နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ ပါတီတို့သည် မေ ၅ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး ကိစ္စများကို အဓိကထား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တွေ့ဆုံမှုတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စသည့် ပါတီများ ပါဝင်ခဲ့ကာ အင်အားကြီး ပါတီနှစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့
မပါဝင်ခဲ့ပေ။ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အမျိုးသားရေး ရည်မှန်းချက်အနေဖြင့် လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်စဉ်နှင့် တန်းတူယှဉ်ပြိုင်နိုင်ခွင့်
''ကျွန်တော်တို့ ပါတီအနေနဲ့ သာသနာရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ဗုဒ္ဓဘာသာ တစ်ခုတည်းအတွက် မသုံးဘဲ ခရစ်ယာန်နဲ့ မွတ်စလင်ဘာသာတွေကိုပါ ခွဲဝေပေးဖို့၊ ဒါမှသာ ဘာသာရေး ခွဲခြားမှု မရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ပြနိုင်မယ် ဆိုတာရယ်၊ အိန္ဒိယနိုင်ငံက ဖလမ်းနဲ့ကပ်နေတဲ့ ပြည်နယ်က ချင်းရွာတစ်ရွာ မီးရှို့ခံရတဲ့ကိစ္စကို ပြည်ထောင်စု အစိုးရအနေနဲ့ တာဝန်ယူပေးဖို့ တိုက်တွန်းတာရယ် ပြောဖြစ်ခဲ့တယ်'' ဟု ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ကိုငယ်ပီးက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ၎င်းအနေဖြင့် လယ်ယာမြေ မှတ်ပုံတင်ခွင့် ကာလကို အချိန်တိုးပေးရန်နှင့် စိုက်ပျိုးစရိတ် ချေးငွေများ လယ်သမားများလက်ထဲသို့ အမှန်တကယ် ရောက်ရှိစေရန်၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် အာဏာခွဲဝေပေးမှုတွင် တိုင်းနှင့်ပြည်နယ်များ၌ အောက်ခြေဘောင်အတွင်း လုပ်သင့်လုပ်ထိုက်သည်များကိ
''သမ္မတကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်မှုတွေဟာ ကျွန်မတို့ပါတီရဲ့ ရည်မှန်းချက်နဲ့ တူတာရယ်၊ သမ္မတကြီးအနေနဲ့ ဘယ်လိုပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး
ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ၎င်းအနေဖြင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းခြင်းနှင့် ဘူးသီးတောင်၊ မောင်တော၌ စည်ပင်သာယာ လိုင်စင်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်နေသည့်အတွက် ယင်းပြဿနာမှတစ်ဆင့် ဆူပူမှုများ ပြန်ဖြစ်လာနိုင်သည် ဆိုသည်ကို တင်ပြခဲ့ကြောင်း ပြောသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား