Last updated at: 20.05.2013 07:49
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ
ပျံသန်းသည် (fly) စကားလုံး အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ fly off the
handle, fly by night နဲ့ on the fly တို့ကို တင်ပြထားပါတယ်။
Fly စကားလုံးအခြေခံ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ fly off the handle ဖြစ်ပါတယ်။ Fly = ပျံသည်၊ Fly ကို Off (preposition - ဝိဘတ်) နဲ့ တွဲသုံးတဲ့အခါမှာ fly off က ပျံထွက်သွားသည်၊ လွှင့်ထွက်သွားသည် ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ Handle = လက်ကိုင် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လက်ကိုင်မှ လွှင့်ထွက်သွားသည် ဖြစ်ပါတယ်။ ဒီ အမေရိကန်အသုံးအနှုန်း ဆင်းသက်လာတာကတော့ ပုဆိန်အသွားဟာ လက်ကိုင်ကနေ လွှင့်ထွက်သွားတယ်ဆိုရင် ဘယ်လောက်အန္တရာယ် ဖြစ်စေနိုင်သလဲဆိုတဲ့ အယူအဆက ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံအသုံး အဓိပ္ပါယ်ကလည်း ကိုယ့်စိတ်ကိုယ် မထိန်းနိုင်အောင် ဒေါသထွက်ခဲ့တဲ့ အဖြစ်မျိုးကို ရည်ညွှန်းတာဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ယမ်းပုံမီးကျတာ၊ စိတ်လိုက်မာန်ပါ လုပ်လိုက်တာ၊ ဒေါသအို ပေါက်ကွဲတာ၊ မြင်မြင်ရာကို ချဲဖို့ ဒေါသထွက်နေတဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John flew out the handle when he saw his teenage daughter smoking cigarettes with the group of boys.
John တယောက် ဆယ်ကျော်သက်ရွယ် သူ့သမီး ယောက်ျားလေးတစုနဲ့ ဆေးလိပ်သောက်နေတာမြင်တော့ ယမ်းပုံမီးကျ ဒေါသမီးထွက်တော့တယ်။
ဒုတိယတင်ပြပေးမယ့် စကားလုံးမှာ fly by night ဖြစ်ပါတယ်။ Fly = ပျံသည်၊ by = နှင့် ၊ Night = ည တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ညအချိန် ပျံသန်သည် ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ ညအချိန်ကျ တိတ်တစိတ် ခိုးထွက်တတ်တဲ့ အလေ့အကျင့်မျိုးက ဖြစ်တဲ့အတွက် အီဒီယံအဓိပ္ပါယ်က fly by night person ဆိုရင် စိတ်မချရတဲ့ လူမျိုး၊ အဖွဲ့အစည်းဆိုရင်လည်း စိတ်မချရတဲ့ အဖွဲ့အစည်းမျိုး၊ အခြေတကျ မရှိသေးတဲ့၊ အတိတကျ မဖြစ်သေးတဲ့ အဖွဲ့အစည်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ ဈေးဆိုင်တဆိုင်ဆိုရင်လည်း စဖွင့်ချိန်ဆိုင်မျိုး၊ စီးပွားရေး အခြေမခိုင်သေးတဲ့ဆိုင်မျိုး။ ကျမတို့ မြန်မာမှာတော့ နေ့မြင်ညပျောက်နိုင်မယ့် အနေအထားမျိုးကို ဆိုလိုပါတယ်။

The plumber we hired to repair our pipes did a very bad job. I will never trust a fly by night worker again.
ကျနော်တို့ ပိုက်ပြင်ပေးဖို့ ငှားလိုက်တဲ့ ပိုက်ပြင်သမားက ညံလိုက်တာ။ နောက်များတော့ အဲဒီလို စိတ်မချရတဲ့ အလုပ်သမားမျိုးတော့ ထပ်မငှားတော့ဘူး။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ on the fly ဖြစ်ပါတယ်။ On = အပေါ်မှာ၊ Fly = ပျံသန်သည် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  အဓိပ္ပါယ်က ပျံသန်နေတုန်းအခါ၊ လေထဲမှာ ရှိနေချိန်အခါမျိုး ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကို ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ ကြုံတော့မှ မီးစင်ကြည့်ကတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဥပမာ အားကစားပွဲမှာ ပွဲရပ်စရာမလိုဘဲ ကစားနေတုန်း ပွဲစည်းမျဉ်းတွေကို လိုရင်လိုသလို ပြောင်းနိုင်တာမျိုးကို ဆိုလိုပါတယ်။ တခါတရံလည်း တခုခုကြောင့် အလောသုံးဆယ် ဖြစ်နေလို့ ကြိုတင်မပြင်ဆင်နိုင်ဘဲ ဖြစ်လာတော့မှ ကြည့်လုပ်ရမယ့် အခြေအနေမျိုးကို on the fly လို့ ပြောဆိုနိုင်ပါတယ်။ တနည်းတော့ ဖြစ်သလို လုပ်လိုက်ရတဲ့သဘော ဖြစ်ပါတယ်။

I invited my boss to dinner tomorrow. So, we have to prepare something special. We can just cook something on the fly.
မနက်ဖြန် ကိုယ့်ဆရာသမားကို ညစာစားဖို့ ဖိတ်ကြားထားတယ်။ ဒါကြောင့် အထူးစပယ်ရှယ် တခုခုတော့ ပြင်ထားဖို့လိုမယ်။ ဖြစ်သလိုတော့ တခုခုကို ချက်ကျွေးလို့မရဘူး။

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား