မြန်မာ့လယ်သမားဘ၀ မြှင့်တင်ရေး အမေရိကန် ကူညီဖို့ ဦးရွှေမန်း ပြော
Tuesday, May 7, 2013
မြန်မာ့လယ်သမားဘ၀မြှင့်တင်ရေး၊
မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ အဆင့်မြင့်စေဖို့ USAID
အနေနဲ့လည်း အားဖြည့်ကူညီပေးဖို့ ပြည်သူ့လွှတ်တော်သူရ ဦးရွှေမန်းက
တိုက်တွန်းပြောဆိုပါတယ်။ရန်ကုန်ရှိ
ပြည်သူ့လွှတ်တော် ရုံးခွဲ ( ရန်ကုန်) မှာ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပတဲ့
လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အဲဒီလို ဦးရွှေမန်းက ပြောသွားခဲ့တာပါ။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာ့လယ်သမားဘ၀ မြှင့်တင်ရေး
ရည်ရွယ်ရေးဆွဲထားတဲ့ ဥပဒေသစ်ကို ရက်ပိုင်း အတွင်း ပြီးစီးတော့မှာ
ဖြစ်တယ်လို့လည်း ဥက္ကဌ ဦးရွှေမန်း က ပြောပါတယ်။အဲဒီ
အလုပ်ရုံဆွေးနွေးပွဲကိုတော့
အမေရိကန် အစိုးရရဲ့ ထောက်ပံ့ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ USAID က ဦး
ဆောင် ကျင်းပတာဖြစ်ပြီး NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊
ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌ ဦးဌေးဦး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်
သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်အပါအ၀င် USAID က တာဝန်ရှိသူတွေ
တက်ရောက်ဆွေးနွေးခဲကြတယ်လို့ ယနေ့ ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဟာ လယ်သမားအများစု ရှိတဲ့ လယ်သမား နိုင်ငံလည်းဖြစ်လေတော့
လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ အမေရိကန် အကူအညီ အမှန်တကယ် ရမယ်ဆိုရင်တော့
မြန်မာ့ လယ်သမားဘ၀ မျှော်လင့်ချက် က တကယ့်ကို မြေကြီးက ရွှေသီးတဲ့
အခြေစိုက်မှာဖြစ်ပါတယ်။
အိမ့်သံစဉ်
ဧရာဝတီ
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား