img.emoticon {
padding: 0;
margin: 0;
border: 0;
}
မြန်မာ-ဂျပန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာ သြဂုတ်လတွင် ဖွင့်လှစ်သွားမည်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျပန်နိုင်ငံမှ JICA တို့
ပူးပေါင်း၍ တည်ထောင်သော မြန်မာ-ဂျပန် လူ့စွမ်းအား အရင်းအမြစ်
ဖွံ့ဖြိုးရေးစင်တာအား လာမည့်သြဂုတ်လတွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း
UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က မေ ၂၅ ရက်တွင် ကျင်းပသော ဂျပန်-မြန်မာ
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
"ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ
ဂျပန်နိုင်ငံက အကူအညီ ပေးနေပါတယ်။ ဥပမာ-JETRO ဆိုရင် UMFCCI နဲ့
ပူးပေါင်းပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့
သင်တန်းတွေ ပေးနေပါတယ်။ ဒီလိုပဲ UMFCCI နဲ့ JICA နဲ့ ပူးပေါင်းပြီးတော့
တည်ထောင်ထားတဲ့ မြန်မာ-ဂျပန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ ဖြိုးရေး
စင်တာဟာဆိုရင် UMFCCI အဆောက်အအုံရဲ့ ၁၁ လွှာမှာ ရှိပါတယ်။ လာမယ့် သြဂုတ်လမှာ
စတင်ပြီး ဖွင့်လှစ်သွားမှာပါ" ဟု ဦးဝင်းအောင်က ပြောကြားခဲ့သည်။
အလားတူ ဂျပန်နိုင်ငံ အနေဖြင့် အသေးစားနှင့် အလတ်စား စက်မှုလက်မှု
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အကူအညီေ ပးသွားမည်ဖြစ်ကြောင်း၊
ယင်းကဲ့သို့ ကူညီရာတွင် နည်းပညာ၊ ဈေးကွက်နှင့် ငွေကြေးတို့ပါ အကူအညီ
ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် လိုအပ်သော
ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်လာရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ
ထောက်ပံ့ပေးရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏
လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၏ ယင်းကဲ့သို့ အကူအညီ
ပေးမှုများသည် တိုင်းပြည်အတွက် အခွင့်အလမ်းကောင်းများ ဖြစ်ကြောင်းနှင့်
နှစ်နိုင်ငံ အတွေ့အကြုံများ ဖလှယ်ခြင်း၊ မျှဝေခြင်းအားဖြင့် မြန်မာနိုင်ငံ
အတွက်လည်း များစွာအကျိုးရှိကြောင်း ဦးဝင်းအောင်က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ အစိုးရနှင့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များသည် သီလ၀ါ
အထူးစီးပွားရေးဇုန်နှင့် သီလ၀ါဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများတွင်
ရင်းနှီးမြှုပ်နှံရန် အထူးစိတ်ဝင်စားမှု ရှိနေကြောင်း သိရသည်။
EMG
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား