img.emoticon {
padding: 0;
margin: 0;
border: 0;
}
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ICT စနစ် ဖွံ့ဖြိုးတိုးတက်ရန် JICA မှ နည်းပညာနှင့် စက်ပစ္စည်းများ ကူညီမည်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ICT စနစ် ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန်အတွက်
JICA မှ နည်းပညာနှင့် စက်ပစ္စည်းများကို ပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။
ယင်းသို့ ကူညီရန်အတွက် JICA
မှ ဂျပန်နိုင်ငံရှိ ကုမ္ပဏီသုံးခုနှင့် ချိတ်ဆက်ပေးကာ ကူညီဆောင်ရွက်
နိုင်ရန်အတွက် JICA မှ အဖွဲ့ဝင်များနှင့် MoU ရေးထိုးပြီးကာ ကျန်ရှိသည့်
အဆင့်များကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်
ဗဟိုဘဏ်မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
"ဗဟိုဘဏ်မှာရှိတဲ့ အချက်အလက်တွေကို Cloud နည်းပညာနဲ့
အသုံးပြုနိုင်ဖို့အတွက် JICA နဲ့ ညှိနှိုင်းဆွေးနွေး နေပါတယ်။ ပြီးရင်တော့
ဒီဇင်ဘာလလောက်မှာ စတင်ပြီး အကောင်အထည် ဖော်သွားဖို့ ရှိပါတယ်။ ပထမအဆင့်
အနေနဲ့ MoU ထိုးပြီးသွားပါပြီ။ နောက်ပိုင်း ကျန်ရှိနေတဲ့ အပိုင်းတွေကို
တဖြည်းဖြည်း လုပ်ကိုင်ဆောင်ရွက် သွားမှာပါ" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
JICA မှ ပံ့ပိုးကူညီမှုဖြင့်
ဆောင်ရွက်သွားမည့် ကဏ္ဍများမှာ Current Account Management, Management of
Treasury Bonds and Bill, Credit and Colateral Management နှင့်
Mechanized Clearing House စသည့် အပိုင်းများကို တာဝန်ယူ
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကူညီဆောင်ရွက်မည့်
ဂျပန်ကုမ္ပဏီ သုံးခုမှာ ဒိုင်အိဝါ သုတေသန ကုမ္ပဏီ၊ ဖူဂျီစု ကုမ္ပဏီ
လီမိတက်နှင့် ကေဒီဒီအိုင် ကော်ပိုရေးရှင်း ကုမ္ပဏီတို့ဖြစ်ပြီး
ယင်းကုမ္ပဏီသုံးခုမှာ ဒီဇိုင်းတည်ဆောက်မှုပိုင်း၊ ပစ္စည်းကိရိယာ
ပံ့ပိုးမှုပိုင်းများနှင့် အင်တာနက်ကွန်ရက် တည်ဆောက်မှု အပိုင်းများအပြင်
Hardware Software Networking ကိုပါ ချိတ်ဆက်ဆောင်ရွက်ပေးပြီး လူ့စွမ်းအား
အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လိုအပ်သည့် သင်တန်းများကိုလည်း
သက်ဆိုင်ရာ ကဏ္ဍအလိုက် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဂျပန်နိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်ရာတွင် အဓိကကျသည့် Cloud
Computing platform နှင့် အခြားတွဲဖက် စနစ်များအား အခြေခံပြီး
လုံခြုံမှုအပိုင်းနှင့် Desktop ၀န်ဆောင်မှု လုပ်ငန်းများကိုပါ
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပရောဂျက်ကို ၂၀၁၃ ဒီဇင်ဘာလမှ စတင်လုပ်ဆောင်ကာ ၂၀၁၆ ခုနှစ်တွင် အပြီးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ချိတ်ဆက်ဆောင်ရွက်မည့် Cloud နည်းပညာပေါ်တွင် အခြေခံကာ နောက်ပိုင်းတွင်
Financial Sector တစ်ခုလုံး ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
ယင်းကဆက်လက် ပြောကြားသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား