01B23 ဆိုင်ကလုန်းမုန်တိုင်းဟာ ဆက်လက်အား ကောင်းနေပါတယ်။ ပထမပိုင်းမှာ
မြန်မာနိုင်ငံ ရှိရာ အရှေ့မြောက်ဖက်ကို ဦးတည်ရွေ့လာနေတဲ့ အတွက်
မြန်မာ့ကမ်းရိုးတန်း အတွက် urgency and emergency လုပ်ငန်းတွေ လှုပ်လှုပ်ရွရွ
ဖြစ်သွား ခဲ့ရပါတယ်။အခုတော့ မြန်မာနိုင်ငံနဲ့ဝေးရာ
အနောက်မြောက်-မြောက်အနောက်ယွန်းယွန်းကို ဦးတည်ရွေ့နေ ပါပြီ။
ဒါပေမယ့်လည်း
ဒါဟာ မေလ(၁၂)ရက်(တနင်္ဂနွေနေ့) နေ့လည်ပိုငးလောက်အထိသာ သွားမှာ ဖြစ်ပါတယ်
အဲဒီနောက်မှာတော့ အရှေ့မြောက်ဖက်ကိုြုပန်လည်ကွေ့ပြီး မြန်မာနိုင်ငံ
ရခိုင်ကမ်းရိုးတန်းမြောက်ပိုငး နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကမ်းခြေကို
ဦးတည်ရွေ့ ပါလိမ့်မယ်။မေလ(၁၅)ရက်နေ့ ညနေပိုင်းမှာ
မောင်တော(မြန်မာနိုင်ငံ) နဲ့ စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်နိုင်ငံ)
မြို့များကြားက ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့
ခန့်မှန်းထားပါတယ်။ ဖြတ်ကျော်စဉ်မှာ အင်အား ဆိုင်ကလုန်းမုန်တိုင်းအဆင့် နဲ့
ဝင်ရောက်မှာ ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီ (၉၅-၁၀၅) မိုင်
နှုန်းလောက်ရှိတဲ့ လေများတိုက်နိုင် ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း
ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇) ပေခန့် တက်နိုင်ပါတယ်။
ဒေါက်တာထွန်းလွင် (MCCW)

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား