သံတွဲတွင် ပဋိပက္ခများပြန်ဖြစ် အိမ်ခြေပေါင်း ၄၀ ကျော် မီးဘေးသင့်
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဘာသာမတူသည့် လူအုပ်စုနှစ်စုကြား ဖြစ်ပွားခဲ့သော ပဋိပက္ခမှ အောက်တိုဘာ ၁ ရက် လက်ရှိအခြေအနေတွင် သံတွဲမြို့နယ် သပြုချိုင်ကျေးရွာနှင့် ပေါက်တော၊ ရွှေလှေ၊ တရော်တော အနောက်ဘက် ကျေးရွာများတွင် မီးရှို့မှုများဖြစ်ပေါ်ခဲ့ပြီး အိမ် ၄၄ လုံးခန့် မီးလောင်ကျွမ်းခဲ့သည်ဟု သံတွဲမြို့နယ်ရဲမှူးကြီး ဦးကျော်တင့်က မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။ ၎င်းက “နံနက်ပိုင်းက ကျေးရွာနှစ်ရွာမှာ မီးရှို့မှုဖြစ်ခဲ့တာပါ။ စုစုပေါင်း သပြုချိုင်ရွာမှာ ၁၄လုံး၊ ပေါက်တော နဲ့ ရွှေလှေမှာ အလုံး ၂၀လောက် လောင်သွားတယ်။ ကျူးလွန်တဲ့လူတွေကို ဥပဒေနဲ့အညီအရေးယူဖို့ ကြိုးစားနေပါတယ်။ နောက်ပြီး တရော်တော အနောက်ဘက်ကမ်းရွာမှာလဲ အိမ်ဆယ်လုံးလောက် မီးလောင်တယ်”ဟု အောက်တိုဘာ ၁ ရက် ညနေလေးနာရီခန့်တွင် ဆိုသည်။ ---

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား