Call Center ၏ ဖုန်းနံပါတ် 1875 တွင်
လိုင်းခွဲအသစ်အချို့တိုးချဲ့ထားကြောင်း သိရသည်။ အလှအပရေးရာ
အကြံပေးလိုင်းခွဲအပါအ၀င် လိုင်းခွဲအချို့အား တိုးချဲ့ထားခြင်းဖြစ်ပြီး
အလှအပရေးရာအကြံပေး၊ ဥပဒေအကြံပေး၊ တိုင်းရင်းဆေး၊
အလုပ်အကိုင်ရှာဖွေရေးလိုင်းခွဲတို့ဖြစ်ကြောင်း သိရသည်။ ယခုနှစ်မှစတင်ကာ
အလှအပရေးရာအကြံပေးလိုင်းခွဲများ၊ ဥပဒေအကြံပေးလိုင်းခွဲများကို
တိုးချဲ့ခဲ့ခြင်းဖြစ်သည်။ အလှအပရေးရာနှင့်ပတ်သက်၍ ဖုန်း – 1875-1-1-3
သို့မနက် ၈နာရီမှ ညနေ ၆ နာရီအထိ စုံစမ်းမေးမြန်းနိုင်ပြီး
အဆိုပါအလှအပရေးရာအကြံပြုလိုင်းခွဲတွင် ပြောကြားပေးသူများမှာ အလှဖန်တီးရှင်
မိတ်ကပ်လင်းလင်းမှ အလှအပရေးရာ Skin Care နှင့်
ဝက်ခြံဖြစ်ပေါ်ရခြင်းအကြောင်းများကို သင်ကြားပို့ချပေးထားသူများဖြစ်ကြောင်း
Call Center မှ တာဝန်ရှိသူကပြောသည်။ ဥပဒေရေးရာနှင့်ပတ်သက်၍ 1875-1-6 သို့
မေးမြန်းနိုင်ပြီး ဥပဒေနှင့်ပတ်သက်သောသင်တန်းများကို
ထပ်မံသင်ကြားပေးထားသူများ၊ ဥပဒေကျောင်းဆင်းများက
ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။ ဥပဒေနှင့်သက်ဆိုင်သောကိစ္စအားလုံးကို မနက် ၈
နာရီမှ ညနေ ၅နာရီအထိ မေးမြန်းနိုင်ကြောင်းသိရသည်။
တိုင်းရင်းဆေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ 1875-1-1-2 သို့ မနက် ၈
နာရီမှ ည ၈နာရီအထိ ပြောကြားပေးသွားမည်ဖြစ်ကြောင်း၊
မြန်မာတိုင်းရင်းဆေးကျောင်းမှ ဘွဲ့ရရှိထားသူများက ဖြေကြားပေးမည်ဖြစ်ကြောင်း
သိရသည်။ အလုပ်အကိုင်ရှာဖွေရေးနှင့် ပတ်သက်၍ 1875-1-3 သို့
ဆက်သွယ်မေးမြန်းနိုင်ပြီး အလုပ်လျှောက်ထားလိုသူများသည်
မိမိ၏ကိုယ်ရေးရာဇ၀င်ကို 1875 သို့ ပေးပို့၍ လျှောက်ထားနိုင်မည်ဖြစ်သည်။
လုပ်ငန်းရှင်ဘက်မှ လိုအပ်မည့်ရာထူးကို 1875 သို့ ပြောကြား၍လည်း
ဝန်ထမ်းများကိုရှာဖွေနိုင်မည်ဖြစ်ကြောင်း အင်တာဗျူးပြုလုပ်မည့်နေရာသို့
ဝန်ထမ်းများအား 1875 မှ တာဝန်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။
လုပ်ငန်းရှင်ဘက်မှ ခန့်အပ်ပေးသောဝန်ထမ်းများသည် တစ်လအတွင်း
အကြောင်းတစ်စုံတစ်ရာကြောင့် လုပ်ငန်းမှနုတ်ထွက်သွားပါက ၎င်းနုတ်ထွက်သွားသော
ဝန်ထမ်းနေရာသို့ 1875 မှ ၀န်ဆောင်မှုတစ်ကြိမ်
အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
credit to Internet Journal
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား