img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, May 8, 2013

ဦီးပိုင် “၀င်ငွေခွန်” စပြီး ဆောင်ရတော့မည်

 လက်ရှိ ၂၀၁၃- ၁၄ ဘဏ္ဍာရေးနှစ်ကစ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဟာ “၀င်ငွေခွန်” စပြီး ဆောင်ရတော့မှာဖြစ်တယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူ တယောက်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ဦးပိုင်ကုမ္ပဏီဟာ စတင်ဖွဲ့စည်းစဉ်ကစ အခွန်လုံးဝ ကင်းလွတ်ခွင့်ရခ့ပြီး ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ်ရောက်မှသာ “ကုန်သွယ်လုပ်ငန်းခွန်” စ ထမ်းဆောင်တာ ဖြစ်ပါတယ်။မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ၁၉၉၀ ခုနှစ်က စ တည်ထောင်ခဲ့ပြီး တပ်မတော်သားတွေ၊ အငြိမ်းစား စစ်မှုထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ သက်သာချောင်ချိရေးအတွက် ရည်ရွယ် ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။ မူလ စတင်ရင်းနှီးမြှုပ်နှံစဉ်က ကျပ် ၁၀ ဘီလျံပဲ ရှိခဲ့ပေမယ့် နောက်ပိုင်း ငွေကြေးအင်အား အလွန်တောင့်တင်းတဲ့ လုပ်ငန်း နယ်ပယ်စုံမှာ ၀င်ရောက် လုပ်ကိုင်တဲ့ အထူးအခွင့်အရေး မျိုးစုံရတဲ့ ကုမ္ပဏီကြီးတစ်ခု အဖြစ် ရပ်တည်နေပါတယ်။

DVB TV News


No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား