အစိုးသစ်လက်ထက် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင်
၉၁၆ ကျပ် ၀န်းကျင်အထိ တက်လာပြီး ဗဟိုဘဏ်ဈေးနှုန်းနှင့် ပြင်ပငွေလဲနှုန်း
လိုက်ပါမြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိထားသော
နိုင်ငံခြားငွေကြေး လဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားသည့်
ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။
မတ် ၁၄ ရက် သိမ်ဖြူငွေလဲကောင်တာတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ
ရောင်းဈေး ၉၁၆ ကျပ်၊ ၀ယ်ဈေး ၉၀၈ ကျပ် ၀န်းကျင်သို့ မြင့်တက်ပြီး
ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၁၃ ကျပ်၊
ဝယ်ဈေး ကျပ် ၉၁၀ ၀န်းကျင်သို့ ဆက်လက်ဈေးနှုန်း မြင့်တက်လာခဲ့၍ မေ ၁၃ ရက်
(သိမ်ဖြူငွေလဲကောင်တာ) ဈေးကွက်ပေါက်ဈေးထက် ခြောက်ကျပ်ဝန်းကျင်ခန့်
မြင့်တက်လာသည်။
ယခုဖြစ်ပေါ်လာသော အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် ကျပ် ၉၀၀ အောက်
စတင်ကျဆင်းသည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာနှင့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ကျပ်
၉၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ဖူးပြီး ယခုမြင့်တက်ခဲ့သော ၉၁၆ ကျပ်နှုန်းမှာ
စံချိန်တင် မြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်က တရားဝင် ငွေလဲကောင်တာ ၂၁၀ ကျော်
ဖွင့်လှစ်ထားပြီး အဆိုပါ ငွေလဲကောင်တာများအနက် ၁၁၃ ခုကို
တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများ၊ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်
အ၀င်အထွက်များသည့် မြို့များတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို
အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate
၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင်
လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင်
လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်
နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း
ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
Weeklyeleven.com မှကူးယူဖေါ်ပြသည်
Tuesday, May 14, 2013
နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၉၁၆ ကျပ် ၀န်းကျင်အထိ တက်လာပြီး ဗဟိုဘဏ်ဈေးနှုန်းနှင့် ပြင်ပငွေလဲနှုန်း လိုက်ပါမြင့်တက်လာကြောင်း
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား