ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်
ကားဂိတ်အနီး အလှူခံမဏ္ဍပ်မှ ခြေကျင်လမ်းအဆင်း လေးဖာလုံခန့်တွင် ဇူလိုင်၂၈ ရက်
မွန်းလွဲ ၁၂ နာရီခွဲက မိုးရွာသွန်းမှုများပြားပြီး မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ
ကွန်ကရစ်လမ်းအကျယ် နှစ်ပေ၊ အရှည် လေးပေခန့်နှင့် မြေသား အရှည်ပေ ၂ဝ ခန့်
ပြိုကျခဲ့သည်။ ယာဉ်ရပ်နားစခန်းရှိ ကားပါကင် အဆောက်အအုံမှာ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးများလန်ကာ လမ်းပေါ်သို့ ကျရောက်ခဲ့ပြီး
ယင်းအဆောက်အအုံပေါ်သို့ပင် လျှပ်စစ်ဓာတ်တိုင်နှစ်တိုင် လဲပြိုကျခဲ့ရာ
လျှပ်စစ်မီးများ ပြတ်တောက်ခြင်းနှင့် ကားလမ်းပိတ်ဆို့ခြင်း ဖြစ်ပွားခဲ့သည်။ အဆိုပါ
ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်စုံတစ်ဦးမျှ မရှိဘဲဂေါပကအဖွဲ့
တောင်တက်အသင်း၊ ရဲတပ်ဖွဲ့များနှင့်တာဝန်ရှိသူတို့က မြေပြိုကျရာအနီး
နေထိုင်လျက်ရှိသည့် တဲအိမ်ရှစ်လုံးမှ လူဦးရေ ၂၉ ဦးတို့အား ဘေးလွတ်ရာသို့
ရွှေ့ပြောင်းပေးခြင်း၊ ကားလမ်းများ ရှင်းလင်းခြင်းနှင့် လျှပ်စစ် မီးများအမြန်ဆုံး
ပြန်လည်ရရှိရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၃၀
ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား