နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမူစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျရာကဏ္ဍတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော
သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား နိုင်ငံ့ဂုဏ်ရည်ဆုများ ပေးအပ်သည့်
အခမ်းအနားကို ဧပြီလ ၃၀ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ရာ နိုင်ငံတော်
သမ္မတကိုယ်တိုင် တက်ရောက် ဆုချီးမြှင့်ပေးခဲ့သည်ကို တွေ့ရသည်။
မင်္ဂလာတရားတော်လာ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ချီးကျူးထိုက်သူကို
ချီးကျူးခြင်း၊ အသိအမှတ်ပြုထိုက် သူကို အသိအမှတ်ပြုခြင်း ဖြစ်သည့် အတွက်
နိုင်ငံတော်အတွက် မင်္ဂလာရှိလှသော သတင်းဖြစ်သည်။ ယဉ်ကျေးသော
လူ့အဖွဲ့အစည်းတစ်ခု၏ ဂုဏ်အင်္ဂါနှင့် ညီညွတ်သည့် တုံ့ပြန်မူဟုလည်း
ဆိုနိုင်သည်။
အတိတ်ကာလ နှစ်များက အစိုးရနှင့် များစွာနီးစပ်သော
လုပ်ငန်းရှင်ကြီး များနှင့် အစိုးရ၏ မူဝါဒကို ထောက်ခံသူများ ကိုသာ
ဤသို့ဆုချီးမြှင့်သည်ဟု ပြည်သူလူထုက ရှုမြင်ထားခဲ့ကြသည်။
ယခုနှစ်
ဆုချီးမြှင့်ခြင်းနှင့် ဆုချီးမြှင့်ခံ ပုဂ္ဂိုလ်များ အပေါ်တွင်မူ
ပြည်သူလူထု၏ လက်ခံ အသိအမှတ်ပြုမှုမှာ ယခင်နှစ်များ ထက်စာလျှင် များစွာ
ကွဲပြားခြားနားမှုရှိသည်။ အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်း ကာလတွင်
ကြုံရသည့် ကြမ်းတမ်းသည့် အခက်အခဲ၊ အနှောင့်အယှက် များကြားမှ
နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများ အားကူဖြည့်ဆည်းပေး ခဲ့ကြခြင်းကို
လေးစားအသိအမှတ်ပြုခြင်း ဖြစ်သည်။ ပေးအပ်သောဆုပေါင်း ဆယ့်နှစ်ဆု
ရှိသည့်အနက် စိုက်ပျိုး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းနယ်ပယ်မှ ငါးဦးအထိ
ပါဝင်နေခြင်း၊ ထုတ်ကုန်၊ ပို့ကုန်လုပ်ငန်းရှင်၊ အသေးစား၊ အလတ်စား
လုပ်ငန်းရှင်တို့ကို တစ်သီးတစ်သန့် သတ်မှတ် ချီးမြှင့်ခြင်းတို့မှာလည်း
ထူးခြားမှုရှိသည်။ အကြီးစားလုပ်ငန်းရှင် များစွာ ရှိသည့်အနက်
အခွန်အများဆုံးဆောင်သည့်ဆု ရရှိသည့် ကမ္ဘောဇဘဏ်လီမိတက် ဆိုလျှင်
ယခင်နှစ်များ ကပင် အခွန်အများဆုံးဆောင်သူ နေရာတွင် ဆက်တိုက် ဆိုသလို
ရပ်တည်လာခဲ့သူ ဖြစ်သည်။
နိုင်ငံကြီးအချို့တွင်မူ
လုပ်ငန်းပမာဏအလိုက်၊ ဝင်ငွေအလိုက် အခွန် အများဆုံးဆောင်သူ
နိုင်ငံသားများကို စိန်၊ ရွှေ၊ ငွေ၊ ပုလဲ အစရှိသည့် အဆင့်အလိုက်
သတ်မှတ်ဂုဏ်ပြုကတ်များ ထုတ်ပေးထားပြီး ထိုကတ်များဖြင့် အများနှင့်
ဆိုင်သောနေရာများတွင် အထူးအခွင့်အရေး ပေးသည်။ ဥပမာအားဖြင့် လေယာဉ်
လက်မှတ်ဝယ်လျှင် အမြင့်ဆုံးအတန်းမှ အထူးနှုန်း လျှော့ဈေးဖြင့်
ဝယ်ခွင့်ပြုခြင်း၊ သတ်မှတ်ထားသည့် ဝန်စည်စလယ်ထက် ပို၍
သယ်ဆောင်ခွင့်ပြုခြင်း၊ အခပေး ကားပါကင် များတွင် အခမဲ့
ရပ်နားခွင့်ပြုခြင်းကဲ့သို့ အထူးအခွင့်အရေးများ ပေးကာ
နောင်နှစ်များတွင်လည်း ထိုသို့ အခွန်ဆောင်လာစေရန်၊ အခြားသူများလည်း
အားကျစိတ်ဖြစ်ပေါ်ပြီး လိုလိုလားလား အခွန်ဆောင်လာစေရန် ဆွဲဆောင်လေ့ ရှိသည်။
အခွန်ရှောင်ခြင်းသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့ဖွံ့ ဖြိုးပြီး
နိုင်ငံကြီး များတွင်လည်း ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်ဖြစ်သည်။
အခွန်မရှောင်ဘဲ အခွန်ဆောင်လာကြစေရန် ဥပဒေဖြင့်သော် လည်းကောင်း
စည်းရုံးဆွဲဆောင်သော နည်းဖြင့်သော် လည်းကောင်း ပြဋ္ဌာန်းစည်းရုံးရမည်မှာ
အစိုးရ၏ တာဝန်ဖြစ်သည်။ အခွန်ထမ်းဆောင်ခြင်းနှင့် ထိုအခွန်များကို
ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်း များတွင် မည်သို့စနစ်တကျ သုံးစွဲသည်ကို
ပြည်သူလူထုအား ပြန်ကြားရေးခြင်းမှာ ဒီမိုကရေစီနိုင်ငံများရှိ အစိုးရနှင့်
ပြည်သူတို့အကြား ချည်နှောင်ထားသည့် ပဋိညာဉ် ဖြစ်သည်။
အစိုးရတို့အနေနှင့်လည်း နိုင်ငံသားများ အခွန်ဆောင်ချင်စိတ် ရှိစေရန်
နည်းလမ်းမျိုးစုံဖြင့် ဆွဲဆောင်စည်းရုံးကြသည်။
ယနေ့မြန်မာနိုင်ငံ တွင်လည်း ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလုပ်ငန်း
များတွင် အစိုးရတို့၏ စွမ်းဆောင်ရည်သာမက စွမ်းဆောင်ရည်ရှိသော အစိုးရကို
တင်မြှောက်ပေးနိုင်သည့် တာဝန်ကျေပွန်သော နိုင်ငံသားများ၏ ခံယူချက်၊
စိတ်ထားများလည်း အထူးအရေးကြီး ပါကြောင်း ပြောလိုရင်းဖြ
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား