာဉ်ပေါ်မှာ လိုက်ပါလာသူ အားလုံး သေဆုံးသွားပါတယ်။
ရုရှားနိုင်ငံက မော်စကိုမြို့ ဒိုမိုဒီဒိုဗို (Domodedovo) အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပျံတက်သွားပြီး ၁ နာရီကျော် ကြာတဲ့အချိန် ကာဇန်မြို့လေဆိပ်ကို ဒုတိယအကြိမ် ဆင်းသက်ဖို့ ကြိုးစားချိန်မှာ ပျက်ကျခဲ့တာဖြစ်ပြီး ခရီးသည် ၄၄ ယောက်နဲ့ လေယာဉ်အမှုထမ်း ၆ ဦး စုစုပေါင်း ၅၀ ဦး သေဆုံးခဲ့ပါတယ်။
လေယာဉ်ဟာ သက်တမ်း ၂၃ နှစ်ရှိပြီ ဖြစ်ပြီး ဒေသခံ လေကြောင်းလိုင်းတခုဖြစ်တဲ့ တာတာစတန် (Tatarstan) လေကြောင်းလိုင်းမှာ ပျံသန်းနေတာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/46637
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား