img.emoticon { padding: 0; margin: 0; border: 0; }

Monday, May 6, 2013

ရပ်ကွက်တွင်းအရက်သိုလှောင်ခြင်းမှာလိုင်စင်စည်းကမ်းဖြင့်သိုလှောင်ခြင်းဖြစ်


မင်္ဂလာဒုံမြို့နယ်၊ ထောက် ကြံ့ဈေးရပ်ကွက်၊ ငုရွှေဝါလမ်း တွင် အရက်ဆီများနှင့် အရက် များကို ဂိုဒေါင်ဖြင့် သိုလှောင် ထားသော အိမ်တစ်အိမ်ကို စိစစ် ဆောင်ရွက်ပေးပါရန် ဟော့နယူး ဂျာနယ်တွင် အယ်ဒီတာထံ ပေးစာပါရှိလာကြောင်း သိရ သည်။
အဆိုပါငုရွှေဝါလမ်းတွင် ယစ်မျိုးလုပ်ငန်းလုပ်ကိုင်သူမှာ တစ်ဦးတည်းသာရှိပြီး ပေးစာတွင် ဖော်ပြထားသော ဓာတ်ပုံမှာ အဆိုပါလုပ်ငန်းရှင်၏ နေအိမ် ပုံလည်းမဟုတ်ကြောင်း သိရ သည်။ ယင်းပေးစာနှင့်ပတ်သက် ၍ မေ ၄ ရက်တွင် အဆိုပါ အိမ်သို့ ရဲ၊ စည်ပင်၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ၀င် ရောက်စစ်ဆေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
၎င်း ယစ်မျိုးလုပ်ငန်းမှာ ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၏ FL-6 လိုင်စင်ကို တရားဝင် ရယူကာ ဆောင်ရွက်နေသော လုပ်ငန်းဖြစ်ပြီး မြို့နယ်မီးသတ် ဦးစီးဌာန၊ စည်ပင်လုပ်ငန်းလိုင် စင်၊ ခွင့်ပြုချက်များလည်း ရရှိပြီးဖြစ်ကာ ပတ်ဝန်းကျင်နေ အိမ်များ၏ ထောက်ခံချက်များ ဖြင့် ယစ်မျိုးလိုင်စင်ရယူပြီး ဆောင်ရွက်နေသော လုပ်ငန်းဖြစ် ပါကြောင်းသိရသည်။ ထို့ပြင် အဆိုပါ နေအိမ်တွင်အရက်ချက် သည့်လုပ်ငန်းလည်း လုပ်ကိုင် ဆောင်ရွက်ခြင်းမရှိသည်ကို စစ်ဆေးရေး အဖွဲ့များကစစ်ဆေး တွေ့ရှိပြီးဖြစ်သဖြင့် ပေးစာပါ အချက်များမှာ မှားယွင်းနေ ကြောင်း သိရသည်။

ခြေမြန်တော်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား